ရော်နယ်ဒိုရဲ့အထူးကြော်ငြာကို မပြရဲသေးဘဲ စိုးရိမ်ပူပန်နေရတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်ဟာ ၂၀၂၂-၂၃ ရာသီမှာဝတ်ဆင်မယ့် သူတို့ရဲ့အိမ်ကွင်းဝတ်စုံကို အသင်းတရားဝင်ဝက်ဘ်ဆိုက်ကနေ ကြော်ငြာခဲ့ပါတယ်။

ပိုစတာဘွိုင်းတွေထဲမှာ အနာဂတ်မသေမချာဖြစ်နေတဲ့ ရော်နယ်ဒိုလည်း ပါဝင်လာခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီကြယ်ပွင့်ဟာ အနီနဲ့အဖြူရောင် ရောစပ်ထားတဲ့

မန်ယူဂျာစီကိုဝတ်ဆင်ထားတာ တွေ့ရပါတယ်။ ဒါဟာ သူတို့အသင်းမှာ ရော်နယ်ဒိုရှိနေဆဲ၊ တနည်းအားဖြင့် အဓိက ကြော်ငြာမင်းသားဖြစ်နေဆဲဆိုတာ

ယုံကြည်မှုရှိစွာ မန်ယူထုတ်ပြလာခဲ့တာလို့ ယူဆစရာရှိပါတယ်။ ဂျာစီဒီဇိုင်းကတော့ ၁၉၉၀ ခုနှစ်ကာလအတွင်း မန်ယူရဲ့ရွှေခေတ်ဝတ်စုံကို ပြန်လည်ဆန်းသစ်ထားတာဖြစ်ပြီး

နာမည်ကျော်သရဲနီဟောင်းကန်တိုနာကိုလည်း ကြော်ငြာမှာတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ရော်နယ်ဒိုနဲ့ရိုက်ကူးထားတဲ့ အထူးကြော်ငြာတစ်ခုကိုတော့ မန်ယူ ထုတ်မပြရဲသေးဘဲ

ဆိုင်းငံ့ထားတယ်လို့ ဗြိတိန်အခြေစိုက် Daily Mail သတင်းစာက ဖေါ်ပြပါတယ်။ ဒီကြော်ငြာမှာ ရော်နယ်ဒိုဟာ ကန်တိုနာ၊ဘက်ခမ်းတို့နဲ့အတူ သရဲနီဂန္ထဝင်ကျော်နံပါတ် ၇ ပိုင်ရှင် ၃ ဦးအဖြစ်

ပါဝင်ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ရွှေဘောလုံး ၅ ဆုရှင်ဟာ သင့်တော်တဲ့ကမ်းလှမ်းမှုရရင် အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာချင်တယ်လို့ တောင်းဆိုထားပါတယ်။

ဒါကြောင့် သူ့ရဲ့အနာဂတ် ရှင်းရှင်းလင်းလင်းဖြစ်ချိန်ရောက်မှ အထူးကြော်ငြာကို ထုတ်ပြလာဖို့ရှိနေတာပါ။

လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုဟာ မန်ယူရဲ့ရာသီကြိုလေ့ကျင့်ရေးကို လာရောက်ခြင်းမရှိသလို ခြေစမ်းပွဲခရီးစဉ်မှာလည်း လိုက်ပါဖို့မရှိပါဘူး။

(zawgyi)

မန္ခ်က္စတာယူႏိုက္တက္ဟာ ၂၀၂၂-၂၃ ရာသီမွာဝတ္ဆင္မယ့္ သူတို႔ရဲ႕အိမ္ကြင္းဝတ္စုံကို အသင္းတရားဝင္ဝက္ဘ္ဆိုက္ကေန ေၾကာ္ျငာခဲ့ပါတယ္။

ပိုစတာဘြိဳင္းေတြထဲမွာ အနာဂတ္မေသမခ်ာျဖစ္ေနတဲ့ ေရာ္နယ္ဒိုလည္း ပါဝင္လာခဲ့ပါတယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္ ေပၚတူဂီၾကယ္ပြင့္ဟာ အနီနဲ႔အျဖဴေရာင္ ေရာစပ္ထားတဲ့ မန္ယူဂ်ာစီကိုဝတ္ဆင္ထားတာ ေတြ႕ရပါတယ္။

ဒါဟာ သူတို႔အသင္းမွာ ေရာ္နယ္ဒိုရွိေနဆဲ၊ တနည္းအားျဖင့္ အဓိက ေၾကာ္ျငာမင္းသားျဖစ္ေနဆဲဆိုတာ ယုံၾကည္မႈရွိစြာ မန္ယူထုတ္ျပလာခဲ့တာလို႔ ယူဆစရာရွိပါတယ္။

ဂ်ာစီဒီဇိုင္းကေတာ့ ၁၉၉၀ ခုႏွစ္ကာလအတြင္း မန္ယူရဲ႕ေ႐ႊေခတ္ဝတ္စုံကို ျပန္လည္ဆန္းသစ္ထားတာျဖစ္ၿပီး နာမည္ေက်ာ္သရဲနီေဟာင္းကန္တိုနာကိုလည္း ေၾကာ္ျငာမွာေတြ႕ခဲ့ရပါတယ္။

ဒါေပမဲ့ ေရာ္နယ္ဒိုနဲ႔႐ိုက္ကူးထားတဲ့ အထူးေၾကာ္ျငာတစ္ခုကိုေတာ့ မန္ယူ ထုတ္မျပရဲေသးဘဲ ဆိုင္းငံ့ထားတယ္လို႔ ၿဗိတိန္အေျခစိုက္ Daily Mail သတင္းစာက ေဖၚျပပါတယ္။

ဒီေၾကာ္ျငာမွာ ေရာ္နယ္ဒိုဟာ ကန္တိုနာ၊ဘက္ခမ္းတို႔နဲ႔အတူ သရဲနီဂႏၴဝင္ေက်ာ္နံပါတ္ ၇ ပိုင္ရွင္ ၃ ဦးအျဖစ္ ပါဝင္႐ိုက္ကူးထားတယ္လို႔ သိရပါတယ္။

ေ႐ႊေဘာလုံး ၅ ဆုရွင္ဟာ သင့္ေတာ္တဲ့ကမ္းလွမ္းမႈရရင္ အိုးလ္ထရက္ဖို႔ဒ္ကေန ထြက္ခြာခ်င္တယ္လို႔ ေတာင္းဆိုထားပါတယ္။ ဒါေၾကာင့္ သူ႔ရဲ႕အနာဂတ္ ရွင္းရွင္းလင္းလင္းျဖစ္ခ်ိန္ေရာက္မွ

အထူးေၾကာ္ျငာကို ထုတ္ျပလာဖို႔ရွိေနတာပါ။ လက္ရွိအခ်ိန္မွာေတာ့ ေရာ္နယ္ဒိုဟာ မန္ယူရဲ႕ရာသီႀကိဳေလ့က်င့္ေရးကို လာေရာက္ျခင္းမရွိသလို ေျခစမ္းပြဲခရီးစဥ္မွာလည္း လိုက္ပါဖို႔မရွိပါဘူး။