
ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်ဖို့ရုန်းကန်ရလိမ့်မယ်၊ အသားကျဖို့ အချိန်ယူရမယ် စတဲ့ သူ့အပေါ်ဝေဖန်အကဲဖြတ်မှုတွေကို မန်စီးတီးတိုက်စစ်မှူးဟာလန်းက
ပထမဆုံးအကြိမ်အဖြစ် တုံ့ပြန်လာခဲ့ပါတယ်။ ဒေါ့တ်မန်ကရောက်လာတဲ့ ပေါင် ၅၁ သန်းတန်တိုက်စစ်မှူးဟာ မိုးပြာရောင်ပရိသတ်တွေရဲ့မျှော်လင့်ချက်ဖြစ်နေပေမယ့်
လီဗာပူးလ်ကိုရှုံးတဲ့ ကွန်မြူနတီဒိုင်းပွဲကခြေစွမ်းကြောင့် အားမလိုအားမရဖြစ်နေကြပါတယ်။ နော်ဝေတိုက်စစ်မှူးကတော့
အဲဒီအတွက် သူ့မှာပြဿနာမရှိဘူးလို့ Sky Sports နဲ့အင်တာဗျူးမှာ ပြောသွားခဲ့တာပါ။ “ အရာရာတိုင်းမှာ ကျွန်တော်ပိုကောင်းလာနိုင်ပါတယ်။
လူငယ်တစ်ယောက်အနေနဲ့ ဂွါဒီယိုလာအတွက်၊ အင်္ဂလန်ရဲ့အကောင်းဆုံး အသင်းတစ်သင်းအတွက် ကစားနေမှတော့ တိုးတက်လာဖို့ပဲရှိပါတယ်။
အခြေကျတာနဲ့ပတ်သက်လို့တော့ လူတွေကပြောကြမှာပဲ။ အချိန်ယူရမယ် ဒါမှမဟုတ် ချက်ချင်းအဆင်ပြေသွားမယ်တို့ပေါ့။ ကျွန်တော်ကတော့ မစိုးရိမ်ပါဘူး။
အဲဒါ ဘောလုံးသမားတစ်ယောက်ရဲ့ဘဝပါပဲ ” လို့ ဟာလန်းက ပြောသွားခဲ့တာပါ။ ဒါ့အပြင် အင်တာဗျူးတဲ့ ဂျော့ဖ်ရှာရီဗက်စ်က သူ့မှာ
ရော်နယ်ဒိုနဲ့အီဘရာဟီမိုဗစ်တို့လို စရိုက်မျိုးမတွေ့ဘူးလို့ မှတ်ချက်ပေးတာကိုလည်း နော်ဝေသားက “ မလိုပါဘူး။ ကျွန်တော်က ဒါမျိုးမလိုပါဘူး။
အင်စတာဂရမ်မှာ ဟာသလုပ်ရတာမျိုး ကျွန်တော်ကြိုက်တယ်။ တကယ်နှစ်သက်တာကတော့ အပန်းဖြေတာ၊ ပျော်ပျော်နေတာပါပဲ ” လို့ တုံ့ပြန်သွားခဲ့တာပါ။
(zawgyi)
ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပႏိုင္ဖို႔႐ုန္းကန္ရလိမ့္မယ္၊ အသားက်ဖို႔ အခ်ိန္ယူရမယ္ စတဲ့ သူ႔အေပၚေဝဖန္အကဲျဖတ္မႈေတြကို မန္စီးတီးတိုက္စစ္မႉးဟာလန္းက
ပထမဆုံးအႀကိမ္အျဖစ္ တုံ႔ျပန္လာခဲ့ပါတယ္။ ေဒါ့တ္မန္ကေရာက္လာတဲ့ ေပါင္ ၅၁ သန္းတန္တိုက္စစ္မႉးဟာ မိုးျပာေရာင္ပရိသတ္ေတြရဲ႕ေမွ်ာ္လင့္ခ်က္ျဖစ္ေနေပမယ့္
လီဗာပူးလ္ကိုရႈံးတဲ့ ကြန္ျမဴနတီဒိုင္းပြဲကေျခစြမ္းေၾကာင့္ အားမလိုအားမရျဖစ္ေနၾကပါတယ္။ ေနာ္ေဝတိုက္စစ္မႉးကေတာ့ အဲဒီအတြက္
သူ႔မွာျပႆနာမရွိဘူးလို႔ Sky Sports နဲ႔အင္တာဗ်ဴးမွာ ေျပာသြားခဲ့တာပါ။ “ အရာရာတိုင္းမွာ ကြၽန္ေတာ္ပိုေကာင္းလာႏိုင္ပါတယ္။ လူငယ္တစ္ေယာက္အေနနဲ႔ ဂြါဒီယိုလာအတြက္၊
အဂၤလန္ရဲ႕အေကာင္းဆုံး အသင္းတစ္သင္းအတြက္ ကစားေနမွေတာ့ တိုးတက္လာဖို႔ပဲရွိပါတယ္။ အေျခက်တာနဲ႔ပတ္သက္လို႔ေတာ့ လူေတြကေျပာၾကမွာပဲ။
အခ်ိန္ယူရမယ္ ဒါမွမဟုတ္ ခ်က္ခ်င္းအဆင္ေျပသြားမယ္တို႔ေပါ့။ ကြၽန္ေတာ္ကေတာ့ မစိုးရိမ္ပါဘူး။ အဲဒါ ေဘာလုံးသမားတစ္ေယာက္ရဲ႕ဘဝပါပဲ ” လို႔ ဟာလန္းက
ေျပာသြားခဲ့တာပါ။ ဒါ့အျပင္ အင္တာဗ်ဴးတဲ့ ေဂ်ာ့ဖ္ရွာရီဗက္စ္က သူ႔မွာ ေရာ္နယ္ဒိုနဲ႔အီဘရာဟီမိုဗစ္တို႔လို စ႐ိုက္မ်ိဳးမေတြ႕ဘူးလို႔ မွတ္ခ်က္ေပးတာကိုလည္း ေနာ္ေဝသားက
“ မလိုပါဘူး။ ကြၽန္ေတာ္က ဒါမ်ိဳးမလိုပါဘူး။ အင္စတာဂရမ္မွာ ဟာသလုပ္ရတာမ်ိဳး ကြၽန္ေတာ္ႀကိဳက္တယ္။ တကယ္ႏွစ္သက္တာကေတာ့ အပန္းေျဖတာ၊ ေပ်ာ္ေပ်ာ္ေနတာပါပဲ ” လို႔ တုံ႔ျပန္သြားခဲ့တာပါ။