ရော်နယ်ဒိုရဲ့အဝတ်လဲခန်းအလေ့အကျင့်ကို အသင်းဖော်ဟောင်း ဘန်ဖော်စတာ ဖွင့်ချလိုက်

မန်ယူကထွက်ချင်နေတဲ့ ရော်နယ်ဒိုဟာ အသင်းအဝတ်လဲခန်းမှာ စိတ်ဝမ်းကွဲစေမယ့်သူ ဖြစ်လာနိုင်တယ်ဆိုတဲ့ အယူအဆကို အသင်းဖော်ဟောင်း ဘန်ဖော်စတာကတော့ လက်မခံပါဘူး။ လက်ရှိအချိန်မှာ မန်ယူစီနီယာကစားသမား

အတော်များများဟာ ရော်နယ်ဒိုကိုရောင်းချစေချင်နေကြပြီး ပေါ်တူဂီကြယ်ပွင့်ကြောင့် အဝတ်လဲခန်းအတွင်း စိတ်ဝမ်းကွဲမှုတွေဖြစ်လာမှာ စိုးရိမ်နေကြတယ်ဆိုတဲ့ သတင်းတွေထွက်နေပါတယ်။ ဒါပေမဲ့ အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးနဲ့

၂၀၀၅ ကနေ ၂၀၀၉ အထိ မန်ယူမှာအတူကစားခဲ့ဖူးတဲ့ ဂိုးသမားဖော်စတာကတော့ ရော်နယ်ဒိုဟာ ဘယ်တော့မှ ဖျက်လိုဖျက်ဆီးလုပ်တတ်သူ မဟုတ်ဘူးလို့ talkSPORT ကို ပြောသွားခဲ့တာပါ။ “ မဟုတ်ပါဘူး။

ဘယ်တော့မှ မဟုတ်ပါဘူး။ ရိုးရိုးသားသားပြောရရင် သူ့အသံက တကယ်မှန်ပါတယ်။ သူဟာ ဘယ်တုန်းကမှ အနှောင့်အယှက်မပေးခဲ့ပါဘူး။ လုံးဝပါပဲ။ ကျွန်တော့်မှာ သူ့အကြောင်း မကောင်းပြောစရာ စကားလုံးတစ်လုံးတောင် မရှိပါဘူး။

သူဟာ စူပါပရော်ဖက်ရှင်နယ်ဆိုတာ လူတိုင်းသိပါတယ်။ အားလုံးကို သူ မှန်မှန်ကန်ကန်ပဲလုပ်ပါတယ်။ လက်ရှိအချိန်ထိလည်း ဒီလိုပဲလို့ ကျွန်တော် အာမခံနိုင်ပါတယ်။ အင်စတာဂရမ်က သူ့ပုံတွေကိုကြည့်လိုက်လေ။ မွစာကြဲနေတာပဲ။ ရယ်စရာကောင်းတယ်။

သူ ပြန်လာမှာပါ။ သူက အဝင်အထွက်တိုင်း လက်ဆွဲနှုတ်ဆက်တတ်တဲ့ ပေါလ်စခိုးလိုတော့ မဟုတ်ဘူး။ သူက လူတွေကို စကားပြောဖို့ မကြိုးစားဘူး။ သီးသန့်လူသားပါ။ သူက လာမယ် ကစားမယ် အိမ်ပြန်မယ်လေ ” လို့ ဖော်စတာက ဆိုပါတယ်။

(zawgyi)

မန္ယူကထြက္ခ်င္ေနတဲ့ ေရာ္နယ္ဒိုဟာ အသင္းအဝတ္လဲခန္းမွာ စိတ္ဝမ္းကြဲေစမယ့္သူ ျဖစ္လာႏိုင္တယ္ဆိုတဲ့ အယူအဆကို အသင္းေဖာ္ေဟာင္း ဘန္ေဖာ္စတာကေတာ့ လက္မခံပါဘူး။ လက္ရွိအခ်ိန္မွာ မန္ယူစီနီယာကစားသမား

အေတာ္မ်ားမ်ားဟာ ေရာ္နယ္ဒိုကိုေရာင္းခ်ေစခ်င္ေနၾကၿပီး ေပၚတူဂီၾကယ္ပြင့္ေၾကာင့္ အဝတ္လဲခန္းအတြင္း စိတ္ဝမ္းကြဲမႈေတြျဖစ္လာမွာ စိုးရိမ္ေနၾကတယ္ဆိုတဲ့ သတင္းေတြထြက္ေနပါတယ္။

ဒါေပမဲ့ အသက္ ၃၇ ႏွစ္အ႐ြယ္တိုက္စစ္မႉးနဲ႔ ၂၀၀၅ ကေန ၂၀၀၉ အထိ မန္ယူမွာအတူကစားခဲ့ဖူးတဲ့ ဂိုးသမားေဖာ္စတာကေတာ့ ေရာ္နယ္ဒိုဟာ ဘယ္ေတာ့မွ ဖ်က္လိုဖ်က္ဆီးလုပ္တတ္သူ မဟုတ္ဘူးလို႔ talkSPORT ကို ေျပာသြားခဲ့တာပါ။

“ မဟုတ္ပါဘူး။ ဘယ္ေတာ့မွ မဟုတ္ပါဘူး။ ႐ိုး႐ိုးသားသားေျပာရရင္ သူ႔အသံက တကယ္မွန္ပါတယ္။ သူဟာ ဘယ္တုန္းကမွ အေႏွာင့္အယွက္မေပးခဲ့ပါဘူး။ လုံးဝပါပဲ။ ကြၽန္ေတာ့္မွာ သူ႔အေၾကာင္း မေကာင္းေျပာစရာ စကားလုံးတစ္လုံးေတာင္ မရွိပါဘူး။

သူဟာ စူပါပေရာ္ဖက္ရွင္နယ္ဆိုတာ လူတိုင္းသိပါတယ္။ အားလုံးကို သူ မွန္မွန္ကန္ကန္ပဲလုပ္ပါတယ္။ လက္ရွိအခ်ိန္ထိလည္း ဒီလိုပဲလို႔ ကြၽန္ေတာ္ အာမခံႏိုင္ပါတယ္။ အင္စတာဂရမ္က သူ႔ပုံေတြကိုၾကည့္လိုက္ေလ။ မြစာႀကဲေနတာပဲ။

ရယ္စရာေကာင္းတယ္။ သူ ျပန္လာမွာပါ။ သူက အဝင္အထြက္တိုင္း လက္ဆြဲႏႈတ္ဆက္တတ္တဲ့ ေပါလ္စခိုးလိုေတာ့ မဟုတ္ဘူး။ သူက လူေတြကို စကားေျပာဖို႔ မႀကိဳးစားဘူး။ သီးသန႔္လူသားပါ။ သူက လာမယ္ ကစားမယ္ အိမ္ျပန္မယ္ေလ ” လို႔ ေဖာ္စတာက ဆိုပါတယ္။