ရော်နယ်ဒို ပြဿနာတွေတက်နေချိန်မှာ ငယ်မူငယ်သွေးပြပြီး အကောင်းဆုံးဆုရခဲ့တဲ့ ဘုရင်ကြီးအစစ် မက်ဆီ

“ ဒီနေ့ညတွေ့ရတာ နောက်ထပ်မက်ဆီတစ်ယောက်တဲ့လား။ ကျွန်တော်ကတော့ ဒီလိုမထင်ပါဘူး။ လူတွေက အတွင်းအဖြစ်မှန်တွေကိုမသိဘဲ ရမ်းပြောနေကြတာပါဗျာ။

မက်ဆီက ဘာမှ မပြောင်းလဲပါဘူး။ မတူတာတွေ သူဆက်လုပ်ပြသွားပါလိမ့်မယ် ” လို့ ဆိုလာသူက နေမာပါ။ ဘာစီလိုနာကစပြီး သူငယ်ချင်းမက ညီအကိုမကျ သံယောဇဉ်တွေချည်နှောင်ခဲ့တဲ့

အာဂျင်တီးနားသားနဲ့ပတ်သက်လို့ သူ အတော်လေးကျေနပ်နေပုံပါပဲ။ တကယ်ဆို နန့်တက်စ်ကို ၄ ဂိုးပြတ်အနိုင်ရတဲ့ ပြင်သစ်စူပါဖလား(Trophée des Champions )ဗိုလ်လုပွဲမှာ

သူက ၂ ဂိုးသွင်းနိုင်ခဲ့တာပါ။ အထူးသဖြင့် ပင်နယ်တီကနေသွင်းခဲ့တဲ့ ဒုတိယဂိုးထက် ဖရီးကစ်ကနေသွင်းပေးခဲ့တဲ့ ပထမဂိုးက အဆင့်မြင့်ပြီး လှပခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီသွင်းတဲ့

အဖွင့်ဂိုးကို သူပဲမျှောပေးခဲ့တာပါ။ ဒါပေမဲ့ သူ့ခြေစွမ်းထက် မက်ဆီနဲ့ပတ်သက်ပြီး ဘရာဇီးလ်တိုက်စစ်မှူး ပိုမိုကျေနပ်နေပါတယ်။ ဒါဟာ အသင်းအတွက် အရေးပါတဲ့ကြယ်တစ်ပွင့်ကို

မိုတီပေးလိုက်တာလည်း ဖြစ်ပါလိမ့်မယ်။ မက်ဆီဟာ ပီအက်စ်ဂျီအတွက် အဖွင့်ဂိုးကို ပြိုင်ဘက်ဂိုးသမားကိုပါလိမ်ခေါက်ပြီး အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့ပါတယ်။

ပြီးတော့ ဒီပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့တာပါ။ တနည်းအားဖြင့် တစ်နေ့တည်းမှာ ပြိုင်ဘက်ကြီးရော်နယ်ဒို ပြဿနာတွေတက်နေချိန် သွင်းဂိုးတစ်ဂိုးနဲ့

ငယ်မူငယ်သွေးပြနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဘုရင်ကြီးအစစ်က ပါရီမှာပါလို့ ပရိသတ်တွေက မက်ဆီနဲ့ယှဉ်ပြီး ရော်နယ်ဒိုကို Troll နေကြပါတယ်။

(zawgyi)

“ ဒီေန႔ညေတြ႕ရတာ ေနာက္ထပ္မက္ဆီတစ္ေယာက္တဲ့လား။ ကြၽန္ေတာ္ကေတာ့ ဒီလိုမထင္ပါဘူး။ လူေတြက အတြင္းအျဖစ္မွန္ေတြကိုမသိဘဲ ရမ္းေျပာေနၾကတာပါဗ်ာ။

မက္ဆီက ဘာမွ မေျပာင္းလဲပါဘူး။ မတူတာေတြ သူဆက္လုပ္ျပသြားပါလိမ့္မယ္ ” လို႔ ဆိုလာသူက ေနမာပါ။ ဘာစီလိုနာကစၿပီး သူငယ္ခ်င္းမက ညီအကိုမက် သံေယာဇဥ္ေတြခ်ည္ေႏွာင္ခဲ့တဲ့

အာဂ်င္တီးနားသားနဲ႔ပတ္သက္လို႔ သူ အေတာ္ေလးေက်နပ္ေနပုံပါပဲ။ တကယ္ဆို နန႔္တက္စ္ကို ၄ ဂိုးျပတ္အႏိုင္ရတဲ့ ျပင္သစ္စူပါဖလား(Trophée des Champions )ဗိုလ္လုပြဲမွာ

သူက ၂ ဂိုးသြင္းႏိုင္ခဲ့တာပါ။ အထူးသျဖင့္ ပင္နယ္တီကေနသြင္းခဲ့တဲ့ ဒုတိယဂိုးထက္ ဖရီးကစ္ကေနသြင္းေပးခဲ့တဲ့ ပထမဂိုးက အဆင့္ျမင့္ၿပီး လွပခဲ့ပါတယ္။ ဒါ့အျပင္ မက္ဆီသြင္းတဲ့

အဖြင့္ဂိုးကို သူပဲေမွ်ာေပးခဲ့တာပါ။ ဒါေပမဲ့ သူ႔ေျခစြမ္းထက္ မက္ဆီနဲ႔ပတ္သက္ၿပီး ဘရာဇီးလ္တိုက္စစ္မႉး ပိုမိုေက်နပ္ေနပါတယ္။ ဒါဟာ အသင္းအတြက္ အေရးပါတဲ့ၾကယ္တစ္ပြင့္ကို

မိုတီေပးလိုက္တာလည္း ျဖစ္ပါလိမ့္မယ္။ မက္ဆီဟာ ပီအက္စ္ဂ်ီအတြက္ အဖြင့္ဂိုးကို ၿပိဳင္ဘက္ဂိုးသမားကိုပါလိမ္ေခါက္ၿပီး အေကာင္းဆုံး အဆုံးသတ္ႏိုင္ခဲ့ပါတယ္။

ၿပီးေတာ့ ဒီပြဲရဲ႕အေကာင္းဆုံးကစားသမားဆုကိုလည္း ရရွိခဲ့တာပါ။ တနည္းအားျဖင့္ တစ္ေန႔တည္းမွာ ၿပိဳင္ဘက္ႀကီးေရာ္နယ္ဒို ျပႆနာေတြတက္ေနခ်ိန္ သြင္းဂိုးတစ္ဂိုးနဲ႔

ငယ္မူငယ္ေသြးျပႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ ဘုရင္ႀကီးအစစ္က ပါရီမွာပါလို႔ ပရိသတ္ေတြက မက္ဆီနဲ႔ယွဥ္ၿပီး ေရာ္နယ္ဒိုကို Troll ေနၾကပါတယ္။