ရော်နယ်ဒိုရဲ့စံချိန်ကိုကျော်ဖြတ်ပြီး ယူအီးအက်ဖ်အေအကောင်းဆုံးဆုကို ဘန်ဇီမာ ဆွတ်ခူး

ပြီးခဲ့တဲ့ရာသီအတွက် ယူအီးအက်ဖ်အေ အကောင်းဆုံးအမျိုးသားကစားသမားဆုကို ရီးရဲလ်တိုက်စစ်မှူးဘန်ဇီမာက ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးအတွက်

ထိုက်တန်တဲ့ဆုတစ်ခုလို့လည်းဆိုနိုင်ပါတယ်။ ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီမှာ ရီးရဲလ်အတွက် ပြိုင်ပွဲစုံ ၄၆ ပွဲကစား ၄၄ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် ၁၂ ပွဲမှာ ၁၅ ဂိုး သွင်းပြီး

၁ ဂိုး ဖန်တီးပေးခဲ့တာပါ။ တနည်းအားဖြင့် မက်ဒရစ်ကလပ်ရဲ့ လာလီဂါနဲ့ချန်ပီယံလိဂ်အောင်မြင်မှုမှာ သူ့ရဲ့အခန်းကဏ္ဍဟာ အဓိကကျခဲ့ပါတယ်။ ပြင်သစ်တိုက်စစ်မှူးအတွက် နောက်ထပ်ဂုဏ်ယူစရာ

တစ်ခုကတော့ ယူအီးအက်ဖ်အေ အကောင်းဆုံးအမျိုးသားကစားသမားဆုသမိုင်းမှာ ရမှတ်အများဆုံးနဲ့ ဆုရခဲ့တာပါပဲ။ စုစုပေါင်းရမှတ် ၅၂၃ မှတ် ရရှိခဲ့တဲ့ဘန်ဇီမာဟာ ၂၀၁၆-၁၇ ရာသီတုန်းက

စံချိန်တင်ရမှတ်နဲ့ ဆုချီးမြှင့်ခံခဲ့ရတဲ့ ရော်နယ်ဒိုကို ကျော်ဖြတ်သွားနိုင်ခဲ့တာပါ။ ကမ္ဘာ့ဘောလုံးလောကရဲ့ အထင်ကရဆုတွေနဲ့ဝေးကွာနေတဲ့ သူ့အတွက် အခု ယူအီးအက်ဖ်အေအကောင်းဆုံးဆုဟာ

တစ်ဦးချင်းဆုတွေထဲမှာ အမြင့်ဆုံးရရှိခဲ့တာဖြစ်ပြီး လာမယ့် အောက်တိုဘာမှာကျင်းပမယ့် ရွှေဘောလုံးဆုအတွက်လည်း ရေပန်းစားနေပါတယ်။ ဘန်ဇီမာဟာ ဆန်ကာတင် ၃ ဦးစာရင်းဝင်

အသင်းဖော်ကော်တိုရစ်နဲ့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းတို့ကိုလည်း မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးအမျိုးသားနည်းပြဆုကိုလည်း ချန်ပီယံလိဂ်ဖလားပိုင်ရှင် ရီးရဲလ်နည်းပြအန်ဆယ်လော့တီက ရရှိသွားခဲ့တာပါ။

(zawgyi)

ၿပီးခဲ့တဲ့ရာသီအတြက္ ယူအီးအက္ဖ္ေအ အေကာင္းဆုံးအမ်ိဳးသားကစားသမားဆုကို ရီးရဲလ္တိုက္စစ္မႉးဘန္ဇီမာက ဆြတ္ခူးရရွိသြားခဲ့ပါတယ္။ အသက္ ၃၄ ႏွစ္အ႐ြယ္ ျပင္သစ္တိုက္စစ္မႉးအတြက္

ထိုက္တန္တဲ့ ဆုတစ္ခုလို႔လည္းဆိုႏိုင္ပါတယ္။ ဘန္ဇီမာဟာ ၿပီးခဲ့တဲ့ရာသီမွာ ရီးရဲလ္အတြက္ ၿပိဳင္ပြဲစုံ ၄၆ ပြဲကစား ၄၄ ဂိုး သြင္းယူေပးခဲ့ပါတယ္။ ဒါ့အျပင္ ခ်န္ပီယံလိဂ္ ၁၂ ပြဲမွာ ၁၅ ဂိုး သြင္းၿပီး ၁ ဂိုး

ဖန္တီးေပးခဲ့တာပါ။ တနည္းအားျဖင့္ မက္ဒရစ္ကလပ္ရဲ႕ လာလီဂါနဲ႔ခ်န္ပီယံလိဂ္ေအာင္ျမင္မႈမွာ သူ႔ရဲ႕အခန္းက႑ဟာ အဓိကက်ခဲ့ပါတယ္။ ျပင္သစ္တိုက္စစ္မႉးအတြက္ ေနာက္ထပ္ဂုဏ္ယူစရာ

တစ္ခုကေတာ့ ယူအီးအက္ဖ္ေအ အေကာင္းဆုံးအမ်ိဳးသားကစားသမားဆုသမိုင္းမွာ ရမွတ္အမ်ားဆုံးနဲ႔ ဆုရခဲ့တာပါပဲ။ စုစုေပါင္းရမွတ္ ၅၂၃ မွတ္ ရရွိခဲ့တဲ့ဘန္ဇီမာဟာ ၂၀၁၆-၁၇ ရာသီတုန္းက

စံခ်ိန္တင္ရမွတ္နဲ႔ ဆုခ်ီးျမႇင့္ခံခဲ့ရတဲ့ ေရာ္နယ္ဒိုကို ေက်ာ္ျဖတ္သြားႏိုင္ခဲ့တာပါ။ ကမာၻ႔ေဘာလုံးေလာကရဲ႕ အထင္ကရဆုေတြနဲ႔ေဝးကြာေနတဲ့ သူ႔အတြက္ အခု ယူအီးအက္ဖ္ေအအေကာင္းဆုံးဆုဟာ

တစ္ဦးခ်င္းဆုေတြထဲမွာ အျမင့္ဆုံးရရွိခဲ့တာျဖစ္ၿပီး လာမယ့္ ေအာက္တိုဘာမွာက်င္းပမယ့္ ေ႐ႊေဘာလုံးဆုအတြက္လည္း ေရပန္းစားေနပါတယ္။ ဘန္ဇီမာဟာ ဆန္ကာတင္ ၃ ဦးစာရင္းဝင္ အသင္းေဖာ္ေကာ္တိုရစ္နဲ႔

မန္စီးတီးကြင္းလယ္လူ ဒီဘ႐ိုင္းတို႔ကိုလည္း မဲအျပတ္အသတ္နဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။ ယူအီးအက္ဖ္ေအ တစ္ႏွစ္တာအေကာင္းဆုံးအမ်ိဳးသားနည္းျပဆုကိုလည္း ခ်န္ပီယံလိဂ္ဖလားပိုင္ရွင္ ရီးရဲလ္နည္းျပအန္ဆယ္ေလာ့တီက ရရွိသြားခဲ့တာပါ။