ရွန်နီရဲ့ သွင်းဂိုးစံချိန်ကို အမီလိုက်နိုင်ခဲ့ပေမယ့် ကွာတားဖိုင်နယ်က ထွက်ခဲ့ရလို့ စိတ်ပျက်စရာဖြစ်ခဲ့ရတဲ့ ဟယ်ရီကိန်း

အင်္ဂလန်အသင်းတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဂန္ထဝင်တိုက်စစ်မှူးရွန်နီရဲ့ လက်ရွေးစင်

အသင်းအတွက် သွင်းဂိုးအများဆုံးစံချိန်နဲ့ တူညီသွားပြီဖြစ်ပါတယ်။ ပြင်သစ်အသင်းနဲ့
ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲမှာ ဟယ်ရီကိန်းက ပယ်နယ်တီကနေ ဂိုးသွင်းခဲ့ပြီး
ဒါက သူ့ရဲ့ လက်ရွေးစင်ကစားသမားဘ၀ (၅၃)ဂိုးမြောက်ဖြစ်တာကြောင့် ရွန်နီရဲ့
သွင်းဂိုးအရေအတွက်ကို အမီလိုက်နိုင်ခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ လက်ရွေးစင်ကစားသမားဘဝ၊ ကမ္ဘာ့ဖလားပြိုင်ပွဲ(၂)ကြိမ်အတွင်း
ပယ်နယ်တီကနေ (၄)ဂိုးအထိသွင်းယူခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပယ်နယ်တီသွင်းဂိုး
အများဆုံးအဖြစ်ပါ စံချိန်တင်ခဲ့ပါတယ်။

ဒါ့အပြင် ဟယ်ရီကိန်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ(၂)ကြိမ်အတွင်း အင်္ဂလန်အသင်းခေါင်းဆောင်
အဖြစ် (၁၁)ပွဲအထိ တာဝန်ယူခဲ့ရပြီး အမျိုးသားလက်ရွေးစင်အသင်းအတွက်

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပွဲအများဆုံးကစားသူဖြစ်လာခဲ့ပါတယ်။

ဟယ်ရီကိန်းအနေနဲ့ ဂန္ထဝင်တိုက်စစ်မှူး ရွန်နီရဲ့ လက်ရွေးစင်သွင်းဂိုးစံချိန်ကို အမီလိုက်နိုင်ခဲ့တာက

ဂုဏ်ယူစရာဖြစ်ပေမယ့်လည်း ပြင်သစ်နဲ့ပွဲမှာ အရေးပါတဲ့ ပယ်နယ်တီ လွဲချော်ခဲ့တာကြောင့်
(၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့အတွက် ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခဲ့ရပြီဖြစ်ပါတယ်။

အခုရှုံးပွဲနဲ့အတူ အင်္ဂလန်အသင်းဟာလည်း စိတ်ပျက်စရာမှတ်တမ်းဆိုးတွေ ပိုင်ဆိုင်ခဲ့ရပြီး
ကမ္ဘာ့ဖလားပြိုင်ပွဲကနေ လှည့်ပြန်ခဲ့ရပါတယ်။ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ
သမိုင်းတစ်လျှောက် ပထမပိုင်းအပြီး (၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ (၉)ပွဲမှာ တစ်ပွဲမှ မနိုင်ခဲ့ဘဲ
(၂)ပွဲသရေ၊ (၇)ပွဲရှုံးနိမ့်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်တို့ ကွာတားဖိုင်နယ်ကနေ
ထွက်ခဲ့ရတာက (၇)ကြိမ်အထိရှိလာပြီး ဒါဟာ ပြိုင်ပွဲသမိုင်းတစ်လျှောက် အကြိမ်

အများဆုံးလည်းဖြစ်ခဲ့ပါတယ်။

[Zawgyi]

အဂၤလန္အသင္းတိုက္စစ္မႉး ဟယ္ရီကိန္းဟာ ဂႏၴဝင္တိုက္စစ္မႉး႐ြန္နီရဲ႕ လက္ေ႐ြးစင္

အသင္းအတြက္ သြင္းဂိုးအမ်ားဆုံးစံခ်ိန္နဲ႔ တူညီသြားၿပီျဖစ္ပါတယ္။ ျပင္သစ္အသင္းနဲ႔
ကစားခဲ့တဲ့ ကြာတားဖိုင္နယ္ပြဲမွာ ဟယ္ရီကိန္းက ပယ္နယ္တီကေန ဂိုးသြင္းခဲ့ၿပီး
ဒါက သူ႔ရဲ႕ လက္ေ႐ြးစင္ကစားသမားဘ၀ (၅၃)ဂိုးေျမာက္ျဖစ္တာေၾကာင့္ ႐ြန္နီရဲ႕
သြင္းဂိုးအေရအတြက္ကို အမီလိုက္ႏိုင္ခဲ့ပါတယ္။

ဟယ္ရီကိန္းဟာ လက္ေ႐ြးစင္ကစားသမားဘဝ၊ ကမာၻ႔ဖလားၿပိဳင္ပြဲ(၂)ႀကိမ္အတြင္း
ပယ္နယ္တီကေန (၄)ဂိုးအထိသြင္းယူခဲ့ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပယ္နယ္တီသြင္းဂိုး
အမ်ားဆုံးအျဖစ္ပါ စံခ်ိန္တင္ခဲ့ပါတယ္။

ဒါ့အျပင္ ဟယ္ရီကိန္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲ(၂)ႀကိမ္အတြင္း အဂၤလန္အသင္းေခါင္းေဆာင္
အျဖစ္ (၁၁)ပြဲအထိ တာဝန္ယူခဲ့ရၿပီး အမ်ိဳးသားလက္ေ႐ြးစင္အသင္းအတြက္

ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အသင္းေခါင္းေဆာင္အျဖစ္ ပြဲအမ်ားဆုံးကစားသူျဖစ္လာခဲ့ပါတယ္။

ဟယ္ရီကိန္းအေနနဲ႔ ဂႏၴဝင္တိုက္စစ္မႉး ႐ြန္နီရဲ႕ လက္ေ႐ြးစင္သြင္းဂိုးစံခ်ိန္ကို အမီလိုက္ႏိုင္ခဲ့တာက

ဂုဏ္ယူစရာျဖစ္ေပမယ့္လည္း ျပင္သစ္နဲ႔ပြဲမွာ အေရးပါတဲ့ ပယ္နယ္တီ လြဲေခ်ာ္ခဲ့တာေၾကာင့္
(၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့အတြက္ ကြာတားဖိုင္နယ္အဆင့္ကေန ထြက္ခဲ့ရၿပီျဖစ္ပါတယ္။

အခုရႈံးပြဲနဲ႔အတူ အဂၤလန္အသင္းဟာလည္း စိတ္ပ်က္စရာမွတ္တမ္းဆိုးေတြ ပိုင္ဆိုင္ခဲ့ရၿပီး
ကမာၻ႔ဖလားၿပိဳင္ပြဲကေန လွည့္ျပန္ခဲ့ရပါတယ္။ အဂၤလန္အသင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲ
သမိုင္းတစ္ေလွ်ာက္ ပထမပိုင္းအၿပီး (၁-ဝ)ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ (၉)ပြဲမွာ တစ္ပြဲမွ မႏိုင္ခဲ့ဘဲ
(၂)ပြဲသေရ၊ (၇)ပြဲရႈံးနိမ့္ခဲ့ပါတယ္။ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အဂၤလန္တို႔ ကြာတားဖိုင္နယ္ကေန
ထြက္ခဲ့ရတာက (၇)ႀကိမ္အထိရွိလာၿပီး ဒါဟာ ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အႀကိမ္

အမ်ားဆုံးလည္းျဖစ္ခဲ့ပါတယ္။