ရော်နယ်ဒိုလို တစ်ဦးချင်းထူးချွန်သူမျိုး မလိုချင်ဘူးလို့ အသင်းပိုင်ရှင်ကို တူချယ် ရဲရဲဝံ့ဝံ့ပြောပြီ

ဘောလုံးသမားတစ်ယောက်ကို မလိုချင်ဘူးလို့ နည်းပြတစ်ယောက်ကပြောတာ သဘာဝကျပါတယ်။ ကိုယ့်ရဲ့နည်းစနစ်၊ အနာဂတ်အစီအစဉ်၊ အသင်းရဲ့ဝန်းကျင်အနေအထားနဲ့

သင့်တော်မယ့်သူမျိုးသာ စဉ်းစားမှာပေါ့။ ဒါပေမဲ့ ရော်နယ်ဒိုလိုကစားသမားမျိုးကို ငြင်းပယ်ရဲတဲ့နည်းပြမျိုးရဲ့သတ္တိကိုတော့ လေးစားရမှာပါ။ ပေါ်တူဂီကြယ်ပွင့်အတွက်လည်း

အခံရခက်စေမယ့် အနေအထားမျိုးဖြစ်နေပါလိမ့်မယ်။ ရော်နယ်ဒိုလို တစ်ဦးချင်းထူးချွန်တဲ့ကစားသမားမျိုးတွေထက် အသင်းလိုက်စုဖွဲ့မှုမျိုးကိုသာ ပိုပြီးအာရုံစိုက်ချင်တယ်လို့ ချဲလ်ဆီးနည်းပြက

ပိုင်ရှင်သစ်တော့ဒ်ဘိုးလီကို သူ့ရဲ့အပြောင်းအရွှေ့ပေါ်လစီအကြောင်း ရှင်းပြလိုက်တာပါ။ ဒါက အန္တာရယ်လည်း ကြီးပါတယ်။ ရော်နယ်ဒိုဟာ အမေရိကန်သား

အသင်းပိုင်ရှင်လိုချင်နေတဲ့ကစားသမားပါ။ မေလကတောင် ရော်နယ်ဒိုရဲ့အေးဂျင့် ဂျော့မန်ဒက်စ်နဲ့ ပေါ်တူဂီမှာတွေ့ခဲ့ပါသေးတယ်။ အသင်းပိုင်ရှင်လိုချင်နေတဲ့ကစားသမား၊

ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်ကို မျက်ကွယ်ပြုရဲတဲ့ ဂျာမန်သားနည်းပြအတွက် စွန့်စားရတာမျိုးပါ။ အထူးသဖြင့် စတမ်းဖို့ဒ်ဘရစ်ချ်ကို တော့ဒ်ဘိုးလီရောက်စဖြစ်နေတာ

သိပ်မထောင်းသာပေမယ့် ကြာလာရင် မထင်မှတ်တာတွေတောင် ဖြစ်သွားနိုင်တာမျိုးပါ။ ဒါပေမဲ့ တူချယ်ကတော့ စတာလင်း၊ နောက်ထပ်ရောက်လာဖို့ရှိနေတဲ့ ကူလီဘာလေ အပါအဝင်

လက်ရှိကစားသမားတွေ၊ အကယ်ဒမီထွက်တွေနဲ့ စုစုစည်းစည်းရှိတဲ့အသင်းမျိုးသာ လိုချင်နေပါတယ်။

တနည်းအားဖြင့် တစ်ဦးတည်းအပေါ်မီခိုနေရတာမျိုး၊ အသင်းစိတ်ဝမ်းကွဲနိုင်တဲ့ ကစားသမားမျိုး၊ အခွင့်ထူးခံကစားသမားမျိုးကို မလိုချင်ဘူးလို့ ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့ကြေညာလိုက်တာပါပဲ။

(zawgyi)

ေဘာလုံးသမားတစ္ေယာက္ကို မလိုခ်င္ဘူးလို႔ နည္းျပတစ္ေယာက္ကေျပာတာ သဘာဝက်ပါတယ္။ ကိုယ့္ရဲ႕နည္းစနစ္၊ အနာဂတ္အစီအစဥ္၊ အသင္းရဲ႕ဝန္းက်င္အေနအထားနဲ႔ သင့္ေတာ္မယ့္သူမ်ိဳးသာ စဥ္းစားမွာေပါ့။

ဒါေပမဲ့ ေရာ္နယ္ဒိုလိုကစားသမားမ်ိဳးကို ျငင္းပယ္ရဲတဲ့နည္းျပမ်ိဳးရဲ႕သတၱိကိုေတာ့ ေလးစားရမွာပါ။ ေပၚတူဂီၾကယ္ပြင့္အတြက္လည္း အခံရခက္ေစမယ့္ အေနအထားမ်ိဳးျဖစ္ေနပါလိမ့္မယ္။

ေရာ္နယ္ဒိုလို တစ္ဦးခ်င္းထူးခြၽန္တဲ့ကစားသမားမ်ိဳးေတြထက္ အသင္းလိုက္စုဖြဲ႕မႈမ်ိဳးကိုသာ ပိုၿပီးအာ႐ုံစိုက္ခ်င္တယ္လို႔ ခ်ဲလ္ဆီးနည္းျပက ပိုင္ရွင္သစ္ေတာ့ဒ္ဘိုးလီကို သူ႔ရဲ႕အေျပာင္းအေ႐ႊ႕ေပၚလစီအေၾကာင္း ရွင္းျပလိုက္တာပါ။

ဒါက အႏၲာရယ္လည္း ႀကီးပါတယ္။ ေရာ္နယ္ဒိုဟာ အေမရိကန္သား အသင္းပိုင္ရွင္လိုခ်င္ေနတဲ့ကစားသမားပါ။ ေမလကေတာင္ ေရာ္နယ္ဒိုရဲ႕ေအးဂ်င့္ ေဂ်ာ့မန္ဒက္စ္နဲ႔ ေပၚတူဂီမွာေတြ႕ခဲ့ပါေသးတယ္။

အသင္းပိုင္ရွင္လိုခ်င္ေနတဲ့ကစားသမား၊ ကမာၻ႔အေကာင္းဆုံးကစားသမားတစ္ေယာက္ကို မ်က္ကြယ္ျပဳရဲတဲ့ ဂ်ာမန္သားနည္းျပအတြက္ စြန႔္စားရတာမ်ိဳးပါ။ အထူးသျဖင့္ စတမ္းဖို႔ဒ္ဘရစ္ခ်္ကို

ေတာ့ဒ္ဘိုးလီေရာက္စျဖစ္ေနတာ သိပ္မေထာင္းသာေပမယ့္ ၾကာလာရင္ မထင္မွတ္တာေတြေတာင္ ျဖစ္သြားႏိုင္တာမ်ိဳးပါ။ ဒါေပမဲ့ တူခ်ယ္ကေတာ့ စတာလင္း၊ ေနာက္ထပ္ေရာက္လာဖို႔ရွိေနတဲ့

ကူလီဘာေလ အပါအဝင္ လက္ရွိကစားသမားေတြ၊ အကယ္ဒမီထြက္ေတြနဲ႔ စုစုစည္းစည္းရွိတဲ့အသင္းမ်ိဳးသာ လိုခ်င္ေနပါတယ္။

တနည္းအားျဖင့္ တစ္ဦးတည္းအေပၚမီခိုေနရတာမ်ိဳး၊ အသင္းစိတ္ဝမ္းကြဲႏိုင္တဲ့ ကစားသမားမ်ိဳး၊ အခြင့္ထူးခံကစားသမားမ်ိဳးကို မလိုခ်င္ဘူးလို႔ ျပတ္ျပတ္သားသား ရဲရဲဝံ့ဝံ့ေၾကညာလိုက္တာပါပဲ။