ရော်နယ်ဒိုနဲ့မန်ယူ နှစ်ဖက်လုံးတင်းခံနေကြတဲ့ ပထမဆုံးနေ့ဆွေးနွေးမှု

မန်ချက်စတာယူနိုက်တက်နဲ့ ရော်နယ်ဒိုတို့ရဲ့ ပထမနေ့ဆွေးနွေးမှုအခြေအနေကို Telegraph သတင်းစာက ဖေါ်ပြလာပါတယ်။ ဒါပေမဲ့ ထူးခြားမှုမရှိသလို နှစ်ဖက်လုံးတင်းခံနေကြတာကြောင့်

ထွက်ပေါက်မရှိဘဲဖြစ်နေတယ်လို့ ဖေါ်ပြထားတာပါ။ ရော်နယ်ဒိုနဲ့ပတ်သက်ပြီး မန်ယူဘက်က အပြောင်းအလဲမရှိသလို ရောင်းချမှာမဟုတ်တဲ့အကြောင်း၊ နည်းပြတန်းဟတ်ရဲ့ရာသီသစ်အစီအစဉ်မှာ

ပါဝင်နေတဲ့အကြောင်း ပြောခဲ့တယ်လို့သိရပါတယ်။ ချန်ပီယံလိဂ်ကစားချင်တာကြောင့် အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာချင်နေတဲ့ ပေါ်တူဂီတိုက်စစ်မှူးရဲ့ရည်ရွယ်ချက်ကလည်း မပြောင်းလဲပါဘူး။

ဒါကြောင့် ဆွေးနွေးမှုဟာ သဘောတူညီမှုတစ်စုံတစ်ရာမရဘဲ လိပ်ခဲတည်းလည်းအခြေအနေနဲ့ အဆုံးသတ်သွားခဲ့ရပါတယ်။ ရော်နယ်ဒိုဘက်ကတော့ လက်ရှိအခြေအနေကို

ကျော်လွှားနိုင်ဖို့ နောက်ထပ်အစီအစဉ်တစ်ခုပြောင်းလဲနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ တနည်းအားဖြင့် ဂျူဗင်တပ်ကနေထွက်ခွာတုန်းကလို ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

အဲဒီတုန်းက ရော်နယ်ဒိုဟာ ရာသီအစပိုင်းမှာ အိုးလ်လေဒီတွေအတွက် ကစားပေးခဲ့ပေမယ့် အပြောင်းအရွှေ့ဈေးကွက်ပိတ်ကာနီးမှာတော့ မန်ယူကိုပြောင်းရွှေ့ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ မန်ယူတိုက်စစ်မှူးဟာ ထွက်ပေါက်ပိတ်နေပြီး အက်သလက်တီကိုအသင်းဥက္ကဌကလည်း ရော်နယ်ဒိုကိုခေါ်ယူဖို့ မဖြစ်နိုင်ဘူးလို့ပြောထားပါတယ်။

(zawgyi)

မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေရာ္နယ္ဒိုတို႔ရဲ႕ ပထမေန႔ေဆြးေႏြးမႈအေျခအေနကို Telegraph သတင္းစာက ေဖၚျပလာပါတယ္။ ဒါေပမဲ့ ထူးျခားမႈမရွိသလို ႏွစ္ဖက္လုံးတင္းခံေနၾကတာေၾကာင့္

ထြက္ေပါက္မရွိဘဲျဖစ္ေနတယ္လို႔ ေဖၚျပထားတာပါ။ ေရာ္နယ္ဒိုနဲ႔ပတ္သက္ၿပီး မန္ယူဘက္က အေျပာင္းအလဲမရွိသလို ေရာင္းခ်မွာမဟုတ္တဲ့အေၾကာင္း၊ နည္းျပတန္းဟတ္ရဲ႕ရာသီသစ္အစီအစဥ္မွာ

ပါဝင္ေနတဲ့အေၾကာင္း ေျပာခဲ့တယ္လို႔သိရပါတယ္။ ခ်န္ပီယံလိဂ္ကစားခ်င္တာေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္ကေနထြက္ခြာခ်င္ေနတဲ့ ေပၚတူဂီတိုက္စစ္မႉးရဲ႕ရည္႐ြယ္ခ်က္ကလည္း မေျပာင္းလဲပါဘူး။

ဒါေၾကာင့္ ေဆြးေႏြးမႈဟာ သေဘာတူညီမႈတစ္စုံတစ္ရာမရဘဲ လိပ္ခဲတည္းလည္းအေျခအေနနဲ႔ အဆုံးသတ္သြားခဲ့ရပါတယ္။ ေရာ္နယ္ဒိုဘက္ကေတာ့ လက္ရွိအေျခအေနကို ေက်ာ္လႊားႏိုင္ဖို႔

ေနာက္ထပ္အစီအစဥ္တစ္ခုေျပာင္းလဲႏိုင္တယ္လို႔ သုံးသပ္ထားပါတယ္။ တနည္းအားျဖင့္ ဂ်ဴဗင္တပ္ကေနထြက္ခြာတုန္းကလို ျဖစ္လာမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

အဲဒီတုန္းက ေရာ္နယ္ဒိုဟာ ရာသီအစပိုင္းမွာ အိုးလ္ေလဒီေတြအတြက္ ကစားေပးခဲ့ေပမယ့္ အေျပာင္းအေ႐ႊ႕ေဈးကြက္ပိတ္ကာနီးမွာေတာ့ မန္ယူကိုေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ မန္ယူတိုက္စစ္မႉးဟာ ထြက္ေပါက္ပိတ္ေနၿပီး အက္သလက္တီကိုအသင္းဥကၠဌကလည္း ေရာ္နယ္ဒိုကိုေခၚယူဖို႔ မျဖစ္ႏိုင္ဘူးလို႔ေျပာထားပါတယ္။