ရွှေအိုရောင်တွေရဲ့နွေရာသီ

ရွှေအိုရောင်တွေရဲ့နွေရာသီလို့ ဗြိတိန်အခြေစိုက် Daily Mail သတင်းစာက ဆောင်းပါးတစ်ပုဒ်ရေးလာပါတယ်။ ဒီနွေဈေးကွက်မှာဖြစ်နေတဲ့ ကစားသမားအပြောင်းအရွှေ့တွေအပေါ်

သုံးသပ်ထားတာပါ။ ဈေးကွက်အတွင်း အဓိကအပြောင်းအရွှေ့တွေနဲ့ ပစ်မှတ်တွေက အသက် ၃၀ ကျော်ကစားသမားတွေဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီကစားသမားတွေကိုခေါ်ယူဖို့အတွက် ဥရောပအသင်းတွေဟာ သံသယတွေနဲ့အတူ အကဲဖြတ်သုံးသပ်နေကြရပြန်ပါတယ်။ တန်းဖိုးက ဘယ်လောက်လဲ၊ ပြန်ရောင်းလို့ရော ရပါ့မလား၊

အသင်းရဲ့အဓိက ကစားသမားတွေနဲ့ယှဉ်ရင် ဒဏ်ရာရနိုင်ချေ ဘယ်လောက်ရှိလဲ စတဲ့အချက်တွေကို စဉ်းစားနေကြရတာပါ။ တစ်ချို့ကလည်း သက်ကြီးကစားသမားတွေကို

ခေါ်ယူဖို့ စိတ်ပျက်နေကြပါပြီ။ အခုနောက်ဆုံး ဟော့နေတာက ရော်နယ်ဒိုပေါ့။ အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးက မန်ယူကနေထွက်ခွာချင်ကြောင်း သတင်းထွက်လာတဲ့နောက်

အပြောင်းအရွှေ့ရပ်ကွက်မှာ ဒီအကြောင်းကစိုးမိုးနေပါတယ်။ သူ့လိုပဲ တစ်ခြားနာမည်ကြီး ပစ်မှတ်တွေရဲ့အသက်ကိုကြည့်ပြီး Daily Mail သတင်းစာက သုံးသပ်ထားတာပါ။

အပြောင်းအရွှေ့ပြီးစီးသွားတဲ့ ကစားသမားတွေထဲမှာ မာနေး၊ ဒီမာရီယာနဲ့ ပါရီဆစ်တို့ကို ရွေးထုတ်ပြထားပါတယ်။ ဒီမာရီယာက အသက် ၃၄ နှစ်ပါ။

ပီအက်စ်ဂျီမှာ ၇ နှစ်ကြာကျင်လည်ခဲ့တဲ့နောက် ဂျူဗင်တပ်ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ အသက် ၃၀ အရွယ် မာနေးကတော့ လီဗာပူးလ်ကနေ ပေါင် ၃၅ သန်းနဲ့

ဘိုင်ယန်မြူးနစ်ကို ရောက်သွားခဲ့တာပါ။ ပါရီဆစ်က အသက် ၃၃ နှစ်ဖြစ်ပါတယ်။ အင်တာကစားသမားဟောင်းကတော့ စပါးရဲ့နွေရာသီ ပထမဆုံးကစားသမားခေါ်ယူမှုဖြစ်ခဲ့ပါတယ်။

ပြီးတော့ မန်ယူရောက်လာတဲ့ အဲရစ်ဆင်ကလည်း အသက် ၃၀ ပါ။ လက်ရှိသတင်းထွက်နေတဲ့ ကြယ်ပွင့်တွေထဲမှာ နေမာက အသက် ၃၀၊ လီဝမ်ဒေါစကီးက အသက် ၃၃ နှစ်၊

ရော်နယ်ဒိုက အသက် ၃၇ နှစ်ဆိုတော့ ရွှေအိုရောင်တွေရဲ့နွေရာသီလို့ Daily Mail သတင်းစာ ရေးလိုက်တာလည်း မှားမယ်မထင်ပါဘူး။

(zawgyi)

ေ႐ႊအိုေရာင္ေတြရဲ႕ေႏြရာသီလို႔ ၿဗိတိန္အေျခစိုက္ Daily Mail သတင္းစာက ေဆာင္းပါးတစ္ပုဒ္ေရးလာပါတယ္။ ဒီေႏြေဈးကြက္မွာျဖစ္ေနတဲ့ ကစားသမားအေျပာင္းအေ႐ႊ႕ေတြအေပၚ သုံးသပ္ထားတာပါ။

ေဈးကြက္အတြင္း အဓိကအေျပာင္းအေ႐ႊ႕ေတြနဲ႔ ပစ္မွတ္ေတြက အသက္ ၃၀ ေက်ာ္ကစားသမားေတြျဖစ္ေနတယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ ဒီကစားသမားေတြကိုေခၚယူဖို႔အတြက္ ဥေရာပအသင္းေတြဟာ

သံသယေတြနဲ႔အတူ အကဲျဖတ္သုံးသပ္ေနၾကရျပန္ပါတယ္။ တန္းဖိုးက ဘယ္ေလာက္လဲ၊ ျပန္ေရာင္းလို႔ေရာ ရပါ့မလား၊ အသင္းရဲ႕အဓိက ကစားသမားေတြနဲ႔ယွဥ္ရင္ ဒဏ္ရာရႏိုင္ေခ် ဘယ္ေလာက္ရွိလဲ

စတဲ့အခ်က္ေတြကို စဥ္းစားေနၾကရတာပါ။ တစ္ခ်ိဳ႕ကလည္း သက္ႀကီးကစားသမားေတြကို ေခၚယူဖို႔ စိတ္ပ်က္ေနၾကပါၿပီ။ အခုေနာက္ဆုံး ေဟာ့ေနတာက ေရာ္နယ္ဒိုေပါ့။

အသက္ ၃၇ ႏွစ္အ႐ြယ္တိုက္စစ္မႉးက မန္ယူကေနထြက္ခြာခ်င္ေၾကာင္း သတင္းထြက္လာတဲ့ေနာက္ အေျပာင္းအေ႐ႊ႕ရပ္ကြက္မွာ ဒီအေၾကာင္းကစိုးမိုးေနပါတယ္။

သူ႔လိုပဲ တစ္ျခားနာမည္ႀကီး ပစ္မွတ္ေတြရဲ႕အသက္ကိုၾကည့္ၿပီး Daily Mail သတင္းစာက သုံးသပ္ထားတာပါ။ အေျပာင္းအေ႐ႊ႕ၿပီးစီးသြားတဲ့ ကစားသမားေတြထဲမွာ မာေနး၊ ဒီမာရီယာနဲ႔

ပါရီဆစ္တို႔ကို ေ႐ြးထုတ္ျပထားပါတယ္။ ဒီမာရီယာက အသက္ ၃၄ ႏွစ္ပါ။ ပီအက္စ္ဂ်ီမွာ ၇ ႏွစ္ၾကာက်င္လည္ခဲ့တဲ့ေနာက္ ဂ်ဴဗင္တပ္ကိုေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။ အသက္ ၃၀ အ႐ြယ္ မာေနးကေတာ့

လီဗာပူးလ္ကေန ေပါင္ ၃၅ သန္းနဲ႔ ဘိုင္ယန္ျမဴးနစ္ကို ေရာက္သြားခဲ့တာပါ။ ပါရီဆစ္က အသက္ ၃၃ ႏွစ္ျဖစ္ပါတယ္။ အင္တာကစားသမားေဟာင္းကေတာ့ စပါးရဲ႕ေႏြရာသီ

ပထမဆုံးကစားသမားေခၚယူမႈျဖစ္ခဲ့ပါတယ္။ ၿပီးေတာ့ မန္ယူေရာက္လာတဲ့ အဲရစ္ဆင္ကလည္း အသက္ ၃၀ ပါ။ လက္ရွိသတင္းထြက္ေနတဲ့ ၾကယ္ပြင့္ေတြထဲမွာ ေနမာက အသက္ ၃၀၊

လီဝမ္ေဒါစကီးက အသက္ ၃၃ ႏွစ္၊ ေရာ္နယ္ဒိုက အသက္ ၃၇ ႏွစ္ဆိုေတာ့ ေ႐ႊအိုေရာင္ေတြရဲ႕ေႏြရာသီလို႔ Daily Mail သတင္းစာ ေရးလိုက္တာလည္း မွားမယ္မထင္ပါဘူး။