ရော်ဘီကိန်းစတိုင်နဲ့ အောင်ပွဲခံဖို့ကြိုးစားခဲ့ပေမယ့် ကံကောင်းလွန်းလို့ ဒဏ်ရာမရခြ့တဲ့ အာလင်း

ဝုလ်နဲ့ လိဒ်စ် ပွဲကတော့ တကယ့်ကို come back နိုင်ပွဲပါပဲ။

ဝုလ်တို့အနေနဲ့ ခံစစ်မှာ ဂိုးသမား ဂျိုဆေးဆား၊ ကိုဒီ၊ ဆိုက်စ်နဲ့ ဘိုလီတို့ကို

သုံးစွဲခဲ့ပြီး ကွင်းလယ်မှာတော့ ဂျွန်နီ၊ အိုက်နူရီ၊ ရူဘင် နာဗက်စ်၊

ဂျာအို မော်တင်ညို၊ ဒန်ဒွန့်ကာတို့ကို သုံးစွဲခဲ့ပြီး တိုက်စစ်မှာတော့ ပိုဒင့်စ်နဲ့

ရာအူးလ် ဟီမီနက်ဇ်တို့ကို ၃-၅-၁-၁ ပုံစံနဲ့ အသုံးပြုပြီး ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။

လိဒ်စ်တို့ကတော့ ဒဏ်ရာက ပြန်လာတဲ့ အဓိက တိုက်စစ်မှူး ဘမ်ဖို့ဒ်ကို

အထောင်ထားခဲ့ပြီး သူ့နောက်က ရိုဒရီဂို၊ ဒန်ဂျိမ်းစ်နဲ့ ဟာရီဆန်တို့

လိုက်ပါကစားခဲ့သလို ကွင်းလယ်မှာတော့ ဖော်ရှောနဲ့ ကလစ်ချ်တို့ပဲ

ကစားခဲ့ကြချိန်မှာ ခံစစ်မှာတော့ ဂိုးသမား မေလီယေး၊ စထရိုက်ခ်၊

ယော်ရန်တေ၊ ဒါးလက်စ်နဲ့ ကပ္ပတိန် အာလင်းတို့ ပွဲထွက်လာခဲ့ကြတာပါ။

ပထမပိုင်းမှာ ဝုလ်က နှစ်ဂိုးသွင်းပြီး အနိုင်ပိုင်းထားပေမယ့် ဒုတိယပိုင်းမှာ

လိဒ်စ်က သုံးဂိုးပြန်သွင်းပြီး အောင်ပွဲရယူခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက်အတွက် အနိုင်ဂိုးကို သွင်းပေးနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင်

အာလင်းဟာ ဂိုးသွင်းအပြီးမှာတော့ အသင်းရဲ့တိုက်စစ်မှူးဟောင်း

ရော်ဘီကိန်းရဲ့ အောင်ပွဲခံဟန်ကို တုပဖို့ကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘဲ

ရုပ်ပျက်ခဲ့ရပါတယ်။ စပါးနဲ့ အိုင်ယာလန်တိုက်စစ်မှူးဟောင်း ရော်ဘီကိန်းဟာ

သူ့ရဲ့ ကိုယ်ပိုင်အောင်ပွဲခံဟန်လို့ ဆိုနိုင်တဲ့ ဂိုးသွင်းအပြီးမှာ ဂျွမ်းထိုးပြီး

သူ့ရဲ့လက်ချောင်းတွေကို ရှေ့ဘက်ကို သေနတ်ပစ်ဟန်နဲ့ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

အာလင်းကတော့ လိဒ်စ်အတွက် အနိုင်ဂိုးသွင်းပြီးချိန်မှာ အဆိုပါ

အောင်ပွဲခံဟန်ကို အသုံးပြုဖို့ ကြိုးစားခဲ့ပေမယ့် ဟန်ချက်ပျက်သွားခဲ့တာကြောင့်

ဒဏ်ရာရလုနီးပါးဖြစ်သွားခဲ့ပါတယ်။ ပွဲချိန်အပြည့်မှာတော့ တန်းဆင်းဇုန်ရုန်းနေရပြီး

အမှတ်လိုနေတဲ့ လိဒ်စ်တို့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ရမှတ်သုံးမှတ်ကြောင့်

အဆင့် ၁၆ နေရာအထိ တက်ရောက်နိုင်ခဲ့ပါတယ်။

zawgyi

ေရာ္ဘီကိန္းစတိုင္နဲ႔ ေအာင္ပြဲခံဖို႔ႀကိဳးစားခဲ့ေပမယ့္ ကံေကာင္းလြန္းလို႔ ဒဏ္ရာမရျခ့တဲ့ အာလင္း

ဝုလ္နဲ႔ လိဒ္စ္ ပြဲကေတာ့ တကယ့္ကို come back ႏိုင္ပြဲပါပဲ။

ဝုလ္တို႔အေနနဲ႔ ခံစစ္မွာ ဂိုးသမား ဂ်ိဳေဆးဆား၊ ကိုဒီ၊ ဆိုက္စ္နဲ႔ ဘိုလီတို႔ကို

သုံးစြဲခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂြၽန္နီ၊ အိုက္ႏူရီ၊ ႐ူဘင္ နာဗက္စ္၊

ဂ်ာအို ေမာ္တင္ညိဳ၊ ဒန္ဒြန႔္ကာတို႔ကို သုံးစြဲခဲ့ၿပီး တိုက္စစ္မွာေတာ့ ပိုဒင့္စ္နဲ႔

ရာအူးလ္ ဟီမီနက္ဇ္တို႔ကို ၃-၅-၁-၁ ပုံစံနဲ႔ အသုံးျပဳၿပီး ပြဲထြက္လာခဲ့တာျဖစ္ပါတယ္။

လိဒ္စ္တို႔ကေတာ့ ဒဏ္ရာက ျပန္လာတဲ့ အဓိက တိုက္စစ္မႉး ဘမ္ဖို႔ဒ္ကို

အေထာင္ထားခဲ့ၿပီး သူ႔ေနာက္က ႐ိုဒရီဂို၊ ဒန္ဂ်ိမ္းစ္နဲ႔ ဟာရီဆန္တို႔

လိုက္ပါကစားခဲ့သလို ကြင္းလယ္မွာေတာ့ ေဖာ္ေရွာနဲ႔ ကလစ္ခ်္တို႔ပဲ

ကစားခဲ့ၾကခ်ိန္မွာ ခံစစ္မွာေတာ့ ဂိုးသမား ေမလီေယး၊ စထ႐ိုက္ခ္၊

ေယာ္ရန္ေတ၊ ဒါးလက္စ္နဲ႔ ကပၸတိန္ အာလင္းတို႔ ပြဲထြက္လာခဲ့ၾကတာပါ။

ပထမပိုင္းမွာ ဝုလ္က ႏွစ္ဂိုးသြင္းၿပီး အႏိုင္ပိုင္းထားေပမယ့္ ဒုတိယပိုင္းမွာ

လိဒ္စ္က သုံးဂိုးျပန္သြင္းၿပီး ေအာင္ပြဲရယူခဲ့ပါတယ္။

လိဒ္စ္ယူႏိုက္တက္အတြက္ အႏိုင္ဂိုးကို သြင္းေပးႏိုင္ခဲ့တဲ့ အသင္းေခါင္းေဆာင္

အာလင္းဟာ ဂိုးသြင္းအၿပီးမွာေတာ့ အသင္းရဲ႕တိုက္စစ္မႉးေဟာင္း

ေရာ္ဘီကိန္းရဲ႕ ေအာင္ပြဲခံဟန္ကို တုပဖို႔ႀကိဳးစားခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့ဘဲ

႐ုပ္ပ်က္ခဲ့ရပါတယ္။ စပါးနဲ႔ အိုင္ယာလန္တိုက္စစ္မႉးေဟာင္း ေရာ္ဘီကိန္းဟာ

သူ႔ရဲ႕ ကိုယ္ပိုင္ေအာင္ပြဲခံဟန္လို႔ ဆိုႏိုင္တဲ့ ဂိုးသြင္းအၿပီးမွာ ဂြၽမ္းထိုးၿပီး

သူ႔ရဲ႕လက္ေခ်ာင္းေတြကို ေရွ႕ဘက္ကို ေသနတ္ပစ္ဟန္နဲ႔ ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။

အာလင္းကေတာ့ လိဒ္စ္အတြက္ အႏိုင္ဂိုးသြင္းၿပီးခ်ိန္မွာ အဆိုပါ

ေအာင္ပြဲခံဟန္ကို အသုံးျပဳဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဟန္ခ်က္ပ်က္သြားခဲ့တာေၾကာင့္

ဒဏ္ရာရလုနီးပါးျဖစ္သြားခဲ့ပါတယ္။ ပြဲခ်ိန္အျပည့္မွာေတာ့ တန္းဆင္းဇုန္႐ုန္းေနရၿပီး

အမွတ္လိုေနတဲ့ လိဒ္စ္တို႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ရမွတ္သုံးမွတ္ေၾကာင့္

အဆင့္ ၁၆ ေနရာအထိ တက္ေရာက္ႏိုင္ခဲ့ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*