ရော်နယ်ဒိုရဲ့ နွေရာသီအပြောင်းအရွှေ့ပုံပြင် အဆုံးသတ်သွားခဲ့ပြီ

ရော်နယ်ဒိုရဲ့နွေရာသီအပြောင်းအရွှေ့ပုံပြင်ဟာ မန်ယူမှာပဲဆက်နေခြင်းနဲ့အတူ အဆုံးသတ်သွားတော့မယ်လို့ သိရပါတယ်။ နောက်ဆုံးသတင်းထွက်ခဲ့တဲ့ နာပိုလီနဲ့ စပို့တင်းလစ္စဘွန်းတို့ကလည်း ပေါ်တူဂီကြယ်ပွင့်အတွက်

တရားဝင်ကမ်းလှမ်းမှု မလုပ်ခဲ့ကြပါဘူး။ ဒါကြောင့် ဒီနွေဈေးကွက်မှာ မန်ယူရဲ့အကောင်းဆုံးပုံပြင်နှစ်ပုဒ်ဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ဒီဂျောင်အရေးဟာ ပိုနေမြဲကျားနေမြဲသာရှိတော့မယ်လို့ သတင်းတွေထွက်လာတာပါ။

အထူးသဖြင့် ကြာသပတေးနေ့ ဈေးကွက်ပိတ်တော့မှာဖြစ်ပေမယ့် ရော်နယ်ဒိုအတွက် တရားဝင်ကမ်းလှမ်းမှု တစ်စုံတရာရောက်မလာတာဟာ ရွှေဘောလုံး ၅ ဆုရှင်ကို အိုးလ်ထရက်ဖို့ဒ်မှာပဲ

ဆက်မြင်ရဖို့သေချာသလောက်ရှိနေပြီလို့ Sky Sports သတင်းဌာနက သုံးသပ်ပါတယ်။ အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးဟာ ချန်ပီယံလိဂ်ကစားချင်တဲ့ သူ့ဆန္ဒကို ရှင်းရှင်းလင်းလင်း သိစေခဲ့ပါတယ်။

ဆော်ဒီကလပ်တစ်သင်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်မယ်ဆိုတာတောင် ငြင်းဆန်ခဲ့သူပါ။ စီးရီးအေကလပ် နာပိုလီ၊ ငယ်ဘဝအသင်း စပို့တင်းတို့နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထွက်ခဲ့ပါသေးတယ်။

ဒါပေမဲ့ နာမည်ကျော်အီတလီဂျာနယ်လစ် ကာလိုလော့ဒီဆာကလည်း လက်ရှိအချိန်မှာ ရော်နယ်ဒိုဟာ မန်ယူမှာပဲဆက်နေဖို့ရှိတော့တယ်လို့ Gazzetta dello Sport သတင်းစာကို ပြောသွားခဲ့ပါတယ်။

တနည်းအားဖြင့် နေပယ်ကလပ်ဟာ ရော်နယ်ဒိုအတွက် သူတို့ရဲ့ နိုင်ဂျီးယားတိုက်စစ်မှူးအွန်နီရှန်နဲ့ အလဲအထပ်လုပ်ဖွယ်ရှိတယ်ဆိုတဲ့သတင်းကို အဆုံးသတ်သွားစေခဲ့တာပါ။

(zawgyi)

ေရာ္နယ္ဒိုရဲ႕ေႏြရာသီအေျပာင္းအေ႐ႊ႕ပုံျပင္ဟာ မန္ယူမွာပဲဆက္ေနျခင္းနဲ႔အတူ အဆုံးသတ္သြားေတာ့မယ္လို႔ သိရပါတယ္။ ေနာက္ဆုံးသတင္းထြက္ခဲ့တဲ့ နာပိုလီနဲ႔ စပို႔တင္းလစၥဘြန္းတို႔ကလည္း

ေပၚတူဂီၾကယ္ပြင့္အတြက္ တရားဝင္ကမ္းလွမ္းမႈ မလုပ္ခဲ့ၾကပါဘူး။ ဒါေၾကာင့္ ဒီေႏြေဈးကြက္မွာ မန္ယူရဲ႕အေကာင္းဆုံးပုံျပင္ႏွစ္ပုဒ္ျဖစ္တဲ့ ေရာ္နယ္ဒိုနဲ႔ ဒီေဂ်ာင္အေရးဟာ

ပိုေနၿမဲက်ားေနၿမဲသာရွိေတာ့မယ္လို႔ သတင္းေတြထြက္လာတာပါ။ အထူးသျဖင့္ ၾကာသပေတးေန႔ ေဈးကြက္ပိတ္ေတာ့မွာျဖစ္ေပမယ့္ ေရာ္နယ္ဒိုအတြက္ တရားဝင္ကမ္းလွမ္းမႈ

တစ္စုံတရာေရာက္မလာတာဟာ ေ႐ႊေဘာလုံး ၅ ဆုရွင္ကို အိုးလ္ထရက္ဖို႔ဒ္မွာပဲ ဆက္ျမင္ရဖို႔ေသခ်ာသေလာက္ရွိေနၿပီလို႔ Sky Sports သတင္းဌာနက သုံးသပ္ပါတယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ

ခ်န္ပီယံလိဂ္ကစားခ်င္တဲ့ သူ႔ဆႏၵကို ရွင္းရွင္းလင္းလင္း သိေစခဲ့ပါတယ္။ ေဆာ္ဒီကလပ္တစ္သင္းက ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ေခၚမယ္ဆိုတာေတာင္ ျငင္းဆန္ခဲ့သူပါ။

စီးရီးေအကလပ္ နာပိုလီ၊ ငယ္ဘဝအသင္း စပို႔တင္းတို႔နဲ႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ သတင္းထြက္ခဲ့ပါေသးတယ္။ ဒါေပမဲ့ နာမည္ေက်ာ္အီတလီဂ်ာနယ္လစ္ ကာလိုေလာ့ဒီဆာကလည္း လက္ရွိအခ်ိန္မွာ ေရာ္နယ္ဒိုဟာ မန္ယူမွာပဲဆက္ေနဖို႔ရွိေတာ့တယ္လို႔

Gazzetta dello Sport သတင္းစာကို ေျပာသြားခဲ့ပါတယ္။ တနည္းအားျဖင့္ ေနပယ္ကလပ္ဟာ ေရာ္နယ္ဒိုအတြက္ သူတို႔ရဲ႕ ႏိုင္ဂ်ီးယားတိုက္စစ္မႉးအြန္နီရွန္နဲ႔ အလဲအထပ္လုပ္ဖြယ္ရွိတယ္ဆိုတဲ့သတင္းကို အဆုံးသတ္သြားေစခဲ့တာပါ။