ရွှေဘောလုံးဆု ပဏာမစာရင်းမှာ မက်ဆီမပါဘဲ ရော်နယ်ဒိုပါနေရတဲ့အကြောင်း ပြင်သစ်ဘောလုံးမဂ္ဂဇင်း ရှင်းလင်းခဲ့ရ

ရွှေဘောလုံးဆုအတွက် ပဏာမအယောက် ၃၀ စာရင်းမှာ မက်ဆီမပါတာနဲ့ပတ်သက်ပြီး ပြင်သစ်ဘောလုံးမဂ္ဂဇင်းက အကြောင်းပြချက်တွေနဲ့ရှင်းလင်းခဲ့ရပါတယ်။ မက်ဆီဟာ ရွှေဘောလုံးဆုကို စံချိန်တင် ၇ ကြိမ်ဆွတ်ခူးထားသူဖြစ်သလို

လက်ရှိအကောင်းဆုံးဆုရှင်ပါ။ ဒါပေမဲ့ ဒီနှစ်ပဏာမစာရင်းမှာတောင် ရွေးချယ်မခံရတဲ့နောက် ပရိသတ်တွေ ပွဲဆူကုန်ကြပါတယ်။ ဒါကြောင့် ဒီဆုကို ၁၉၅၆ ခုနှစ်ကတည်းက ချီးမြှင့်ခဲ့တဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းဟာ

ပြန်လည်ဖြေရှင်းမှုလုပ်ခဲ့ရပါတော့တယ်။ ပြင်သစ်နာမည်ကြီးသတင်းစာ L’Equipe ရဲ့ဝက်ဘ်ဆိုက်မှာ ပရိသတ်မေးခွန်းတွေကို ပြန်ဖြေတဲ့ပုံစံနဲ့ ဖြေရှင်းခဲ့တာပါ။ “ မက်ဆီဟာ ၂၀၀၆ ခုနှစ်ကတည်းက ဒီစာရင်းမှာ ၁၅ ကြိမ်ဆက်တိုက် ပါဝင်ခဲ့သူပါ။

ပြီးတော့ ၇ ကြိမ် စံချိန်တင်ရရှိထားတဲ့ လက်ရှိအကောင်းဆုံးဆုရှင်ဖြစ်ပါတယ်။ ဒါကြောင့် ပဏာမစာရင်းအတွက် သူ့ကိုချန်လှပ်ခဲ့ရတာဟာ သိပ်ကိုတာဝန်ကြီးခဲ့ပါတယ်။ ဒါပေမဲ့ မက်ဆီဟာ စံချိန်စံညွှန်းသတ်မှတ်ချက်တွေနဲ့

မကိုက်ညီခဲ့ပါဘူး။ ဒီဆုဟာ တစ်နှစ်တာအတွက်အဟုတ်ဘဲ တစ်ရာသီအတွက် သတ်မှတ်တာဖြစ်လို့ သူရခဲ့တဲ့ ကိုပါအမေရိကဖလားက အကျူံးမဝင်တော့ပါဘူး။ သူ့ရဲ့ပီအက်စ်ဂျီကစားသမားဘ၀ ပထမရာသီကလည်း

စိတ်ပျက်စရာဖြစ်ခဲ့တယ်ဆိုတာ ဝန်ခံရမှာပါ ” လို့ ဖြေရှင်းသွားခဲ့ပါတယ်။ ဒါ့အပြင် ပဏာမစာရင်းမှာ ရော်နယ်ဒို ပါဝင်နေတာကိုလည်း ရှင်းပြသွားခဲ့ပါသေးတယ်။ ပေါ်တူဂီအတွက် ထာဝရဂိုးအများဆုံးသွင်းသူဖြစ်ခဲ့တာ၊

မန်ယူအတွက် ချန်ပီယံလိဂ်နဲ့ပရီးမီးယားလိဂ်မှာ အရေးပါတဲ့ဂိုးတွေ သွင်းပေးခဲ့တာ၊ ပြိုင်ပွဲစုံ ၄၉ ပွဲမှာ ၃၂ ဂိုး သွင်းနိုင်ခဲ့တာက လုံလောက်တဲ့အကြောင်းပြချက်တွေဖြစ်ကြောင်း ဖြေရှင်းသွားခဲ့တာပါ။

(zawgyi)

ေ႐ႊေဘာလုံးဆုအတြက္ ပဏာမအေယာက္ ၃၀ စာရင္းမွာ မက္ဆီမပါတာနဲ႔ပတ္သက္ၿပီး ျပင္သစ္ေဘာလုံးမဂၢဇင္းက အေၾကာင္းျပခ်က္ေတြနဲ႔ရွင္းလင္းခဲ့ရပါတယ္။ မက္ဆီဟာ ေ႐ႊေဘာလုံးဆုကို စံခ်ိန္တင္ ၇ ႀကိမ္ဆြတ္ခူးထားသူျဖစ္သလို

လက္ရွိအေကာင္းဆုံးဆုရွင္ပါ။ ဒါေပမဲ့ ဒီႏွစ္ပဏာမစာရင္းမွာေတာင္ ေ႐ြးခ်ယ္မခံရတဲ့ေနာက္ ပရိသတ္ေတြ ပြဲဆူကုန္ၾကပါတယ္။ ဒါေၾကာင့္ ဒီဆုကို ၁၉၅၆ ခုႏွစ္ကတည္းက ခ်ီးျမႇင့္ခဲ့တဲ့ ျပင္သစ္ေဘာလုံးမဂၢဇင္းဟာ

ျပန္လည္ေျဖရွင္းမႈလုပ္ခဲ့ရပါေတာ့တယ္။ ျပင္သစ္နာမည္ႀကီးသတင္းစာ L’Equipe ရဲ႕ဝက္ဘ္ဆိုက္မွာ ပရိသတ္ေမးခြန္းေတြကို ျပန္ေျဖတဲ့ပုံစံနဲ႔ ေျဖရွင္းခဲ့တာပါ။ “ မက္ဆီဟာ ၂၀၀၆ ခုႏွစ္ကတည္းက ဒီစာရင္းမွာ ၁၅ ႀကိမ္ဆက္တိုက္ ပါဝင္ခဲ့သူပါ။

ၿပီးေတာ့ ၇ ႀကိမ္ စံခ်ိန္တင္ရရွိထားတဲ့ လက္ရွိအေကာင္းဆုံးဆုရွင္ျဖစ္ပါတယ္။ ဒါေၾကာင့္ ပဏာမစာရင္းအတြက္ သူ႔ကိုခ်န္လွပ္ခဲ့ရတာဟာ သိပ္ကိုတာဝန္ႀကီးခဲ့ပါတယ္။ ဒါေပမဲ့ မက္ဆီဟာ စံခ်ိန္စံၫႊန္းသတ္မွတ္ခ်က္ေတြနဲ႔ မကိုက္ညီခဲ့ပါဘူး။

ဒီဆုဟာ တစ္ႏွစ္တာအတြက္အဟုတ္ဘဲ တစ္ရာသီအတြက္ သတ္မွတ္တာျဖစ္လို႔ သူရခဲ့တဲ့ ကိုပါအေမရိကဖလားက အက်ဴံးမဝင္ေတာ့ပါဘူး။ သူ႔ရဲ႕ပီအက္စ္ဂ်ီကစားသမားဘ၀ ပထမရာသီကလည္း စိတ္ပ်က္စရာျဖစ္ခဲ့တယ္ဆိုတာ ဝန္ခံရမွာပါ ” လို႔

ေျဖရွင္းသြားခဲ့ပါတယ္။ ဒါ့အျပင္ ပဏာမစာရင္းမွာ ေရာ္နယ္ဒို ပါဝင္ေနတာကိုလည္း ရွင္းျပသြားခဲ့ပါေသးတယ္။ ေပၚတူဂီအတြက္ ထာဝရဂိုးအမ်ားဆုံးသြင္းသူျဖစ္ခဲ့တာ၊ မန္ယူအတြက္ ခ်န္ပီယံလိဂ္နဲ႔ပရီးမီးယားလိဂ္မွာ

အေရးပါတဲ့ဂိုးေတြ သြင္းေပးခဲ့တာ၊ ၿပိဳင္ပြဲစုံ ၄၉ ပြဲမွာ ၃၂ ဂိုး သြင္းႏိုင္ခဲ့တာက လုံေလာက္တဲ့အေၾကာင္းျပခ်က္ေတြျဖစ္ေၾကာင္း ေျဖရွင္းသြားခဲ့တာပါ။