ရွှေဖိနပ်ဆုအတွက် ကျေးဇူးအတင်ထိုက်ဆုံးသူကို ဆွန်ဟောင်မင်ဖွင့်ဟ

စပါးတိုက်စစ်မှူးဆွန်ဟောင်မင်ကတော့ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ဆွတ်ခူးနိုင်ခဲ့ရာမှာ အရေးအကြီးဆုံး ကျေးဇူးရှင်တစ်ယောက်အကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

ကိုရီးယားသားဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို လီဗာပူးလ်တိုက်စစ်မှူးဆာလက်နဲ့အတူ ပူးတွဲရရှိခဲ့တာပါ။ ဒါပေမဲ့ နောက်ဆုံးပွဲစဉ်မတိုင်ခင်အထိတော့ သူဟာ

အီဂျစ်နတ်ဘုရားနောက်မှာ တစ်ဂိုးလျော့နည်းနေခဲ့တာဖြစ်ပါတယ်။ ပွဲစဉ် ၃၈ မှာ ဆာလက်က ဝုဗ်ကိုတစ်ဂိုးထပ်သွင်းလိုက်တာကြောင့် ဆွန်ဟောင်မင်အတွက် အနိမ့်ဆုံး ၂ ဂိုးသွင်းဖို့လိုအပ်ခဲ့ပါတယ်။

ဒါပေမဲ့ နောဝှစ်ချ်ကို ၅ ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ နောက်ဆုံး ၂ ဂိုးလုံးကို ကိုရီးယားသား သွင်းယူနိုင်ခဲ့ပါတယ်။

ဒါဟာ နည်းပြကွန်တီရဲ့တိုက်တွန်းမှုကြောင့်လို့ အသက် ၂၉ နှစ်အရွယ်တိုက်စစ်မှူးက ဖွင့်ဟလိုက်တာပါ။ “ ကွန်တီက ပထမပိုင်းအပြီးမှာ .. မင်းတို့ ဆွန်ကိုကူညီကြပါ၊

ရွှေဖိနပ်ဆုအတွက် သူဂိုးသွင်းနိုင်ဖို့လိုတယ်လို့ ပြောခဲ့ပါတယ် ” လို့ ဆွန်ဟောင်မင်က ကျေးဇူးတင်စကားပြောသွားခဲ့ပါတယ်။ သူဟာ ပွဲချိန် ၇၀ နဲ့ ၇၅ မိနစ်မှာ ဂိုးတွေသွင်းနိုင်ခဲ့တာပါ။

ဒါကြောင့် သွင်းဂိုး ၂၃ ဂိုးနဲ့ ပရီးမီးယားလိဂ်ပူးတွဲရွှေဖိနပ်ဆုရှင်ဖြစ်ခဲ့ပြီး အာရှသားတွေထဲမှာတော့ ဒီလိုစွမ်းဆောင်နိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

(zawgyi)

စပါးတိုက္စစ္မႉးဆြန္ေဟာင္မင္ကေတာ့ ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆု ဆြတ္ခူးႏိုင္ခဲ့ရာမွာ အေရးအႀကီးဆုံး ေက်းဇူးရွင္တစ္ေယာက္အေၾကာင္း ဖြင့္ဟလာခဲ့ပါတယ္။

ကိုရီးယားသားဟာ ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုကို လီဗာပူးလ္တိုက္စစ္မႉးဆာလက္နဲ႔အတူ ပူးတြဲရရွိခဲ့တာပါ။ ဒါေပမဲ့ ေနာက္ဆုံးပြဲစဥ္မတိုင္ခင္အထိေတာ့ သူဟာ အီဂ်စ္နတ္ဘုရားေနာက္မွာ တစ္ဂိုးေလ်ာ့နည္းေနခဲ့တာျဖစ္ပါတယ္။

ပြဲစဥ္ ၃၈ မွာ ဆာလက္က ဝုဗ္ကိုတစ္ဂိုးထပ္သြင္းလိုက္တာေၾကာင့္ ဆြန္ေဟာင္မင္အတြက္ အနိမ့္ဆုံး ၂ ဂိုးသြင္းဖို႔လိုအပ္ခဲ့ပါတယ္။ ဒါေပမဲ့ ေနာဝွစ္ခ်္ကို ၅ ဂိုးျပတ္အႏိုင္ရတဲ့ပြဲမွာ ေနာက္ဆုံး ၂ ဂိုးလုံးကို ကိုရီးယားသား သြင္းယူႏိုင္ခဲ့ပါတယ္။

ဒါဟာ နည္းျပကြန္တီရဲ႕တိုက္တြန္းမႈေၾကာင့္လို႔ အသက္ ၂၉ ႏွစ္အ႐ြယ္တိုက္စစ္မႉးက ဖြင့္ဟလိုက္တာပါ။ “ ကြန္တီက ပထမပိုင္းအၿပီးမွာ .. မင္းတို႔ ဆြန္ကိုကူညီၾကပါ၊

ေ႐ႊဖိနပ္ဆုအတြက္ သူဂိုးသြင္းႏိုင္ဖို႔လိုတယ္လို႔ ေျပာခဲ့ပါတယ္ ” လို႔ ဆြန္ေဟာင္မင္က ေက်းဇူးတင္စကားေျပာသြားခဲ့ပါတယ္။ သူဟာ ပြဲခ်ိန္ ၇၀ နဲ႔ ၇၅ မိနစ္မွာ ဂိုးေတြသြင္းႏိုင္ခဲ့တာပါ။

ဒါေၾကာင့္ သြင္းဂိုး ၂၃ ဂိုးနဲ႔ ပရီးမီးယားလိဂ္ပူးတြဲေ႐ႊဖိနပ္ဆုရွင္ျဖစ္ခဲ့ၿပီး အာရွသားေတြထဲမွာေတာ့ ဒီလိုစြမ္းေဆာင္ႏိုင္တဲ့ ပထမဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္သြားခဲ့ပါတယ္။