ရွှေဘောလုံးဆု ဆန်ကာတင် ၃ ဦးစာရင်းမှာ ကိုယ့်ကိုယ်ကိုထည့်လိုက်တဲ့အထိ အတင့်ရဲလာတဲ့ အမ်ဘာပီ

ရွှေဘောလုံးဆုအတွက် ပဏာမအယောက် ၃၀ စာရင်းထွက်လာတဲ့နောက် ပြင်သစ်နာမည်ကျော်သတင်းစာ L’Equipe က အမ်ဘာပီကို အင်တာဗျူးခဲ့ပါတယ်။ အားလုံးသိတဲ့အတိုင်း မက်ဆီမပါတဲ့

ဒီနှစ် ပဏာမစာရင်းဟာ အတော်လေး လူပြောများနေတာပါ။ ဒါပေမဲ့ အမ်ဘာပီကလည်း ဆန်ကာတင် ၃ ဦးစာရင်းရောက်နိုင်တဲ့သူတွေကို ရွေးချယ်ရာမှာ သူ့ရဲ့ပီအက်စ်ဂျီအသင်းဖော်ကို ချန်လှပ်ထားခဲ့ပါတယ်။

ပြီးတော့ သူကိုယ့်ကိုယ်သူ ရွေးသွားခဲ့တာပါ။ “ ကျွန်တော့်ရဲ့ထိပ်ဆုံး ၃ ယောက်လား။ ဘန်ဇီမာ၊ ကျွန်တော်ကိုယ်တိုင်နဲ့ မာနေးလို့ ပြောလို့ရပါတယ်။ ပြောရမယ်ဆိုရင်တော့ ဒီနှစ်က ဘန်ဇီမာရဲ့နှစ်ပါပဲ။

သူက ၃၄ နှစ်ရှိနေပါပြီ။ နောက်ထပ်ချန်ပီယံလိဂ်ဖလားတစ်လုံးရခဲ့ပြီး မကြာခဏဆိုသလို အဆုံးအဖြတ်ဂိုးတွေ သွင်းတတ်သူပါ။ ကျွန်တော်သာ ဘန်ဇီမာဖြစ်လို့ကတော့ ဒီဆုကိုမရရင်

ရွှေဘောလုံးအကြောင်း ဘယ်တော့မှ မတွေးတော့ပါဘူး။ ကျွန်တော်အနေနဲ့ပြောရရင်တော့ ရွှေဘောလုံးဆုကို အမြန်ဆုံးရချင်ပါတယ်။ ဝန်ခံတဲ့သူအများကြီးမရှိပေမယ့် ဒီဆုကို အတော်များများလိုချင်ကြပါတယ်။

အခက်ခဲဆုံးက ပထမဆုံးအကြိမ် ရယူနိုင်ဖို့ပဲလို့ ကျွန်တော်ယုံကြည်နေတုန်းပါ ” လို့ အမ်ဘာပီက ဖွင့်ဟသွားခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်ကတည်းက ဒီဆုကို မက်ဆီနဲ့ရော်နယ်ဒိုသာ လွှမ်းမိုးခဲ့တာပါ။

နောက်ဆုံး ၁၄ နှစ်အတွင်းမှာ သူတို့နှစ်ယောက်လွဲတာဆိုလို့ တစ်ကြိမ်သာရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ မက်ဆီက ပဏာမစာရင်းထဲတောင် မပါသလို ရော်နယ်ဒိုကလည်း ကျန်တဲ့ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်မယ့်မှတ်တမ်းမျိုး မရှိပါဘူး။

(zawgyi)

ေ႐ႊေဘာလုံးဆုအတြက္ ပဏာမအေယာက္ ၃၀ စာရင္းထြက္လာတဲ့ေနာက္ ျပင္သစ္နာမည္ေက်ာ္သတင္းစာ L’Equipe က အမ္ဘာပီကို အင္တာဗ်ဴးခဲ့ပါတယ္။ အားလုံးသိတဲ့အတိုင္း မက္ဆီမပါတဲ့

ဒီႏွစ္ ပဏာမစာရင္းဟာ အေတာ္ေလး လူေျပာမ်ားေနတာပါ။ ဒါေပမဲ့ အမ္ဘာပီကလည္း ဆန္ကာတင္ ၃ ဦးစာရင္းေရာက္ႏိုင္တဲ့သူေတြကို ေ႐ြးခ်ယ္ရာမွာ သူ႔ရဲ႕ပီအက္စ္ဂ်ီအသင္းေဖာ္ကို ခ်န္လွပ္ထားခဲ့ပါတယ္။

ၿပီးေတာ့ သူကိုယ့္ကိုယ္သူ ေ႐ြးသြားခဲ့တာပါ။ “ ကြၽန္ေတာ့္ရဲ႕ထိပ္ဆုံး ၃ ေယာက္လား။ ဘန္ဇီမာ၊ ကြၽန္ေတာ္ကိုယ္တိုင္နဲ႔ မာေနးလို႔ ေျပာလို႔ရပါတယ္။ ေျပာရမယ္ဆိုရင္ေတာ့ ဒီႏွစ္က ဘန္ဇီမာရဲ႕ႏွစ္ပါပဲ။

သူက ၃၄ ႏွစ္ရွိေနပါၿပီ။ ေနာက္ထပ္ခ်န္ပီယံလိဂ္ဖလားတစ္လုံးရခဲ့ၿပီး မၾကာခဏဆိုသလို အဆုံးအျဖတ္ဂိုးေတြ သြင္းတတ္သူပါ။ ကြၽန္ေတာ္သာ ဘန္ဇီမာျဖစ္လို႔ကေတာ့ ဒီဆုကိုမရရင္

ေ႐ႊေဘာလုံးအေၾကာင္း ဘယ္ေတာ့မွ မေတြးေတာ့ပါဘူး။ ကြၽန္ေတာ္အေနနဲ႔ေျပာရရင္ေတာ့ ေ႐ႊေဘာလုံးဆုကို အျမန္ဆုံးရခ်င္ပါတယ္။ ဝန္ခံတဲ့သူအမ်ားႀကီးမရွိေပမယ့္ ဒီဆုကို အေတာ္မ်ားမ်ားလိုခ်င္ၾကပါတယ္။

အခက္ခဲဆုံးက ပထမဆုံးအႀကိမ္ ရယူႏိုင္ဖို႔ပဲလို႔ ကြၽန္ေတာ္ယုံၾကည္ေနတုန္းပါ ” လို႔ အမ္ဘာပီက ဖြင့္ဟသြားခဲ့ပါတယ္။ ၂၀၀၈ ခုႏွစ္ကတည္းက ဒီဆုကို မက္ဆီနဲ႔ေရာ္နယ္ဒိုသာ လႊမ္းမိုးခဲ့တာပါ။ ေနာက္ဆုံး ၁၄ ႏွစ္အတြင္းမွာ

သူတို႔ႏွစ္ေယာက္လြဲတာဆိုလို႔ တစ္ႀကိမ္သာရွိခဲ့ပါတယ္။ ဒါေပမဲ့ ဒီႏွစ္မွာေတာ့ မက္ဆီက ပဏာမစာရင္းထဲေတာင္ မပါသလို ေရာ္နယ္ဒိုကလည္း က်န္တဲ့ၿပိဳင္ဘက္ေတြကို ေက်ာ္ျဖတ္ႏိုင္မယ့္မွတ္တမ္းမ်ိဳး မရွိပါဘူး။