ရော်နယ်ဒိုရဲ့ကျေးဇူးကြွေးတွေ သူ့အပေါ်မှာအများကြီးရှိနေတယ်လို့ ဘန်ဇီမာ သိတတ်လာ

ဖရန့်ဖတ်နဲ့ ဥရောပစူပါဖလားပွဲမကစားခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဘန်ဇီမာက အသင်းဖော်ဟောင်း ရော်နယ်ဒိုနဲ့ပတ်သက်ပြီး ပြောလိုက်တာပါ။ ၂၀၁၈ တုန်းက ရီးရဲလ်ကနေ

ရော်နယ်ဒိုထွက်ခွာသွားခဲ့တာဟာ သူ့ကို ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတစ်ယောက်ဖြစ်လာဖို့ အပြောင်းအလဲဖြစ်စေခဲ့တယ်လို့ ဝန်ခံလိုက်တာဖြစ်ပါတယ်။ ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီတုန်းက

ပြိုင်ပွဲစုံ ၄၄ ဂိုး သွင်းနိုင်ခဲ့ပြီး အံ့မခန်းရာသီတစ်ခု ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ရီးရဲလ်မက်ဒရစ်ရဲ့ လာလီဂါနဲ့ချန်ပီယံလိဂ် အောင်မြင်မှုတွေမှာ မယုံနိုင်လောက်အောင် အရေးပါတဲ့ကဏ္ဍကနေ

ကူညီပေးနိုင်ခဲ့တာပါ။ သူဟာ ရီးရဲလ်မှာ ရော်နယ်ဒိုချန်ထားခဲ့တဲ့ ကွက်လပ်တွေကိုဖြည့်ပေးနိုင်ခဲ့ပေမယ့် ပေါ်တူဂီကြယ်ပွင့်ရဲ့ ကွင်းတွင်းကွင်းပြင် အကူအညီတွေအတွက် ကြွေးတင်နေတယ်လို့ဆိုပါတယ်။

“ ရီးရဲလ်ကနေ ရော်နယ်ဒိုထွက်ခွာသွားကတည်းက ကျွန်တော့်အတွက် ကွဲပြားမှုတွေဖြစ်စေခဲ့တာပါ။ ကျွန်တော် ဂိုးတွေအများကြီး သွင်းနိုင်ခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ ရော်နယ်ဒိုရှိစဉ်တုန်းကတော့

မတူညီတဲ့ကစားဟန်နဲ့အတူ ကျွန်တော်က ပံ့ပိုးမှုတွေပိုလုပ်ခဲ့ရတာပါ။ သူဟာ ကွင်းတွင်းမှာရော ကွင်းပြင်မှာပါ ကျွန်တော့်ကို တကယ်ကူညီပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ကစပြီး

ကျွန်တော် ဒီထက်ပိုလုပ်နိုင်တယ်ဆိုတာသိခဲ့သလို သူထွက်သွားချိန်မှာတော့ ကျွန်တော့်ရဲ့ပွဲတွေ၊ ရည်မှန်းချက်တွေကို ပြောင်းလဲဖို့ အချိန်တန်ပြီလို့နားလည်ခဲ့ပါတယ်။

လက်ရှိအခိုက်အတန့်မှာ ကျွန်တော် ဒါကို ကောင်းကောင်းလုပ်နေပါတယ် ” လို့ ဘန်ဇီမာက ပြောသွားခဲ့တာပါ။ သူတို့နှစ်ဦးဟာ ၂၀၁၈ မှာ ဂျူဗင်တပ်ကို ရော်နယ်ဒိုမထွက်ခွာခင် အတူတွဲကစားခဲ့ကြပြီး ဆုဖလား ၉ လုံးဆွတ်ခူးနိုင်ခဲ့ပါတယ်။

(zawgyi)

ဖရန႔္ဖတ္နဲ႔ ဥေရာပစူပါဖလားပြဲမကစားခင္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ဘန္ဇီမာက အသင္းေဖာ္ေဟာင္း ေရာ္နယ္ဒိုနဲ႔ပတ္သက္ၿပီး ေျပာလိုက္တာပါ။ ၂၀၁၈ တုန္းက ရီးရဲလ္ကေန ေရာ္နယ္ဒိုထြက္ခြာသြားခဲ့တာဟာ

သူ႔ကို ကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးတစ္ေယာက္ျဖစ္လာဖို႔ အေျပာင္းအလဲျဖစ္ေစခဲ့တယ္လို႔ ဝန္ခံလိုက္တာျဖစ္ပါတယ္။ ဘန္ဇီမာဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ၿပိဳင္ပြဲစုံ ၄၄ ဂိုး သြင္းႏိုင္ခဲ့ၿပီး အံ့မခန္းရာသီတစ္ခု

ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။ အထူးသျဖင့္ ရီးရဲလ္မက္ဒရစ္ရဲ႕ လာလီဂါနဲ႔ခ်န္ပီယံလိဂ္ ေအာင္ျမင္မႈေတြမွာ မယုံႏိုင္ေလာက္ေအာင္ အေရးပါတဲ့က႑ကေန ကူညီေပးႏိုင္ခဲ့တာပါ။ သူဟာ ရီးရဲလ္မွာ ေရာ္နယ္ဒိုခ်န္ထားခဲ့တဲ့

ကြက္လပ္ေတြကိုျဖည့္ေပးႏိုင္ခဲ့ေပမယ့္ ေပၚတူဂီၾကယ္ပြင့္ရဲ႕ ကြင္းတြင္းကြင္းျပင္ အကူအညီေတြအတြက္ ေႂကြးတင္ေနတယ္လို႔ဆိုပါတယ္။ “ ရီးရဲလ္ကေန ေရာ္နယ္ဒိုထြက္ခြာသြားကတည္းက ကြၽန္ေတာ့္အတြက္

ကြဲျပားမႈေတြျဖစ္ေစခဲ့တာပါ။ ကြၽန္ေတာ္ ဂိုးေတြအမ်ားႀကီး သြင္းႏိုင္ခဲ့တာမွန္ပါတယ္။ ဒါေပမဲ့ ေရာ္နယ္ဒိုရွိစဥ္တုန္းကေတာ့ မတူညီတဲ့ကစားဟန္နဲ႔အတူ ကြၽန္ေတာ္က ပံ့ပိုးမႈေတြပိုလုပ္ခဲ့ရတာပါ။ သူဟာ ကြင္းတြင္းမွာေရာ

ကြင္းျပင္မွာပါ ကြၽန္ေတာ့္ကို တကယ္ကူညီေပးခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီအခ်ိန္ကစၿပီး ကြၽန္ေတာ္ ဒီထက္ပိုလုပ္ႏိုင္တယ္ဆိုတာသိခဲ့သလို သူထြက္သြားခ်ိန္မွာေတာ့ ကြၽန္ေတာ့္ရဲ႕ပြဲေတြ၊ ရည္မွန္းခ်က္ေတြကို ေျပာင္းလဲဖို႔

အခ်ိန္တန္ၿပီလို႔နားလည္ခဲ့ပါတယ္။ လက္ရွိအခိုက္အတန႔္မွာ ကြၽန္ေတာ္ ဒါကို ေကာင္းေကာင္းလုပ္ေနပါတယ္ ” လို႔ ဘန္ဇီမာက ေျပာသြားခဲ့တာပါ။ သူတို႔ႏွစ္ဦးဟာ ၂၀၁၈ မွာ ဂ်ဴဗင္တပ္ကို ေရာ္နယ္ဒိုမထြက္ခြာခင္ အတူတြဲကစားခဲ့ၾကၿပီး ဆုဖလား ၉ လုံးဆြတ္ခူးႏိုင္ခဲ့ပါတယ္။