ရော်နယ်ဒိုအတွက် ကြိုက်တဲ့ တီကိုတိုက်စစ်မှူးကိုယူလို့ လမ်းဖွင့်တော့မယ့် ဖန်အကြီးစား ဆီမြွန်နီ

အက်သလက်တီကိုနည်းပြဆီမြွန်နီကတော့ ရော်နယ်ဒိုကိုရဖို့ သူ့ရဲ့တိုက်စစ်မှူးတွေကို အသုံးချတော့မယ်လို့ သိရပါတယ်။ ပေါ်တူဂီကြယ်ပွင့်အတွက် သူ့ရဲ့တိုက်စစ်မှူးဂရေ့ဇ်မန်းကို အလိုက်ပေးကမ်းလှမ်းဖို့

စိတ်ဝင်စားနေတယ်လို့ The Times သတင်းစာက ဖေါ်ပြလိုက်တာပါ။ ရော်နယ်ဒိုရဲ့ဖန်အကြီးစားဖြစ်သလို ပေါ်တူဂီသားနဲ့အလုပ်တွဲလုပ်ချင်စိတ် အင်မတန်ကြီးမားနေတဲ့ ဆီမြွန်နီဟာ ဒီအရေးကို

အသင်းဘုတ်အဖွဲ့ထံ တင်ပြထားတယ်လို့လည်း ရေးသားထားပါတယ်။ ဒါ့အပြင် ပြင်သစ်တိုက်စစ်မှူးကို မန်ယူဘက်က မလိုချင်ရင် နောက်ထပ်တိုက်စစ်မှူးတစ်ဦးဖြစ်သူ မိုရာတာကို အလိုက်ပေးဖို့အထိ

စီစဉ်ထားတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ဒီကစားသမားနှစ်ယောက်လုံးဟာ ရာသီသစ်မှာ အသုံးတည့်နေကြသူတွေပါ။ ဂီတာဖေးကို ၃ ဂိုးပြတ်အနိုင်ရတဲ့ ပြီးခဲ့တဲ့လာလီဂါပွဲစဉ်မှာ မိုရာတာက ၂ ဂိုး၊ ဂရေ့ဇ်မန်းက

၁ ဂိုး သွင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ ရော်နယ်ဒိုနဲ့ မန်ယူရဲ့ဆက်ဆံရေးကို အမြဲစောင့်ကြည့်နေတဲ့ အာဂျင်တီးနားသားနည်းပြဟာ နောက်ဆုံးအခြေအနေအပေါ် အခွင့်အရေးယူနိုင်ဖို့ ကြိုးစားလာတာဖြစ်မယ်လို့လည်း

သုံးသပ်မှုတွေရှိနေပါတယ်။ ရော်နယ်ဒိုက ချန်ပီယံလိဂ်ကစားချင်တာကြောင့် အသင်းကနေထွက်ချင်နေပေမယ့် မန်ယူကတော့ ပေါ်တူဂီတိုက်စစ်မှူးဟာ ရောင်းဖို့မဟုတ်ဘူးလို့ ငြင်းခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ နည်းပြတန်းဟတ်က သူ့ရဲ့စကားလည်းနားမထောင်၊ အသင်းမှာလည်းမပျော်တော့တဲ့ ရော်နယ်ဒိုကို ထွက်ခွာခွင့်ပေးလိုက်ပြီဆိုတဲ့သတင်းတွေ ထွက်နေတာပါ။

(zawgyi)

အက္သလက္တီကိုနည္းျပဆီႁမြန္နီကေတာ့ ေရာ္နယ္ဒိုကိုရဖို႔ သူ႔ရဲ႕တိုက္စစ္မႉးေတြကို အသုံးခ်ေတာ့မယ္လို႔ သိရပါတယ္။ ေပၚတူဂီၾကယ္ပြင့္အတြက္ သူ႔ရဲ႕တိုက္စစ္မႉးဂေရ႕ဇ္မန္းကို

အလိုက္ေပးကမ္းလွမ္းဖို႔ စိတ္ဝင္စားေနတယ္လို႔ The Times သတင္းစာက ေဖၚျပလိုက္တာပါ။ ေရာ္နယ္ဒိုရဲ႕ဖန္အႀကီးစားျဖစ္သလို ေပၚတူဂီသားနဲ႔အလုပ္တြဲလုပ္ခ်င္စိတ္ အင္မတန္ႀကီးမားေနတဲ့

ဆီႁမြန္နီဟာ ဒီအေရးကို အသင္းဘုတ္အဖြဲ႕ထံ တင္ျပထားတယ္လို႔လည္း ေရးသားထားပါတယ္။ ဒါ့အျပင္ ျပင္သစ္တိုက္စစ္မႉးကို မန္ယူဘက္က မလိုခ်င္ရင္ ေနာက္ထပ္တိုက္စစ္မႉးတစ္ဦးျဖစ္သူ မိုရာတာကို

အလိုက္ေပးဖို႔အထိ စီစဥ္ထားတယ္လို႔ဆိုပါတယ္။ ဒါေပမဲ့ ဒီကစားသမားႏွစ္ေယာက္လုံးဟာ ရာသီသစ္မွာ အသုံးတည့္ေနၾကသူေတြပါ။ ဂီတာေဖးကို ၃ ဂိုးျပတ္အႏိုင္ရတဲ့ ၿပီးခဲ့တဲ့လာလီဂါပြဲစဥ္မွာ

မိုရာတာက ၂ ဂိုး၊ ဂေရ႕ဇ္မန္းက ၁ ဂိုး သြင္းေပးခဲ့ပါတယ္။ ဒါေပမဲ့ ေရာ္နယ္ဒိုနဲ႔ မန္ယူရဲ႕ဆက္ဆံေရးကို အၿမဲေစာင့္ၾကည့္ေနတဲ့ အာဂ်င္တီးနားသားနည္းျပဟာ ေနာက္ဆုံးအေျခအေနအေပၚ

အခြင့္အေရးယူႏိုင္ဖို႔ ႀကိဳးစားလာတာျဖစ္မယ္လို႔လည္း သုံးသပ္မႈေတြရွိေနပါတယ္။ ေရာ္နယ္ဒိုက ခ်န္ပီယံလိဂ္ကစားခ်င္တာေၾကာင့္ အသင္းကေနထြက္ခ်င္ေနေပမယ့္ မန္ယူကေတာ့ ေပၚတူဂီတိုက္စစ္မႉးဟာ

ေရာင္းဖို႔မဟုတ္ဘူးလို႔ ျငင္းခဲ့ပါတယ္။ ဒါေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ နည္းျပတန္းဟတ္က သူ႔ရဲ႕စကားလည္းနားမေထာင္၊ အသင္းမွာလည္းမေပ်ာ္ေတာ့တဲ့ ေရာ္နယ္ဒိုကို ထြက္ခြာခြင့္ေပးလိုက္ၿပီဆိုတဲ့သတင္းေတြ ထြက္ေနတာပါ။