ရော်နယ်ဒို အရန်ခုံထိုင်နေရချိန်မှာ ဂိုးဖန်တီးမှုရာပြည့်စံချိန်တင်လိုက်ပြန်တဲ့ လီယွန်နယ်မက်ဆီ

ပီအက်စ်ဂျီပရိသတ်တွေကတော့ မက်ဆီမှမက်ဆီဖြစ်ကုန်ကြပါပြီ။ ပြီးခဲ့တဲ့ရာသီတုန်းက ပီအက်စ်ဂျီကစားသမားဘ၀ ပထမဆုံးရာသီမှာ ရုန်းကန်ခဲ့ရတဲ့ အာဂျင်တီးနားကြယ်ပွင့်ဟာ ဒီရာသီမှာတော့ သူ့ရဲ့ကမ္ဘာ့အဆင့်ခြေစွမ်းကို

တစ်ပွဲပြီးတစ်ပွဲထုတ်ပြနေလို့ပါပဲ။ လီဂူး-၁ ပွဲစဉ် ၆ မှာ ပါရီကလပ်ဟာ နန်တက်စ်ကို ၃-၀ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဂယ်လ်တီယာရဲ့အသင်းဟာ မာဆေးလ်ထက် ဂိုးကွာခြားချက်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ

ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် အမ်ဘာပီက ၂ ဂိုး၊ မန်ဒက်စ်က တစ်ဂိုးသွင်းပေးခဲ့တာပါ။ ထူးခြားတာက ပြင်သစ်တိုက်စစ်မှူးအတွက် ၂ ဂိုးလုံးကို မက်ဆီက အကောင်းဆုံးဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ တူးလော့စ်ကို ၃ ဂိုးပြတ်အနိုင်ရတဲ့ ပြီးခဲ့တဲ့ပွဲစဉ်မှာလည်း နေမာနဲ့ အမ်ဘာပီတို့ သွင်းဂိုးတွေအတွက် ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။ ဒါကြောင့် အသက် ၃၅ နှစ်အရွယ်တိုက်စစ်မှူးဟာ လီဂူး ၆ ပွဲမှာ ၆ ဂိုးဖန်တီးပေးထားပြီဖြစ်သလို

ကိုယ်တိုင်လည်း ၃ ဂိုး သွင်းထားပါသေးတယ်။ တနည်းအားဖြင့် ဒါဟာ စံချိန်သစ်တစ်ခု ပိုင်ဆိုင်နိုင်ခဲ့တာပါ။ စာရင်းအင်းဝက်ဘ်ဆိုက် SofaScore ရဲ့ စစ်တမ်းအရ မက်ဆီဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ၂၀၁၅-၁၆ ရာသီကစပြီး

ဂိုးဖန်တီးမှု ၁၀၀ ပြည့်တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒီရာသီ သူ့ရဲ့ဂိုးဖန်တီးမှု ဗွီဒီယိုမှတ်တမ်းတွေကလည်း ဆိုရှယ်မီဒီယာမှာ ရေပန်းစားနေပါတယ်။ ပီအက်စ်ဂျီနဲ့သူ့ရဲ့ပရိသတ်တွေကတော့ “ အသက် ၃၅ နှစ်အရွယ်မှာ ဘယ်သူမှ သူ့လိုမကစားနိုင်ဘူး ” ၊

“ မက်ဆီ ကစားတာကြည့်ပြီး ရော်နယ်ဒိုက သူ့ထက်ပိုကောင်းတယ်လို့ ဘယ်သူပြောနိုင်တော့မှာလဲ ” ၊ “ ရော်နယ်ဒို အရန်ခုံထိုင်နေချိန်မှာ မက်ဆီကတော့ လက်ရွေးစင်အဆင့်တွေ တစ်ခုပြီးတစ်ခုပြနေတော့တာပဲ ” စတဲ့ မှတ်ချက်တွေပေးနေကြတာပါ။

(zawgyi)

ပီအက္စ္ဂ်ီပရိသတ္ေတြကေတာ့ မက္ဆီမွမက္ဆီျဖစ္ကုန္ၾကပါၿပီ။ ၿပီးခဲ့တဲ့ရာသီတုန္းက ပီအက္စ္ဂ်ီကစားသမားဘ၀ ပထမဆုံးရာသီမွာ ႐ုန္းကန္ခဲ့ရတဲ့ အာဂ်င္တီးနားၾကယ္ပြင့္ဟာ ဒီရာသီမွာေတာ့ သူ႔ရဲ႕ကမာၻ႔အဆင့္ေျခစြမ္းကို

တစ္ပြဲၿပီးတစ္ပြဲထုတ္ျပေနလို႔ပါပဲ။ လီဂူး-၁ ပြဲစဥ္ ၆ မွာ ပါရီကလပ္ဟာ နန္တက္စ္ကို ၃-၀ ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။ ဒီႏိုင္ပြဲေၾကာင့္ ဂယ္လ္တီယာရဲ႕အသင္းဟာ မာေဆးလ္ထက္ ဂိုးကြာျခားခ်က္အသာနဲ႔ အမွတ္ေပးဇယားထိပ္ဆုံးမွာ

ဆက္လက္ရပ္တည္ႏိုင္ခဲ့ပါတယ္။ ပီအက္စ္ဂ်ီအတြက္ အမ္ဘာပီက ၂ ဂိုး၊ မန္ဒက္စ္က တစ္ဂိုးသြင္းေပးခဲ့တာပါ။ ထူးျခားတာက ျပင္သစ္တိုက္စစ္မႉးအတြက္ ၂ ဂိုးလုံးကို မက္ဆီက အေကာင္းဆုံးဖန္တီးေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ မက္ဆီဟာ တူးေလာ့စ္ကို ၃ ဂိုးျပတ္အႏိုင္ရတဲ့

ၿပီးခဲ့တဲ့ပြဲစဥ္မွာလည္း ေနမာနဲ႔ အမ္ဘာပီတို႔ သြင္းဂိုးေတြအတြက္ ဖန္တီးေပးႏိုင္ခဲ့ပါေသးတယ္။ ဒါေၾကာင့္ အသက္ ၃၅ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ လီဂူး ၆ ပြဲမွာ ၆ ဂိုးဖန္တီးေပးထားၿပီျဖစ္သလို ကိုယ္တိုင္လည္း ၃ ဂိုး သြင္းထားပါေသးတယ္။

တနည္းအားျဖင့္ ဒါဟာ စံခ်ိန္သစ္တစ္ခု ပိုင္ဆိုင္ႏိုင္ခဲ့တာပါ။ စာရင္းအင္းဝက္ဘ္ဆိုက္ SofaScore ရဲ႕ စစ္တမ္းအရ မက္ဆီဟာ ဥေရာပထိပ္တန္းလိဂ္ ၅ ခုမွာ ၂၀၁၅-၁၆ ရာသီကစၿပီး ဂိုးဖန္တီးမႈ ၁၀၀ ျပည့္တဲ့ ပထမဆုံးကစားသမား ျဖစ္လာခဲ့ပါတယ္။

ဒီရာသီ သူ႔ရဲ႕ဂိုးဖန္တီးမႈ ဗြီဒီယိုမွတ္တမ္းေတြကလည္း ဆိုရွယ္မီဒီယာမွာ ေရပန္းစားေနပါတယ္။ ပီအက္စ္ဂ်ီနဲ႔သူ႔ရဲ႕ပရိသတ္ေတြကေတာ့ “ အသက္ ၃၅ ႏွစ္အ႐ြယ္မွာ ဘယ္သူမွ သူ႔လိုမကစားႏိုင္ဘူး ” ၊ “ မက္ဆီ ကစားတာၾကည့္ၿပီး ေရာ္နယ္ဒိုက

သူ႔ထက္ပိုေကာင္းတယ္လို႔ ဘယ္သူေျပာႏိုင္ေတာ့မွာလဲ ” ၊ “ ေရာ္နယ္ဒို အရန္ခုံထိုင္ေနခ်ိန္မွာ မက္ဆီကေတာ့ လက္ေ႐ြးစင္အဆင့္ေတြ တစ္ခုၿပီးတစ္ခုျပေနေတာ့တာပဲ ” စတဲ့ မွတ္ခ်က္ေတြေပးေနၾကတာပါ။