ရော်နယ်ဒိုရဲ့ နံပါတ် ၇ အင်္ကျီရဖို့ မန်ယူပရိသတ်တွေ တန်းစီဝယ်ယူခဲ့ကြပြီး အားလုံးကုန်သွား

မန်ချက်စတာယူနိုက်တက်မှာ ရော်နယ်ဒို ဆက်ကစားမလား၊ ဒါမှမဟုတ် သတင်းတွေထွက်နေသလို ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့အသင်းတစ်သင်းဆီ ပြောင်းရွှေ့မလားဆိုတာ

အဖြေသိရပါတော့မယ်။ မန်ချက်စတာကိုပြန်ရောက်လာတဲ့ ပေါ်တူဂီကြယ်ပွင့်ဟာ ကာရင်တန်လေ့ကျင့်ကွင်းမှာ နည်းပြတန်းဟတ်၊ ရစ်ချတ်အာနိုး၊ ဆာအဲလက်စ်ဖာဂူဆန်တို့နဲ့

ဆွေးနွေးနေပါပြီ။ ဒါပေမဲ့ အိုးလ်ထရက်ဖို့ဒ်နဲ့ ၆ မိုင်အကွာမှာတော့ ပွဲတော်တစ်ခုလို လူတွေစည်ကားနေပါတယ်။ အဲဒီမှာ မန်ယူအသင်းရဲ့တရားဝင် အဝတ်အစားအရောင်းဆိုင်ရှိနေပါတယ်။

ပရိသတ်တွေဟာ ရော်နယ်ဒိုနာမည်ပါတဲ့ နံပါတ် ၇ ဂျာစီကို ဝယ်ယူဖို့ တန်းစီနေကြပါတယ်။ တနည်းအားဖြင့် ရော်နယ်ဒိုရဲ့ကျော်ကြားမှုက အိုးလ်ထရက်ဖို့ဒ်ကောင်းကင်ယံမှာ ရှိနေဆဲပါ။

မီဂါစတိုးဆိုင်မှာ ရော်နယ်ဒိုနာမည်ပါတဲ့အင်္ကျီတွေအားလုံး ကုန်သွားခဲ့ပါတယ်။ ကလေးတစ်ယောက်က သူ့အဖေကို သူ့အတွက် ရော်နယ်ဒိုရဲ့နာမည်ကျော်အောင်ပွဲခံပုံ ” Siiiu 7 ”

ဝတ်စုံဝယ်ပေးဖို့ပူဆာခဲ့တယ်လို့လည်း မန်ချက်စတာညနေခင်းသတင်းစာက ဖေါ်ပြပါတယ်။ ဖရက်ဒ်၊ တဲလက်စ်နဲ့ ရှိုရီတိုင်ယီတို့ရဲ့ ပရိသတ်တွေအတွက်ပါကံဆိုးတာကတော့

နံပါတ် ၁၇၊ ၂၇ နဲ့ ၄၇ အင်္ကျီတွေပါ မရနိုင်တော့တာပါပဲ။ သရဲနီပရိသတ်တွေဟာ နံပါတ် ၇ ပါတဲ့အင်္ကျီတွေဆို အားလုံးသိမ်းကျုံးဝယ်ခဲ့တယ်ထင်ပါရဲ့။

(zawgyi)

မန္ခ်က္စတာယူႏိုက္တက္မွာ ေရာ္နယ္ဒို ဆက္ကစားမလား၊ ဒါမွမဟုတ္ သတင္းေတြထြက္ေနသလို ခ်န္ပီယံလိဂ္ဝင္ခြင့္ရတဲ့အသင္းတစ္သင္းဆီ ေျပာင္းေ႐ႊ႕မလားဆိုတာ

အေျဖသိရပါေတာ့မယ္။ မန္ခ်က္စတာကိုျပန္ေရာက္လာတဲ့ ေပၚတူဂီၾကယ္ပြင့္ဟာ ကာရင္တန္ေလ့က်င့္ကြင္းမွာ နည္းျပတန္းဟတ္၊ ရစ္ခ်တ္အာႏိုး၊ ဆာအဲလက္စ္ဖာဂူဆန္တို႔နဲ႔

ေဆြးေႏြးေနပါၿပီ။ ဒါေပမဲ့ အိုးလ္ထရက္ဖို႔ဒ္နဲ႔ ၆ မိုင္အကြာမွာေတာ့ ပြဲေတာ္တစ္ခုလို လူေတြစည္ကားေနပါတယ္။ အဲဒီမွာ မန္ယူအသင္းရဲ႕တရားဝင္ အဝတ္အစားအေရာင္းဆိုင္ရွိေနပါတယ္။

ပရိသတ္ေတြဟာ ေရာ္နယ္ဒိုနာမည္ပါတဲ့ နံပါတ္ ၇ ဂ်ာစီကို ဝယ္ယူဖို႔ တန္းစီေနၾကပါတယ္။ တနည္းအားျဖင့္ ေရာ္နယ္ဒိုရဲ႕ေက်ာ္ၾကားမႈက အိုးလ္ထရက္ဖို႔ဒ္ေကာင္းကင္ယံမွာ ရွိေနဆဲပါ။

မီဂါစတိုးဆိုင္မွာ ေရာ္နယ္ဒိုနာမည္ပါတဲ့အက်ႌေတြအားလုံး ကုန္သြားခဲ့ပါတယ္။ ကေလးတစ္ေယာက္က သူ႔အေဖကို သူ႔အတြက္ ေရာ္နယ္ဒိုရဲ႕နာမည္ေက်ာ္ေအာင္ပြဲခံပုံ ” Siiiu 7 ”

ဝတ္စုံဝယ္ေပးဖို႔ပူဆာခဲ့တယ္လို႔လည္း မန္ခ်က္စတာညေနခင္းသတင္းစာက ေဖၚျပပါတယ္။ ဖရက္ဒ္၊ တဲလက္စ္နဲ႔ ရႈိရီတိုင္ယီတို႔ရဲ႕ ပရိသတ္ေတြအတြက္ပါကံဆိုးတာကေတာ့

နံပါတ္ ၁၇၊ ၂၇ နဲ႔ ၄၇ အက်ႌေတြပါ မရႏိုင္ေတာ့တာပါပဲ။ သရဲနီပရိသတ္ေတြဟာ နံပါတ္ ၇ ပါတဲ့အက်ႌေတြဆို အားလုံးသိမ္းက်ဳံးဝယ္ခဲ့တယ္ထင္ပါရဲ႕။