ရော်နယ်ဒိုနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ခံယူချက် မကိုက်ညီဘူးလို့ အိုလီဗာခန်း ငြင်းဆန်

ဘိုင်ယန်မြူးနစ် ဂန္ထဝင်ဂိုးသမားကြီး အိုလီဗာခန်းကတော့ ရော်နယ်ဒိုရဲ့နွေဈေးကွက်ပုံပြင်နဲ့ ပတ်သက်ပြီး သူ့ရဲ့သဘောထားကို ပွင့်ပွင့်လင်းလင်းပြောလိုက်ပါတယ်။

အားလုံးသိတဲ့အတိုင်း မန်ယူကထွက်ခွာဖို့ ရော်နယ်ဒို ခွင့်တောင်းထားတယ်ဆိုတဲ့သတင်း ထွက်ပေါ်လာတဲ့နောက် ပေါ်တူဂီသားရဲ့အသင်းသစ်ဟာ အင်္ဂလန်နဲ့ စပိန်မှသည် အီတလီနဲ့ ပြင်သစ်အထိ

ဖြစ်နိုင်ချေတွေခန့်မှန်းနေကြပါတယ်။ ဒီအထဲမှာ ဂျာမန်ဘီလူကြီး ဘိုင်ယန်မြူးနစ်လည်း မလွတ်ခဲ့ပါဘူး။ ဒါပေမဲ့ ဘိုင်ယန်မြူးနစ်ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်နေတဲ့ ဂျာမနီဂိုးသမားဟောင်းကြီးကတော့

“ ကြီးကျယ်ခမ်းနားသူတစ်ဦးအဖြစ် ရော်နယ်ဒိုကို ကျွန်တော် လေးစားအားကျရသလောက် သူ့ကိုခေါ်ယူဖို့ဆိုတာတော့ ကျွန်တော်တို့ရဲ့ခံယူချက်နဲ့ မကိုက်ညီပါဘူး ” လို့

Kicker မဂ္ဂဇင်းနဲ့အင်တာဗျူးမှာ ဖွင့်ဟလိုက်တာပါ။ ရော်နယ်ဒိုရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဘိုင်ယန်မြူးနစ် အားကစားဒါရိုက်တာ ဆလီဟာမစ်ဇစ်ရဲ့အဖြေက

ပိုလို့တောင် တုံးတိတိနိုင်ခဲ့ပါသေးတယ်။ သူက No လို့ တစ်ခွန်းတည်းပြောသွားခဲ့တာပါ။ တကယ်တော့ ရော်နယ်ဒိုနဲ့ဘိုင်ယန်မြူးနစ်ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းပါတယ်။

ပေါ်တူဂီသားဟာ ထိပ်တန်းလိဂ် ၄ ခုအနက် ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ စီးရီးအေမှာ ကစားခဲ့ပြီးပါပြီ။ ဘိုင်ယန်ကိုရောက်ပြီး အောင်မြင်မှုသာရရင် ဘယ်ကစားသမားမှ လိုက်မမီနိုင်တဲ့ မှတ်တမ်းမျိုး ပိုင်ဆိုင်သွားနိုင်ပါတယ်။

ဒါကြောင့်လည်း ဂျာမနီဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သူ လိုသာမားသီးယက်စ်က ဘိုင်ယန်မှာ ရော်နယ်ဒိုလာကစားတာဟာ ဆွဲဆောင်မှုတစ်ခုဖြစ်လိမ့်မယ်လို့ အကြံပေးခဲ့တာပါ။

(zawgyi)

ဘိုင္ယန္ျမဴးနစ္ ဂႏၴဝင္ဂိုးသမားႀကီး အိုလီဗာခန္းကေတာ့ ေရာ္နယ္ဒိုရဲ႕ေႏြေဈးကြက္ပုံျပင္နဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕သေဘာထားကို ပြင့္ပြင့္လင္းလင္းေျပာလိုက္ပါတယ္။

အားလုံးသိတဲ့အတိုင္း မန္ယူကထြက္ခြာဖို႔ ေရာ္နယ္ဒို ခြင့္ေတာင္းထားတယ္ဆိုတဲ့သတင္း ထြက္ေပၚလာတဲ့ေနာက္ ေပၚတူဂီသားရဲ႕အသင္းသစ္ဟာ အဂၤလန္နဲ႔ စပိန္မွသည္ အီတလီနဲ႔ ျပင္သစ္အထိ

ျဖစ္ႏိုင္ေခ်ေတြခန႔္မွန္းေနၾကပါတယ္။ ဒီအထဲမွာ ဂ်ာမန္ဘီလူႀကီး ဘိုင္ယန္ျမဴးနစ္လည္း မလြတ္ခဲ့ပါဘူး။ ဒါေပမဲ့ ဘိုင္ယန္ျမဴးနစ္ဘုတ္အဖြဲ႕ဝင္တစ္ဦးျဖစ္ေနတဲ့ ဂ်ာမနီဂိုးသမားေဟာင္းႀကီးကေတာ့

“ ႀကီးက်ယ္ခမ္းနားသူတစ္ဦးအျဖစ္ ေရာ္နယ္ဒိုကို ကြၽန္ေတာ္ ေလးစားအားက်ရသေလာက္ သူ႔ကိုေခၚယူဖို႔ဆိုတာေတာ့ ကြၽန္ေတာ္တို႔ရဲ႕ခံယူခ်က္နဲ႔ မကိုက္ညီပါဘူး ” လို႔

Kicker မဂၢဇင္းနဲ႔အင္တာဗ်ဴးမွာ ဖြင့္ဟလိုက္တာပါ။ ေရာ္နယ္ဒိုရဲ႕အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီး ဘိုင္ယန္ျမဴးနစ္ အားကစားဒါ႐ိုက္တာ ဆလီဟာမစ္ဇစ္ရဲ႕အေျဖက ပိုလို႔ေတာင္ တုံးတိတိႏိုင္ခဲ့ပါေသးတယ္။

သူက No လို႔ တစ္ခြန္းတည္းေျပာသြားခဲ့တာပါ။ တကယ္ေတာ့ ေရာ္နယ္ဒိုနဲ႔ဘိုင္ယန္ျမဴးနစ္ဇာတ္လမ္းက စိတ္ဝင္စားစရာေကာင္းပါတယ္။ ေပၚတူဂီသားဟာ ထိပ္တန္းလိဂ္ ၄ ခုအနက္

ပရီးမီးယားလိဂ္၊ လာလီဂါနဲ႔ စီးရီးေအမွာ ကစားခဲ့ၿပီးပါၿပီ။ ဘိုင္ယန္ကိုေရာက္ၿပီး ေအာင္ျမင္မႈသာရရင္ ဘယ္ကစားသမားမွ လိုက္မမီႏိုင္တဲ့ မွတ္တမ္းမ်ိဳး ပိုင္ဆိုင္သြားႏိုင္ပါတယ္။

ဒါေၾကာင့္လည္း ဂ်ာမနီဂႏၴဝင္ကစားသမားတစ္ဦးျဖစ္သူ လိုသာမားသီးယက္စ္က ဘိုင္ယန္မွာ ေရာ္နယ္ဒိုလာကစားတာဟာ ဆြဲေဆာင္မႈတစ္ခုျဖစ္လိမ့္မယ္လို႔ အႀကံေပးခဲ့တာပါ။