ရော်နယ်ဒိုအတွက် ဘာစီလိုနာဥက္ကဌလာပေါ်တာ အပီအပြင် လှုပ်ရှားလာ

ရော်နယ်ဒို၊ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်သတင်းတွေက ဘာစီလိုနာကိုတပ်လှန့်လိုက်ပုံပါပဲ။ ဘာစီလိုနာဥက္ကဌလာပေါ်တာဟာ ရော်နယ်ဒိုရဲ့အေးဂျင့် ဂျော့မန်ဒက်စ်နဲ့တွေ့ဆုံပြီး ညစာအတူစားခဲ့ပါပြီ။

ပြင်သစ်မီဒီယာ RMC Sport u က ဒီသတင်းကိုဖေါ်ပြခဲ့တာဖြစ်ပြီး ရော်နယ်ဒိုရဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့တာဖြစ်နိုင်တယ်လို့လည်း မှတ်ချက်ပေးထားပါတယ်။

တကယ်လို့သာ နူးကမ့်ကို ပေါ်တူဂီကြယ်ပွင့်ရောက်ခဲ့ရင်တော့ စောင့်ကြည့်ချင်စရာဖြစ်လာမှာပါ။ တစ်နည်းအားဖြင့် အာဆင်နယ်ကိုပြောင်းဖို့သဘောတူလိုက်တဲ့ အဲရစ်ဆင်ကို စပါးပရိသတ်တွေက

အင်္ကျီမီးရှို့ပြီးရှုတ်ချကြသလို ဖြစ်မလာဘူးလို့ မပြောနိုင်ပါဘူး။ ရော်နယ်ဒိုဟာ ဘာစီလိုနာရဲ့ခါးသီးတဲ့ပြိုင်ဘက်ကြီး ရီးရဲလ်မက်ဒရစ်မှာ ၉ ရာသီကြာကစားခဲ့ဖူးပြီး

အောင်မြင်တဲ့ဘဝတစ်ခု ပိုင်ဆိုင်နိုင်ခဲ့ဖူးပါတယ်။ ဒါကြောင့် ဘာစီလိုနာကနေ ရီးရဲလ်ပြောင်းတာကြောင့် ကက်တာလန်ပရိသတ်တွေရဲ့ဒေါသနဲ့ ရင်ဆိုင်ခဲ့ရဖူးတဲ့ လူးဝစ္စဖီဂိုလိုအဖြစ်မျိုးတွေ မြင်ရဦးမလားဆိုတာ

စောင့်ကြည့်ချင်စရာပါ။ တစ်ဖက်ကသတင်းတွေအရလည်း ရော်နယ်ဒိုဟာ မန်ယူရဲ့ရာသီကြိုလေ့ကျင့်ရေးကို ၃ ရက်ဆက်တိုက် ပျက်ကွက်ခဲ့တာကြောင့် အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာဖို့က သေချာသလောက်ရှိနေတယ်လို့ သိရပါတယ်။

ချန်ပီယံလိဂ်မှာကစားချင်တဲ့ သူ့ရဲ့အာသီသကို ချဲလ်ဆီး၊ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီလိုအသင်းမျိုးတွေက ဖြည့်ဆည်းပေးနိုင်တာမှန်ပေမယ့် ဘာစီလိုနာပါဝင်လာတဲ့ ဈေးကွက်တိုက်ပွဲက ပိုမိုပြင်းထန်လာဖို့ရှိနေပါတယ်။

(zawgyi)

ေရာ္နယ္ဒို၊ခ်ဲလ္ဆီးနဲ႔ ဘိုင္ယန္ျမဴးနစ္သတင္းေတြက ဘာစီလိုနာကိုတပ္လွန႔္လိုက္ပုံပါပဲ။ ဘာစီလိုနာဥကၠဌလာေပၚတာဟာ ေရာ္နယ္ဒိုရဲ႕ေအးဂ်င့္ ေဂ်ာ့မန္ဒက္စ္နဲ႔ေတြ႕ဆုံၿပီး ညစာအတူစားခဲ့ပါၿပီ။

ျပင္သစ္မီဒီယာ RMC Sport u က ဒီသတင္းကိုေဖၚျပခဲ့တာျဖစ္ၿပီး ေရာ္နယ္ဒိုရဲ႕အေျပာင္းအေ႐ႊ႕အတြက္ ေဆြးေႏြးခဲ့တာျဖစ္ႏိုင္တယ္လို႔လည္း မွတ္ခ်က္ေပးထားပါတယ္။

တကယ္လို႔သာ ႏူးကမ့္ကို ေပၚတူဂီၾကယ္ပြင့္ေရာက္ခဲ့ရင္ေတာ့ ေစာင့္ၾကည့္ခ်င္စရာျဖစ္လာမွာပါ။ တစ္နည္းအားျဖင့္ အာဆင္နယ္ကိုေျပာင္းဖို႔သေဘာတူလိုက္တဲ့ အဲရစ္ဆင္ကို စပါးပရိသတ္ေတြက

အက်ႌမီးရႈိ႕ၿပီးရႈတ္ခ်ၾကသလို ျဖစ္မလာဘူးလို႔ မေျပာႏိုင္ပါဘူး။ ေရာ္နယ္ဒိုဟာ ဘာစီလိုနာရဲ႕ခါးသီးတဲ့ၿပိဳင္ဘက္ႀကီး ရီးရဲလ္မက္ဒရစ္မွာ ၉ ရာသီၾကာကစားခဲ့ဖူးၿပီး ေအာင္ျမင္တဲ့ဘဝတစ္ခု ပိုင္ဆိုင္ႏိုင္ခဲ့ဖူးပါတယ္။

ဒါေၾကာင့္ ဘာစီလိုနာကေန ရီးရဲလ္ေျပာင္းတာေၾကာင့္ ကက္တာလန္ပရိသတ္ေတြရဲ႕ေဒါသနဲ႔ ရင္ဆိုင္ခဲ့ရဖူးတဲ့ လူးဝစၥဖီဂိုလိုအျဖစ္မ်ိဳးေတြ ျမင္ရဦးမလားဆိုတာ ေစာင့္ၾကည့္ခ်င္စရာပါ။

တစ္ဖက္ကသတင္းေတြအရလည္း ေရာ္နယ္ဒိုဟာ မန္ယူရဲ႕ရာသီႀကိဳေလ့က်င့္ေရးကို ၃ ရက္ဆက္တိုက္ ပ်က္ကြက္ခဲ့တာေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္ကေန ထြက္ခြာဖို႔က ေသခ်ာသေလာက္ရွိေနတယ္လို႔ သိရပါတယ္။

ခ်န္ပီယံလိဂ္မွာကစားခ်င္တဲ့ သူ႔ရဲ႕အာသီသကို ခ်ဲလ္ဆီး၊ ဘိုင္ယန္ျမဴးနစ္နဲ႔ ပီအက္စ္ဂ်ီလိုအသင္းမ်ိဳးေတြက ျဖည့္ဆည္းေပးႏိုင္တာမွန္ေပမယ့္ ဘာစီလိုနာပါဝင္လာတဲ့ ေဈးကြက္တိုက္ပြဲက ပိုမိုျပင္းထန္လာဖို႔ရွိေနပါတယ္။