ရော်နယ်ဒို၊ မက်ဂွိုင်းယားနဲ့ လုခ်ရှောတို့ ဒိုးလိုက်တော့လို့ အကြံပေးလာတဲ့ အီဗရာ

ယူနိုက်တက်ဂန္ထဝင်နောက်ခံလူတစ်ဦးဖြစ်တဲ့ ပက်ထရစ်အီဗရာက လီဗာပူးလ်နဲ့ပွဲမှာ ပွဲထွက်ခွင့်မရခဲ့ကြတဲ့ သရဲနီကြယ်ပွင့်ကစားသမား ၃ ယောက်ဟာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာသွားသင့်ပြီလို့ ပြောဆိုလိုက်ပါတယ်။

ကြိုးကြာနီတွေကို ၂-၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲမတိုင်ခင် နည်းပြတန်းဟတ်ထုတ်ပြန်လိုက်တဲ့ ပွဲထွက်စာရင်းဟာ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ အရန်ခုံမှာနေရမယ့်သူတွေထဲမှာ အသင်းခေါင်းဆောင် မက်ဂွိုင်းယား၊ တိုက်စစ်မှူးရော်နယ်ဒိုနဲ့

ဝါရင့်နောက်ခံလူ လုခ်ရှောတို့လည်း ပါဝင်နေတာကြောင့်ပါ။ သူတို့နေရာမှာကစားသွားကြသူတွေ ခြေစွမ်းပြသွားနိုင်သလို ဒီကြယ်ပွင့်တွေဟာ တန်းဟတ်ရဲ့အနာဂတ်အစီအစဉ်မှာ မရှိတော့ဘူးဆိုတဲ့သဘောဖြစ်နေပါတယ်။

ဒါကြောင့် Betfair သတင်းဌာနနဲ့အင်တာဗျူးမှာ ပြင်သစ်သားက “ လီဗာပူးလ်ကိုအနိုင်ရတာဟာ ပရိသတ်ထောက်ခံမှုရတာဖြစ်သလို တန်းဟတ်အတွက်လည်း ကြီးမားတဲ့တွန်းအားဖြစ်စေခဲ့ပါတယ်။ အခုဆိုရင် သူဟာ

တစ်ကိုယ်ရည်စွမ်းဆောင်မှုတွေအကြောင်း မတွေးတော့ဘဲ အသင်းနဲ့ပတ်သက်တာတွေကို ဆုံးဖြတ်တော့မယ်။ ပွဲထွက်စာရင်းရဲ့ခြားနားပုံကို ကျွန်တော်လည်းလက်ခံပါတယ်။ ဘရိုက်တန်၊ ဘရန့်ဖို့ဒ်တို့နဲ့ပွဲက လူစာရင်းနဲ့ဆို ကျွန်တော်တို့ရှုံးမှာ သေချာပါတယ်။

ဒါကြောင့် ဆက်နေမှာလား၊ သွားတော့မှာလားနဲ့ မရေမရာဖြစ်နေတဲ့ ရော်နယ်ဒို ထွက်သွားတာဟာ သူ့အတွက်ရော အသင်းအတွက်ပါ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ မက်ဂွိုင်းယားကလည်း ခြေစွမ်းပြနိုင်ရင်တောင် ပရိသတ်အားပေးမှု မခံရတဲ့ဘဝရောက်နေပါပြီ။

လုခ်ရှောဆိုတာလည်း ကျွန်တော်ကစားခဲ့တဲ့နေရာမှာ ကစားနေရသူဖြစ်တာကြောင့် ကျွန်တော် ကောင်းကောင်းနားလည်ပါတယ်။ ကျွန်တော် ဒါမှမဟုတ် ဒင်းနစ်အာဝင်လို့အဆင့်မျိုး မရှိပါဘူး။ မန်ယူအတွက် ဘယ်နောက်ခံလူနေရာက အခရာပါ။ သူလည်း အချိန်ကျပါပြီ ” လို့ ပြောလိုက်တာပါ။

(zawgyi)

ယူႏိုက္တက္ဂႏၴဝင္ေနာက္ခံလူတစ္ဦးျဖစ္တဲ့ ပက္ထရစ္အီဗရာက လီဗာပူးလ္နဲ႔ပြဲမွာ ပြဲထြက္ခြင့္မရခဲ့ၾကတဲ့ သရဲနီၾကယ္ပြင့္ကစားသမား ၃ ေယာက္ဟာ အိုးလ္ထရက္ဖို႔ဒ္ကေန ထြက္ခြာသြားသင့္ၿပီလို႔ ေျပာဆိုလိုက္ပါတယ္။

ႀကိဳးၾကာနီေတြကို ၂-၁ ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမတိုင္ခင္ နည္းျပတန္းဟတ္ထုတ္ျပန္လိုက္တဲ့ ပြဲထြက္စာရင္းဟာ အားလုံးကို အံ့အားသင့္ေစခဲ့ပါတယ္။ အရန္ခုံမွာေနရမယ့္သူေတြထဲမွာ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယား၊ တိုက္စစ္မႉးေရာ္နယ္ဒိုနဲ႔

ဝါရင့္ေနာက္ခံလူ လုခ္ေရွာတို႔လည္း ပါဝင္ေနတာေၾကာင့္ပါ။ သူတို႔ေနရာမွာကစားသြားၾကသူေတြ ေျခစြမ္းျပသြားႏိုင္သလို ဒီၾကယ္ပြင့္ေတြဟာ တန္းဟတ္ရဲ႕အနာဂတ္အစီအစဥ္မွာ မရွိေတာ့ဘူးဆိုတဲ့သေဘာျဖစ္ေနပါတယ္။

ဒါေၾကာင့္ Betfair သတင္းဌာနနဲ႔အင္တာဗ်ဴးမွာ ျပင္သစ္သားက “ လီဗာပူးလ္ကိုအႏိုင္ရတာဟာ ပရိသတ္ေထာက္ခံမႈရတာျဖစ္သလို တန္းဟတ္အတြက္လည္း ႀကီးမားတဲ့တြန္းအားျဖစ္ေစခဲ့ပါတယ္။ အခုဆိုရင္ သူဟာ

တစ္ကိုယ္ရည္စြမ္းေဆာင္မႈေတြအေၾကာင္း မေတြးေတာ့ဘဲ အသင္းနဲ႔ပတ္သက္တာေတြကို ဆုံးျဖတ္ေတာ့မယ္။ ပြဲထြက္စာရင္းရဲ႕ျခားနားပုံကို ကြၽန္ေတာ္လည္းလက္ခံပါတယ္။ ဘ႐ိုက္တန္၊ ဘရန႔္ဖို႔ဒ္တို႔နဲ႔ပြဲက လူစာရင္းနဲ႔ဆို ကြၽန္ေတာ္တို႔ရႈံးမွာ ေသခ်ာပါတယ္။

ဒါေၾကာင့္ ဆက္ေနမွာလား၊ သြားေတာ့မွာလားနဲ႔ မေရမရာျဖစ္ေနတဲ့ ေရာ္နယ္ဒို ထြက္သြားတာဟာ သူ႔အတြက္ေရာ အသင္းအတြက္ပါ အေကာင္းဆုံးျဖစ္ပါလိမ့္မယ္။ မက္ဂြိဳင္းယားကလည္း ေျခစြမ္းျပႏိုင္ရင္ေတာင္ ပရိသတ္အားေပးမႈ မခံရတဲ့ဘဝေရာက္ေနပါၿပီ။

လုခ္ေရွာဆိုတာလည္း ကြၽန္ေတာ္ကစားခဲ့တဲ့ေနရာမွာ ကစားေနရသူျဖစ္တာေၾကာင့္ ကြၽန္ေတာ္ ေကာင္းေကာင္းနားလည္ပါတယ္။ ကြၽန္ေတာ္ ဒါမွမဟုတ္ ဒင္းနစ္အာဝင္လို႔အဆင့္မ်ိဳး မရွိပါဘူး။ မန္ယူအတြက္ ဘယ္ေနာက္ခံလူေနရာက အခရာပါ။ သူလည္း အခ်ိန္က်ပါၿပီ ” လို႔ ေျပာလိုက္တာပါ။