ရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ် ၃၈ သင်း ဂိုးသွင်းစံချိန်ကို မက်ဆီ ကျော်ဖြတ်

မက္ကာဘီဟိုင်ဖာနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ညဟာ မက်ဆီရဲ့ညဖြစ်ခဲ့ပါတယ်။ အိမ်ရှင်အစ္စရေးကလပ်ကို ၃-၁ ဂိုးနဲ့အနိုင်ရတဲ့ ဒီပွဲမှာ အာဂျင်တီးနားတိုက်စစ်မှူးဟာ ပီအက်စ်ဂျီအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့သလို အမ်ဘာပီရဲ့ဂိုးကိုလည်း

အဆင့်မြင့်မြင့်ဖန်တီးပေးနိုင်ခဲ့တာပါ။ ပါရီကလပ်အတွက် ပွဲသိမ်းဂိုးကိုတော့ ဗာရက်တီဖန်တီးပေးတာကနေ တိုက်စစ်မှူးနေမာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါဟာ မက်ဆီ၊ နေမာနဲ့ အမ်ဘာပီဆိုတဲ့ ပီအက်စ်ဂျီရဲ့ MNM တိုက်စစ်အတွဲ

ချန်ပီယံလိဂ်မှာ ပထမဆုံးအကြိမ်အဖြစ် အားလုံးဂိုးသွင်းနိုင်ခဲ့တဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် မက်ဆီအတွက် စံချိန်သစ်တစ်ခုတင်နိုင်ခဲ့တဲ့ပွဲ ဖြစ်ခဲ့တာပါ။ မက္ကာဘီဟိုင်ဖာဟာ ချန်ပီယံလိဂ်မှာ မက်ဆီဂိုးသွင်းနိုင်တဲ့ ၃၉ သင်းမြောက်ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် မတူညီတဲ့အသင်း ၃၈ သင်းကိုဂိုးသွင်းပြီး စံချိန်တင်ထားတဲ့ ပြိုင်ဘက်ရော်နယ်ဒိုကို တစ်သင်းအသာနဲ့ အာဂျင်တီးနားကြယ်ပွင့် ကျော်ဖြတ်နိုင်ခဲ့တာပါ။ ဒါ့အပြင် မက်ဆီဟာ ချန်ပီယံလိဂ်မှာ ၁၈ ရာသီဆက် ဂိုးသွင်းနိုင်တဲ့

ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ရော်နယ်ဒိုအတွက်တော့ ဒါဟာ သတင်းကောင်းဖြစ်မှာမဟုတ်တာ သေချာပါတယ်။ ပေါ်တူဂီသားဟာ ချန်ပီယံလိဂ်ကစားချင်တာကြောင့် မန်ယူကနေထွက်ခွာဖို့ ကြိုးစားခဲ့သူပါ။

တနည်းအားဖြင့် ချန်ပီယံလိဂ်မှာ ဂိုး ၁၄၀ သွင်းထားတဲ့ရော်နယ်ဒိုဟာ သူ့ရဲ့ ဂိုးသွင်းသူစာရင်းထိပ်ဆုံးနေရာကို ထိန်းသိမ်းချင်နေပါတယ်။ ဒါပေမဲ့ မန်ယူမှာဆက်နေခဲ့ရတာကြောင့် ယူရိုပါလိဂ်ကစားရင်း ပြိုင်ဘက်ကြီးမက်ဆီရဲ့သွင်းဂိုးတွေကို

ရင်နာနာနဲ့ကြည့်နေရတော့မယ့် အခြေအနေဖြစ်နေပါတယ်။ မက်ဆီဟာ အခုသွင်းဂိုးကြောင့် ချန်ပီယံလိဂ် ၁၂၆ ဂိုး ရှိသွားပြီဖြစ်ပြီး ရော်နယ်ဒိုကို ၁၄ ဂိုးအကွာနဲ့ဖိအားပေးနေပါပြီ။

(zawgyi)

မကၠာဘီဟိုင္ဖာနဲ႔ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ညဟာ မက္ဆီရဲ႕ညျဖစ္ခဲ့ပါတယ္။ အိမ္ရွင္အစၥေရးကလပ္ကို ၃-၁ ဂိုးနဲ႔အႏိုင္ရတဲ့ ဒီပြဲမွာ အာဂ်င္တီးနားတိုက္စစ္မႉးဟာ ပီအက္စ္ဂ်ီအတြက္ ဦးေဆာင္ဂိုးသြင္းေပးခဲ့သလို အမ္ဘာပီရဲ႕ဂိုးကိုလည္း

အဆင့္ျမင့္ျမင့္ဖန္တီးေပးႏိုင္ခဲ့တာပါ။ ပါရီကလပ္အတြက္ ပြဲသိမ္းဂိုးကိုေတာ့ ဗာရက္တီဖန္တီးေပးတာကေန တိုက္စစ္မႉးေနမာက သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ဒါဟာ မက္ဆီ၊ ေနမာနဲ႔ အမ္ဘာပီဆိုတဲ့ ပီအက္စ္ဂ်ီရဲ႕ MNM တိုက္စစ္အတြဲ ခ်န္ပီယံလိဂ္မွာ

ပထမဆုံးအႀကိမ္အျဖစ္ အားလုံးဂိုးသြင္းႏိုင္ခဲ့တဲ့ပြဲလည္း ျဖစ္ခဲ့ပါတယ္။ အထူးသျဖင့္ မက္ဆီအတြက္ စံခ်ိန္သစ္တစ္ခုတင္ႏိုင္ခဲ့တဲ့ပြဲ ျဖစ္ခဲ့တာပါ။ မကၠာဘီဟိုင္ဖာဟာ ခ်န္ပီယံလိဂ္မွာ မက္ဆီဂိုးသြင္းႏိုင္တဲ့ ၃၉ သင္းေျမာက္ျဖစ္လာခဲ့ပါတယ္။

ဒါေၾကာင့္ မတူညီတဲ့အသင္း ၃၈ သင္းကိုဂိုးသြင္းၿပီး စံခ်ိန္တင္ထားတဲ့ ၿပိဳင္ဘက္ေရာ္နယ္ဒိုကို တစ္သင္းအသာနဲ႔ အာဂ်င္တီးနားၾကယ္ပြင့္ ေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။ ဒါ့အျပင္ မက္ဆီဟာ ခ်န္ပီယံလိဂ္မွာ ၁၈ ရာသီဆက္ ဂိုးသြင္းႏိုင္တဲ့

ပထမဆုံးကစားသမားအျဖစ္လည္း မွတ္တမ္းဝင္သြားခဲ့ပါတယ္။ ေရာ္နယ္ဒိုအတြက္ေတာ့ ဒါဟာ သတင္းေကာင္းျဖစ္မွာမဟုတ္တာ ေသခ်ာပါတယ္။ ေပၚတူဂီသားဟာ ခ်န္ပီယံလိဂ္ကစားခ်င္တာေၾကာင့္ မန္ယူကေနထြက္ခြာဖို႔ ႀကိဳးစားခဲ့သူပါ။

တနည္းအားျဖင့္ ခ်န္ပီယံလိဂ္မွာ ဂိုး ၁၄၀ သြင္းထားတဲ့ေရာ္နယ္ဒိုဟာ သူ႔ရဲ႕ ဂိုးသြင္းသူစာရင္းထိပ္ဆုံးေနရာကို ထိန္းသိမ္းခ်င္ေနပါတယ္။ ဒါေပမဲ့ မန္ယူမွာဆက္ေနခဲ့ရတာေၾကာင့္ ယူ႐ိုပါလိဂ္ကစားရင္း ၿပိဳင္ဘက္ႀကီးမက္ဆီရဲ႕သြင္းဂိုးေတြကို

ရင္နာနာနဲ႔ၾကည့္ေနရေတာ့မယ့္ အေျခအေနျဖစ္ေနပါတယ္။ မက္ဆီဟာ အခုသြင္းဂိုးေၾကာင့္ ခ်န္ပီယံလိဂ္ ၁၂၆ ဂိုး ရွိသြားၿပီျဖစ္ၿပီး ေရာ္နယ္ဒိုကို ၁၄ ဂိုးအကြာနဲ႔ဖိအားေပးေနပါၿပီ။