ရော်နယ်ဒိုပြောင်းချင်နေတဲ့အသင်းက ချဲလ်ဆီးလို့ သတင်းထွက်လာ

ရော်နယ်ဒိုပြောင်းချင်နေတဲ့အသင်းက ချဲလ်ဆီးပါလို့ ESPN သတင်းဌာနက ဖေါ်ပြလာပါတယ်။ အသက် ၃၇ နှစ်အရွယ်ပေါ်တူဂီသားဟာ ချန်ပီယံလိဂ်ကစားချင်တာကြောင့် အိုးလ်ထရက်ဖို့ဒ်ကိုစွန့်ခွာချင်နေတာပါ။

ဒါပေမဲ့ သူ့ရဲ့တစ်ပတ်လုပ်ခလစာ ပေါင် ၅ သိန်းကို ပေးချေနိုင်မယ့်အသင်းက ခပ်ရှားရှားဖြစ်နေပါတယ်။ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်တို့လိုပဲ ဖြစ်နိုင်ချေရှိတဲ့အသင်းတစ်သင်းကတော့ ချဲလ်ဆီးပါ။

ချဲလ်ဆီးဥက္ကဌတော့ဘိုလေနဲ့ ရော်နယ်ဒိုရဲ့အေးဂျင့် ဂျော့မန်ဒက်စ်တို့ကြား ဆက်သွယ်မှုတွေရှိနေတယ်လို့တော့ သတင်းထွက်နေပါတယ်။

ဆိုလိုတာက ရော်နယ်ဒိုဟာ စတမ်းဖို့ဒ်ဘရစ်ချ်လာချင်ကြောင်းကို အေးဂျင့်ကတစ်ဆင့် အသိပေးထားတဲ့အနေအထားပါ။ လက်ရှိအချိန်မှာ ချဲလ်ဆီးအားကစားဒါရိုက်တာရာထူးကိုပါ ရယူထားရတဲ့ဘိုလေကလည်း

ရော်နယ်ဒိုလို နာမည်ကြီးတွေကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။ ဒါပေမဲ့ မန်ယူတိုက်စစ်မှူးကို ကမ်းလှမ်းဖို့တရားဝင်ဆုံးဖြတ်တာမျိုးတော့ မလုပ်ရသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် နည်းပြတူချယ်ကလည်း ရော်နယ်ဒိုကိုခေါ်ယူချင်ပါ့မလား၊ ဂျာမန်သားရဲ့ကစားကွက်နဲ့ရော အံဝင်နိုင်ပါ့မလားဆိုတာလည်း စောင့်ကြည့်ချင်စရာဖြစ်နေပါတယ်။

ပေါ်တူဂီကြယ်ပွင့်ဘက်ကတော့ အသင်းသစ်မှာ လစာလျှော့ယူဖို့အဆင်သင့်ဖြစ်နေတယ်လို့ သတင်းထွက်နေသလို မန်ယူရဲ့ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်ကိုလည်း မိသားစုကိစ္စအကြောင်းပြပြီး ပျက်ကွက်ခဲ့ပါတယ်။

(zawgyi)

ေရာ္နယ္ဒိုေျပာင္းခ်င္ေနတဲ့အသင္းက ခ်ဲလ္ဆီးပါလို႔ ESPN သတင္းဌာနက ေဖၚျပလာပါတယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္ေပၚတူဂီသားဟာ ခ်န္ပီယံလိဂ္ကစားခ်င္တာေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္ကိုစြန႔္ခြာခ်င္ေနတာပါ။

ဒါေပမဲ့ သူ႔ရဲ႕တစ္ပတ္လုပ္ခလစာ ေပါင္ ၅ သိန္းကို ေပးေခ်ႏိုင္မယ့္အသင္းက ခပ္ရွားရွားျဖစ္ေနပါတယ္။ ပီအက္စ္ဂ်ီနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔လိုပဲ ျဖစ္ႏိုင္ေခ်ရွိတဲ့အသင္းတစ္သင္းကေတာ့ ခ်ဲလ္ဆီးပါ။

ခ်ဲလ္ဆီးဥကၠဌေတာ့ဘိုေလနဲ႔ ေရာ္နယ္ဒိုရဲ႕ေအးဂ်င့္ ေဂ်ာ့မန္ဒက္စ္တို႔ၾကား ဆက္သြယ္မႈေတြရွိေနတယ္လို႔ေတာ့ သတင္းထြက္ေနပါတယ္။ ဆိုလိုတာက ေရာ္နယ္ဒိုဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္လာခ်င္ေၾကာင္းကို ေအးဂ်င့္ကတစ္ဆင့္ အသိေပးထားတဲ့အေနအထားပါ။

လက္ရွိအခ်ိန္မွာ ခ်ဲလ္ဆီးအားကစားဒါ႐ိုက္တာရာထူးကိုပါ ရယူထားရတဲ့ဘိုေလကလည္း ေရာ္နယ္ဒိုလို နာမည္ႀကီးေတြကိုေခၚယူဖို႔ စိတ္ဝင္စားေနတယ္ဆိုတဲ့သတင္းေတြ ထြက္ေနပါတယ္။

ဒါေပမဲ့ မန္ယူတိုက္စစ္မႉးကို ကမ္းလွမ္းဖို႔တရားဝင္ဆုံးျဖတ္တာမ်ိဳးေတာ့ မလုပ္ရေသးဘူးလို႔ သိရပါတယ္။ ဒါ့အျပင္ နည္းျပတူခ်ယ္ကလည္း ေရာ္နယ္ဒိုကိုေခၚယူခ်င္ပါ့မလား၊ ဂ်ာမန္သားရဲ႕ကစားကြက္နဲ႔ေရာ အံဝင္ႏိုင္ပါ့မလားဆိုတာလည္း

ေစာင့္ၾကည့္ခ်င္စရာျဖစ္ေနပါတယ္။ ေပၚတူဂီၾကယ္ပြင့္ဘက္ကေတာ့ အသင္းသစ္မွာ လစာေလွ်ာ့ယူဖို႔အဆင္သင့္ျဖစ္ေနတယ္လို႔ သတင္းထြက္ေနသလို မန္ယူရဲ႕ပထမဆုံးေလ့က်င့္ေရးအစီအစဥ္ကိုလည္း မိသားစုကိစၥအေၾကာင္းျပၿပီး ပ်က္ကြက္ခဲ့ပါတယ္။