ရော်နယ်ဒို လူလည်ပါ ..

ရော်နယ်ဒို လူလည်ပါ။ ပရိသတ်တစ်ချို့က ဒီလိုပဲ သုံးသပ်ပါတယ်။ ဗြိတိန်သတင်းစာ The Sun ကတော့ သူ့ရဲ့အပြောင်းအရွှေ့ ကောလာဟလတွေနဲ့ပတ်သက်ပြီး

နှုတ်ဆိတ်နေတဲ့ရော်နယ်ဒိုဟာ အင်စတာဂရမ်မှာတင်လိုက်တဲ့ ပုံတစ်ပုံတည်းနဲ့ဖြေရှင်းလိုက်ပြီလို့ ဖေါ်ပြထားပါတယ်။ ပုံကတော့ ပေါ်တူဂီကြယ်ပွင့် ကြံ့ခိုင်ရေးလေ့ကျင့်နေပုံဖြစ်ပါတယ်။

မန်ယူနဲ့ရာသီကြိုလေ့ကျင့်ရေးမှာ လာရောက်မပူးပေါင်းခဲ့သလို အာရှခရီးစဉ်ကိုလည်း မလိုက်ပါခဲ့ပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက ပိုလို့တောင် တောင့်တင်းလာပါသေးတယ်။

ဒါပေမဲ့ မီဒီယာတွေရော ပရိသတ်တွေပါ အတိတ်ကောက်နေကြတာက သူဝတ်ထားတဲ့ ဘောင်းဘီတိုပါ။ တနည်းအားဖြင့် မန်ယူအမှတ်တံဆိပ်ပါတဲ့ ဘောင်းဘီတိုဝတ်ပြီး အိုးလ်ထရက်ဖို့ဒ်မှာ

ဆက်ရှိနေမယ့်အကြောင်း ရော်နယ်ဒို အရိပ်ပြလိုက်တာလို့ သုံးသပ်နေကြပါတယ်။ ဒီလိုအချိန်မှာ ဒီလိုအယူအဆတွေကလည်း အစဉ်အလာမို့ ပြောစရာမရှိပါဘူး။ HARD WORK လို့သာ

ပုံစာရေးထားတာက ဘယ်လောက်များ သဲလွန်စပေးနိုင်မှာမို့လဲ။ လက်ရှိအချိန်အထိတော့ သူ့ရဲ့အနာဂတ်က တကယ့်ကို ပြာရီမှုန်မှိုင်းပါ။ အေးဂျင့်ဂျော့မန်ဒက်စ်ကတစ်ဆင့်

ပီအက်စ်ဂျီ၊ ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်ကို ကမ်းလှမ်းခဲ့တယ်။ အားလုံးက အကြောင်းပြချက်အမျိုးမျိုးနဲ့ ငြင်းခဲ့ကြတယ်။ တူချယ်ရဲ့နောက်ဆုံး ခါးခါးသီးသီးငြင်းဆန်ချက်ကတော့ သူ့ကိုရိုက်ခတ်သွားပုံရတယ်။

ဒါကြောင့် အချိန်ကိုက် ပုံတက်လာခဲ့တာပါ။ ဆူးလှည်းကြီး ဖြစ်မှန်းမသိဖြစ်လာတာကြောင့် ချန်ပီယံလိဂ်အိပ်မက်ကို တစ်ခန်းရပ်လို့ ယူရိုပါလိဂ်တောထဲပဲ သွားတော့မယ်လို့ တကယ်ဆိုလိုချင်တာလား။

မှမဟုတ် သူ့ကိုအထင်သေးတဲ့အသင်းတွေ၊ ငြင်းတဲ့သူတွေနဲ့ စိတ်ဝင်စားနေသူတွေဆီ .. ဘော်ဒီကိုတစ်ချက်ရှိုးလိုက်ပေါ့။ ၃၇ နှစ်ဆိုပြီး အထင်သေးတာလားဆိုတဲ့ မက်ဆေ့ချ်မျိုးပေးချင်တာလား။ ဘယ်သူသိနိုင်မှာလဲ။ ရော်နယ်ဒိုက လူလည်ပါဆို ..

(zawgyi)

ေရာ္နယ္ဒို လူလည္ပါ။ ပရိသတ္တစ္ခ်ိဳ႕က ဒီလိုပဲ သုံးသပ္ပါတယ္။ ၿဗိတိန္သတင္းစာ The Sun ကေတာ့ သူ႔ရဲ႕အေျပာင္းအေ႐ႊ႕ ေကာလာဟလေတြနဲ႔ပတ္သက္ၿပီး ႏႈတ္ဆိတ္ေနတဲ့ေရာ္နယ္ဒိုဟာ

အင္စတာဂရမ္မွာတင္လိုက္တဲ့ ပုံတစ္ပုံတည္းနဲ႔ေျဖရွင္းလိုက္ၿပီလို႔ ေဖၚျပထားပါတယ္။ ပုံကေတာ့ ေပၚတူဂီၾကယ္ပြင့္ ႀကံ့ခိုင္ေရးေလ့က်င့္ေနပုံျဖစ္ပါတယ္။ မန္ယူနဲ႔ရာသီႀကိဳေလ့က်င့္ေရးမွာ လာေရာက္မပူးေပါင္းခဲ့သလို

အာရွခရီးစဥ္ကိုလည္း မလိုက္ပါခဲ့ေပမယ့္ သူ႔ရဲ႕ခႏၶာကိုယ္ႀကံ့ခိုင္မႈက ပိုလို႔ေတာင္ ေတာင့္တင္းလာပါေသးတယ္။ ဒါေပမဲ့ မီဒီယာေတြေရာ ပရိသတ္ေတြပါ အတိတ္ေကာက္ေနၾကတာက သူဝတ္ထားတဲ့ ေဘာင္းဘီတိုပါ။

တနည္းအားျဖင့္ မန္ယူအမွတ္တံဆိပ္ပါတဲ့ ေဘာင္းဘီတိုဝတ္ၿပီး အိုးလ္ထရက္ဖို႔ဒ္မွာ ဆက္ရွိေနမယ့္အေၾကာင္း ေရာ္နယ္ဒို အရိပ္ျပလိုက္တာလို႔ သုံးသပ္ေနၾကပါတယ္။ ဒီလိုအခ်ိန္မွာ ဒီလိုအယူအဆေတြကလည္း

အစဥ္အလာမို႔ ေျပာစရာမရွိပါဘူး။ HARD WORK လို႔သာ ပုံစာေရးထားတာက ဘယ္ေလာက္မ်ား သဲလြန္စေပးႏိုင္မွာမို႔လဲ။ လက္ရွိအခ်ိန္အထိေတာ့ သူ႔ရဲ႕အနာဂတ္က တကယ့္ကို ျပာရီမႈန္မႈိင္းပါ။

ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ကတစ္ဆင့္ ပီအက္စ္ဂ်ီ၊ ခ်ဲလ္ဆီးနဲ႔ ဘိုင္ယန္ျမဴးနစ္ကို ကမ္းလွမ္းခဲ့တယ္။ အားလုံးက အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးနဲ႔ ျငင္းခဲ့ၾကတယ္။ တူခ်ယ္ရဲ႕ေနာက္ဆုံး ခါးခါးသီးသီးျငင္းဆန္ခ်က္ကေတာ့

သူ႔ကို႐ိုက္ခတ္သြားပုံရတယ္။ ဒါေၾကာင့္ အခ်ိန္ကိုက္ ပုံတက္လာခဲ့တာပါ။ ဆူးလွည္းႀကီး ျဖစ္မွန္းမသိျဖစ္လာတာေၾကာင့္ ခ်န္ပီယံလိဂ္အိပ္မက္ကို တစ္ခန္းရပ္လို႔ ယူ႐ိုပါလိဂ္ေတာထဲပဲ သြားေတာ့မယ္လို႔ တကယ္ဆိုလိုခ်င္တာလား။

ဒါမွမဟုတ္ သူ႔ကိုအထင္ေသးတဲ့အသင္းေတြ၊ ျငင္းတဲ့သူေတြနဲ႔ စိတ္ဝင္စားေနသူေတြဆီ .. ေဘာ္ဒီကိုတစ္ခ်က္ရႈိးလိုက္ေပါ့။ ၃၇ ႏွစ္ဆိုၿပီး အထင္ေသးတာလားဆိုတဲ့ မက္ေဆ့ခ်္မ်ိဳးေပးခ်င္တာလား။ ဘယ္သူသိႏိုင္မွာလဲ။ ေရာ္နယ္ဒိုက လူလည္ပါဆို ..