ရွှေဘောလုံးဆု ပဏာမစာရင်းထဲတောင်မပါပေမယ့် ဆုရဖို့သေချာတဲ့သူကို ခန့်မှန်းပေးလိုက်တဲ့ မက်ဆီ

ရွှေဘောလုံးဆုကို စံချိန်တင် ၇ ကြိမ်ဆွတ်ခူးထားတဲ့ မက်ဆီဟာ ဒီနှစ်ရွှေဘောလုံးဆုအတွက် ပဏာမအယောက် ၃၀ စာရင်းမှာတောင် ရွေးချယ်မခံခဲ့ရပါဘူး။ ဒီအတွက် သူ့ပရိသတ်တွေက ဒေါသတကြီးဝေဖန်ကြတာကြောင့်

ရွှေဘောလုံးဆုချီးမြှင့်တဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းကတောင် ပြန်လည်ဖြေရှင်းခဲ့ရပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေခဲ့တဲ့ အာဂျင်တီးနားကြယ်ပွင့်ဟာ လက်ရှိအချိန်မှာတော့ ရွှေဘောလုံးဆုနဲ့ အထိုက်တန်ဆုံးက

ဘန်ဇီမာသာဖြစ်ကြောင်း ဖွင့်ဟလိုက်တာပါ။ “ ဒီနှစ်မှာတော့ ရွှေဘောလုံးဆုကို အငြင်းပွားစရာမရှိအောင် ဆွတ်ခူးနိုင်ဖို့အထိုက်တန်ဆုံးသူက ဘန်ဇီမာလို့ ကျွန်တော်ထင်ပါတယ်။ ၂၀၂၂ မှာ သူ့ရဲ့စွမ်းဆောင်မှုတွေက

အကောင်းဆုံးဖြစ်ခဲ့တာ သိသာပါတယ်။ အထူးသဖြင့် ချန်ပီယံလိဂ်ပါပဲ။ ၁၆ သင်းရှုံးထွက်အဆင့်ကစပြီး အဆုံးအဖြတ်ဂိုးတွေ သူသွင်းပေးခဲ့သလို ရီးရဲလ်ကို ချန်ပီယံဖြစ်အောင် အဓိကကူညီပေးခဲ့သူဖြစ်ပါတယ်။

သူရသင့်တာ သံသယဖြစ်စရာမရှိပါဘူး ” လို့ မက်ဆီက ပြောလိုက်တာပါ။ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ရီးရဲလ်အတွက် ပြိုင်ပွဲစုံမှာ ၄၄ ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဂိုးဖန်တီးမှုလည်း ၁၅ ကြိမ်လုပ်ပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်သွင်းဂိုး ၁၅ ဂိုးရှိခဲ့တာပါ။ တနည်းအားဖြင့် ချန်ပီယံလိဂ်ဖလားနဲ့ လာလီဂါဖလားကို ရီးရဲလ်ဆွတ်ခူးနိုင်ခဲ့ရာမှာ သူ့ရဲ့သွင်းဂိုးတွေက

အဓိကကျခဲ့ပါတယ်။ ဘန်ဇီမာဟာ ရွှေဘောလုံးဆုရဖို့ ရေပန်းစားနေသလို ယူအီးအက်ဖ်အေအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင် ၃ ဦးစာရင်းမှာလည်း ရွေးချယ်ခံထားရပါတယ်။

(zawgyi)

ေ႐ႊေဘာလုံးဆုကို စံခ်ိန္တင္ ၇ ႀကိမ္ဆြတ္ခူးထားတဲ့ မက္ဆီဟာ ဒီႏွစ္ေ႐ႊေဘာလုံးဆုအတြက္ ပဏာမအေယာက္ ၃၀ စာရင္းမွာေတာင္ ေ႐ြးခ်ယ္မခံခဲ့ရပါဘူး။ ဒီအတြက္ သူ႔ပရိသတ္ေတြက

ေဒါသတႀကီးေဝဖန္ၾကတာေၾကာင့္ ေ႐ႊေဘာလုံးဆုခ်ီးျမႇင့္တဲ့ ျပင္သစ္ေဘာလုံးမဂၢဇင္းကေတာင္ ျပန္လည္ေျဖရွင္းခဲ့ရပါေသးတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ႏႈတ္ဆိတ္ေနခဲ့တဲ့

အာဂ်င္တီးနားၾကယ္ပြင့္ဟာ လက္ရွိအခ်ိန္မွာေတာ့ ေ႐ႊေဘာလုံးဆုနဲ႔ အထိုက္တန္ဆုံးက ဘန္ဇီမာသာျဖစ္ေၾကာင္း ဖြင့္ဟလိုက္တာပါ။ “ ဒီႏွစ္မွာေတာ့ ေ႐ႊေဘာလုံးဆုကို အျငင္းပြားစရာမရွိေအာင္ ဆြတ္ခူးႏိုင္ဖို႔အထိုက္တန္ဆုံးသူက

ဘန္ဇီမာလို႔ ကြၽန္ေတာ္ထင္ပါတယ္။ ၂၀၂၂ မွာ သူ႔ရဲ႕စြမ္းေဆာင္မႈေတြက အေကာင္းဆုံးျဖစ္ခဲ့တာ သိသာပါတယ္။ အထူးသျဖင့္ ခ်န္ပီယံလိဂ္ပါပဲ။ ၁၆ သင္းရႈံးထြက္အဆင့္ကစၿပီး အဆုံးအျဖတ္ဂိုးေတြ

သူသြင္းေပးခဲ့သလို ရီးရဲလ္ကို ခ်န္ပီယံျဖစ္ေအာင္ အဓိကကူညီေပးခဲ့သူျဖစ္ပါတယ္။ သူရသင့္တာ သံသယျဖစ္စရာမရွိပါဘူး ” လို႔ မက္ဆီက ေျပာလိုက္တာပါ။ အသက္ ၃၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဘန္ဇီမာဟာ

ၿပီးခဲ့တဲ့ရာသီတုန္းက ရီးရဲလ္အတြက္ ၿပိဳင္ပြဲစုံမွာ ၄၄ ဂိုး သြင္းေပးႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ဂိုးဖန္တီးမႈလည္း ၁၅ ႀကိမ္လုပ္ေပးႏိုင္ခဲ့သလို ခ်န္ပီယံလိဂ္သြင္းဂိုး ၁၅ ဂိုးရွိခဲ့တာပါ။ တနည္းအားျဖင့္ ခ်န္ပီယံလိဂ္ဖလားနဲ႔

လာလီဂါဖလားကို ရီးရဲလ္ဆြတ္ခူးႏိုင္ခဲ့ရာမွာ သူ႔ရဲ႕သြင္းဂိုးေတြက အဓိကက်ခဲ့ပါတယ္။ ဘန္ဇီမာဟာ ေ႐ႊေဘာလုံးဆုရဖို႔ ေရပန္းစားေနသလို ယူအီးအက္ဖ္ေအအေကာင္းဆုံးကစားသမားဆုအတြက္ ဆန္ကာတင္ ၃ ဦးစာရင္းမွာလည္း ေ႐ြးခ်ယ္ခံထားရပါတယ္။