ရော်နယ်ဒိုနဲ့လစာကိစ္စကြားမှာ ဆားညပ်ခဲ့ရတဲ့ မက်ဂွိုင်းယား

မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းယားရဲ့အဖြစ်ကလည်း ငိုအားထက်ရယ်အားသန်စရာပါ။ သရဲနီတွေဟာ ပြီးခဲ့တဲ့ရာသီမှာ အဆင့် ၆ သာရပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့်

ကစားသမားတွေကို လစာ ၂၅ ရာခိုင်နှုန်းဖြတ်တောက်ခဲ့ပါတယ်။ အဲဒီအကြောင်းကို အင်စတာဂရမ်မှာ SportBible အကောင့်က ရော်နယ်ဒိုပုံနဲ့ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။

လစာဖြတ်တောက်တဲ့အပေါ် ရော်နယ်ဒို စိတ်မကောင်းဖြစ်နေတယ်လို့လည်း ရေးသားထားပါတယ်။ အဲဒီအောက်မှာ မက်ဂွိုင်းယားက သူ့ရဲ့တရားဝင်အကောင့်ကြီးနဲ့ Like သွားပေးခဲ့တာပါ။

ဒီမှာတင် မန်ယူပရိသတ်တွေရဲ့ကောင်းချီးပေးသံတွေ ဘဝဂ်ညံသွားတော့တာပါပဲ။ အသင်းခေါင်းဆောင်တစ်ယောက်က အခုလိုလုပ်တာဟာ အသင်းရဲ့ဆုံးဖြတ်ချက်အပေါ် မလေးစားရာရောက်သလို

ပရော်ဖက်ရှင်နယ် မပီသဘူးဆိုတဲ့အသံတွေ ဆူညံသွားခဲ့ပါတယ်။ ဒီတော့ အင်္ဂလန်နောက်ခံလူကလည်း BBC နဲ့ အင်တာဗျူးမှာ ပြန်လည်တောင်းပန်ခဲ့ရပါတယ်။

သူအကြောင်းပြတာကတော့ မှားနှိပ်မိတာဖြစ်သလို ချက်ချင်းပြန်ဖြုတ်ခဲ့တယ်လို့ ရှင်းပြသွားတာပါ။ ဒါပေမဲ့ ထန်းသီးကြွေခိုက်ကျီးနင်းခိုက်ဆိုသလို နဂိုကတည်းက

သူ့ခြေစွမ်းကြောင့် တင်းနေကြတဲ့ပရိသတ်တွေကတော့ အသင်းခေါင်းဆောင်လက်ပတ်ကို စွန့်လွှတ်လိုက်ပါတော့လို့ တုံ့ပြန်လာကြပါတယ်။ မန်ယူအတွက် နောက်ထပ်တစ်ပွဲတောင် မကစားသင့်တဲ့သူ၊ လူရွှင်တော်ကပ္ပတိန်

စတဲ့ မှတ်ချက်တွေလည်း ပလူပျံသွားခဲ့တာပါ။ ဒါ့အပြင် အသင်းကိုပြန်လည်တည်ဆောက်ဖို့ စည်းကမ်းပိုင်းတွေ တင်းကျပ်ဖို့ရှိနေတဲ့ နည်းပြသစ်တန်းဟတ်ရဲ့ငြိုငြင်မှုကိုပါ ခံရသွားနိုင်ပါတယ်။

(zawgyi)

မန္ယူအသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားရဲ႕အျဖစ္ကလည္း ငိုအားထက္ရယ္အားသန္စရာပါ။ သရဲနီေတြဟာ ၿပီးခဲ့တဲ့ရာသီမွာ အဆင့္ ၆ သာရၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့တာေၾကာင့္ ကစားသမားေတြကို

လစာ ၂၅ ရာခိုင္ႏႈန္းျဖတ္ေတာက္ခဲ့ပါတယ္။ အဲဒီအေၾကာင္းကို အင္စတာဂရမ္မွာ SportBible အေကာင့္က ေရာ္နယ္ဒိုပုံနဲ႔ ပို႔စ္တစ္ခု တင္ခဲ့ပါတယ္။ လစာျဖတ္ေတာက္တဲ့အေပၚ ေရာ္နယ္ဒို စိတ္မေကာင္းျဖစ္ေနတယ္လို႔လည္း ေရးသားထားပါတယ္။

အဲဒီေအာက္မွာ မက္ဂြိဳင္းယားက သူ႔ရဲ႕တရားဝင္အေကာင့္ႀကီးနဲ႔ Like သြားေပးခဲ့တာပါ။ ဒီမွာတင္ မန္ယူပရိသတ္ေတြရဲ႕ေကာင္းခ်ီးေပးသံေတြ ဘဝဂ္ညံသြားေတာ့တာပါပဲ။

အသင္းေခါင္းေဆာင္တစ္ေယာက္က အခုလိုလုပ္တာဟာ အသင္းရဲ႕ဆုံးျဖတ္ခ်က္အေပၚ မေလးစားရာေရာက္သလို ပေရာ္ဖက္ရွင္နယ္ မပီသဘူးဆိုတဲ့အသံေတြ ဆူညံသြားခဲ့ပါတယ္။

ဒီေတာ့ အဂၤလန္ေနာက္ခံလူကလည္း BBC နဲ႔ အင္တာဗ်ဴးမွာ ျပန္လည္ေတာင္းပန္ခဲ့ရပါတယ္။ သူအေၾကာင္းျပတာကေတာ့ မွားႏွိပ္မိတာျဖစ္သလို ခ်က္ခ်င္းျပန္ျဖဳတ္ခဲ့တယ္လို႔ ရွင္းျပသြားတာပါ။

ဒါေပမဲ့ ထန္းသီးေႂကြခိုက္က်ီးနင္းခိုက္ဆိုသလို နဂိုကတည္းက သူ႔ေျခစြမ္းေၾကာင့္ တင္းေနၾကတဲ့ပရိသတ္ေတြကေတာ့ အသင္းေခါင္းေဆာင္လက္ပတ္ကို စြန႔္လႊတ္လိုက္ပါေတာ့လို႔ တုံ႔ျပန္လာၾကပါတယ္။

မန္ယူအတြက္ ေနာက္ထပ္တစ္ပြဲေတာင္ မကစားသင့္တဲ့သူ၊ လူ႐ႊင္ေတာ္ကပၸတိန္ စတဲ့ မွတ္ခ်က္ေတြလည္း ပလူပ်ံသြားခဲ့တာပါ။ ဒါ့အျပင္ အသင္းကိုျပန္လည္တည္ေဆာက္ဖို႔ စည္းကမ္းပိုင္းေတြ တင္းက်ပ္ဖို႔ရွိေနတဲ့ နည္းျပသစ္တန္းဟတ္ရဲ႕ၿငိဳျငင္မႈကိုပါ ခံရသြားႏိုင္ပါတယ္။