ရော်နယ်ဒိုရဲ့အသင်းသစ် ဘိုင်ယန်မြူးနစ်ဖြစ်မယ်လို့ ရေပန်းအစားဆုံးဖြစ်နေ

မန်ယူကနေထွက်ခွာဖို့ ရော်နယ်ဒို ခွင့်တောင်းထားတယ်ဆိုတဲ့သတင်း ထွက်ပေါ်လာတဲ့နောက်မှာ ပေါ်တူဂီကြယ်ပွင့်ရဲ့အသင်းသစ် ဘာဖြစ်မလဲဆိုတာ ခန့်မှန်းမှုတွေရှိနေပါတယ်။

ဗြိတိန်အခြေစိုက်မီဒီယာတွေကတော့ ရော်နယ်ဒိုကိုခေါ်ယူနိုင်မယ့်အသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ်က ရေပန်းအစားဆုံးဖြစ်နေတယ်လို့ ဖေါ်ပြနေကြပါတယ်။

ဘွတ်ကီတွေရဲ့ဖွင့်လှစ်မှုမှာ ဘိုင်ယန်မြူးနစ်က ၉/၄ လေးနဲ့ ရေပန်းအစားဆုံးဖြစ်နေတာပါ။ ဒုတိယရေပန်းအစားဆုံးကတော့ ပရီးမီးယားလိဂ်ပြိုင်ဘက်ချဲလ်ဆီးဖြစ်ပြီး ၇/၂ လေး ဖွင့်လှစ်ထားပါတယ်။

ဒီနှစ်သင်းနောက်မှာ ရိုးမား၊ ရီးရဲလ်နဲ့ ပီအက်စ်ဂျီတို့က အစဉ်လိုက်ရပ်တည်နေတာပါ။ အခုလို အလေးပေးမှုတွေကြောင့် အိုးလ်ထရက်ဖို့ဒ်ကို ရော်နယ်ဒိုစွန့်ခွာတော့မယ်ဆိုတဲ့သတင်းဟာ

တကယ်ဖြစ်လာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။ သူ့ရဲ့အနာဂတ်အစီအစဉ်မှာ ရော်နယ်ဒိုရှိနေတယ်လို့ နည်းပြသစ်တန်းဟတ်က ထုတ်ပြောထားပေမယ့် အားလပ်ရက်ခရီးကနေ

အသင်းလေ့ကျင့်ကွင်းကို ရော်နယ်ဒို အချိန်မီပြန်ရောက်မလာနိုင်တာကလည်း မေးခွန်းထုတ်စရာတွေဖြစ်နေပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးကတော့ မိသားစုအကြောင်းပြချက်ပေးထားပြီး

သူ့ရဲ့အနာဂတ်အတွက် နယ်သာလန်သားနည်းပြနဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားမယ်လို့ ဖွင့်ဟကြောင်းလည်း သတင်းထွက်နေပါတယ်။

ဒါ့အပြင် မာနေးကိုရထားတဲ့ ဘိုင်ယန်မြူးနစ်ဟာ ရော်နယ်ဒိုကိုသာခေါ်ယူနိုင်ရင် လီဝမ်ဒေါစကီးကို ဘာစီလိုနာဆီ လက်လွှတ်နိုင်တယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။

(zawgyi)

မန္ယူကေနထြက္ခြာဖို႔ ေရာ္နယ္ဒို ခြင့္ေတာင္းထားတယ္ဆိုတဲ့သတင္း ထြက္ေပၚလာတဲ့ေနာက္မွာ ေပၚတူဂီၾကယ္ပြင့္ရဲ႕အသင္းသစ္ ဘာျဖစ္မလဲဆိုတာ ခန႔္မွန္းမႈေတြရွိေနပါတယ္။ ၿဗိတိန္အေျခစိုက္မီဒီယာေတြကေတာ့ ေရာ္နယ္ဒိုကိုေခၚယူႏိုင္မယ့္အသင္းေတြထဲမွာ ဘိုင္ယန္ျမဴးနစ္က ေရပန္းအစားဆုံးျဖစ္ေနတယ္လို႔ ေဖၚျပေနၾကပါတယ္။ ဘြတ္ကီေတြရဲ႕ဖြင့္လွစ္မႈမွာ ဘိုင္ယန္ျမဴးနစ္က ၉/၄ ေလးနဲ႔ ေရပန္းအစားဆုံးျဖစ္ေနတာပါ။ ဒုတိယေရပန္းအစားဆုံးကေတာ့ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ခ်ဲလ္ဆီးျဖစ္ၿပီး ၇/၂ ေလး ဖြင့္လွစ္ထားပါတယ္။ ဒီႏွစ္သင္းေနာက္မွာ ႐ိုးမား၊ ရီးရဲလ္နဲ႔ ပီအက္စ္ဂ်ီတို႔က အစဥ္လိုက္ရပ္တည္ေနတာပါ။ အခုလို အေလးေပးမႈေတြေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္ကို ေရာ္နယ္ဒိုစြန႔္ခြာေတာ့မယ္ဆိုတဲ့သတင္းဟာ တကယ္ျဖစ္လာႏိုင္တယ္ဆိုတဲ့ သုံးသပ္မႈေတြလည္းရွိေနပါတယ္။ သူ႔ရဲ႕အနာဂတ္အစီအစဥ္မွာ ေရာ္နယ္ဒိုရွိေနတယ္လို႔ နည္းျပသစ္တန္းဟတ္က ထုတ္ေျပာထားေပမယ့္ အားလပ္ရက္ခရီးကေန အသင္းေလ့က်င့္ကြင္းကို ေရာ္နယ္ဒို အခ်ိန္မီျပန္ေရာက္မလာႏိုင္တာကလည္း ေမးခြန္းထုတ္စရာေတြျဖစ္ေနပါတယ္။ ေပၚတူဂီတိုက္စစ္မႉးကေတာ့ မိသားစုအေၾကာင္းျပခ်က္ေပးထားၿပီး သူ႔ရဲ႕အနာဂတ္အတြက္ နယ္သာလန္သားနည္းျပနဲ႔ ပြင့္ပြင့္လင္းလင္းေဆြးေႏြးသြားမယ္လို႔ ဖြင့္ဟေၾကာင္းလည္း သတင္းထြက္ေနပါတယ္။ ဒါ့အျပင္ မာေနးကိုရထားတဲ့ ဘိုင္ယန္ျမဴးနစ္ဟာ ေရာ္နယ္ဒိုကိုသာေခၚယူႏိုင္ရင္ လီဝမ္ေဒါစကီးကို ဘာစီလိုနာဆီ လက္လႊတ္ႏိုင္တယ္လို႔လည္း သုံးသပ္မႈေတြရွိေနပါတယ္။