ရော်နယ်ဒိုနဲ့ပတ်သက်ရင် မစားရတဲ့အမဲ သဲနဲ့ပက်ဖို့ကြံနေတဲ့ မန်ယူ

မန်ယူဟာ ဒီနွေဈေးကွက်အတွင်းမှာ အသင်းပြောင်းခွင့်ပြုဖို့တောင်းဆိုထားတဲ့ ရော်နယ်လ်ဒိုရဲ့ဆန္ဒကို လိုက်လျောသွားမယ့်အနေအထားရှိနေပါတယ်။ အသက် ၃၇ နှစ် အရွယ် ပေါ်တူဂီကြယ်ပွင့်ဟာ ာ ပြီးခဲ့တဲ့ရာသီမှာ

အသင်းဟောင်းမန်ယူကို ပြန်လည်ပြောင်းရွှေ့ခဲ့သူပါ။ ပြိုင်ပွဲစုံ ၂၄ ဂိုးအထိသွင်းယူနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့အတွက် စိတ်ပျက်နေတာကြောင့် ထွက်ခွာခွင့်တောင်းထားတာလို့ သတင်းထွက်နေပါတယ်။

ရော်နယ်လ်ဒိုရဲ့လက်ရှိစာချုပ်က တစ်နှစ်သက်တမ်းကျန်ရှိနေတဲ့အပြင် နောက်ထပ်တစ်နှစ် သက်တမ်းတိုးဖို့ သဘောတူညီချက်ပါဝင်ပေမယ့် ကာယကံရှင်ကတော့ အခုအပြောင်းအရွှေ့ကာလအတွင်း

ထိုက်သင့်တဲ့ကမ်းလှမ်းမှုရရင် လက်ခံဖို့ အိုးလ်ထရက်ဖို့ဒ်တာဝန်ရှိသူတွေကို တောင်းဆိုခဲ့တာပါ။ ရော်နယ်လ်ဒိုဟာ အသင်းနဲ့အတူ ရာသီကြိုလေ့ကျင့်ခန်းတွေလုပ်ဖို့ ပြန်လည်ပူးပေါင်းရမှာဖြစ်ပေမယ့် မိသားစုကိစ္စအကြောင်းပြပြီး

လေ့ကျင့်ခန်းဆင်းဖို့ပျက်ကွက်ခဲ့တာကြောင့် ထွက်ခွာဖို့သေချာနေပြီဆိုတဲ့သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။ ESPN သတင်းဌာနကတော့ မန်ယူဟာ တစ်ပတ်လစာပေါင် ၅ သိန်း အထိရရှိနေတဲ့ ရော်နယ်လ်ဒိုကို

ပြည်ပကလပ်တွေက ကမ်းလှမ်းမှုတွေရှိလာရင် လက်ခံသွားဖို့ရှိတယ်လို့ ဖော်ပြလိုက်ပါတယ်။ ဂျူဗင်တပ်တိုက်စစ်မှူးဟောင်းကို ဘိုင်ယန်မြူးနစ်၊ နာပိုလီနဲ့ ချယ်လ်ဆီးတို့က စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပါတယ်။

မန်ယူကတော့ လာမယ့်ရာသီကျရင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်ဖြစ်လာနိုင်တဲ့ ချယ်လ်ဆီးအသင်းဆီ ရော်နယ်လ်ဒိုကို ရောင်းချမှာမဟုတ်ဘူးလို့လည်း ESPN သတင်းဌာနက ရေးသားထားပါတယ်။

ဒါကြောင့် ဘိုင်ယန်မြူးနစ်၊ နာပိုလီ ဒါမှမဟုတ် ပြည်ပကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုကိုသာ လက်ခံသွားဖို့ရှိနေတာပါ။

(zawgyi)

မန္ယူဟာ ဒီေႏြေဈးကြက္အတြင္းမွာ အသင္းေျပာင္းခြင့္ျပဳဖို႔ေတာင္းဆိုထားတဲ့ ေရာ္နယ္လ္ဒိုရဲ႕ဆႏၵကို လိုက္ေလ်ာသြားမယ့္အေနအထားရွိေနပါတယ္။ အသက္ ၃၇ ႏွစ္ အ႐ြယ္ ေပၚတူဂီၾကယ္ပြင့္ဟာ ာ ၿပီးခဲ့တဲ့ရာသီမွာ အသင္းေဟာင္းမန္ယူကို ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့သူပါ။ ၿပိဳင္ပြဲစုံ ၂၄ ဂိုးအထိသြင္းယူႏိုင္ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ဝင္ခြင့္မရတဲ့အတြက္ စိတ္ပ်က္ေနတာေၾကာင့္ ထြက္ခြာခြင့္ေတာင္းထားတာလို႔ သတင္းထြက္ေနပါတယ္။ ေရာ္နယ္လ္ဒိုရဲ႕လက္ရွိစာခ်ဳပ္က တစ္ႏွစ္သက္တမ္းက်န္ရွိေနတဲ့အျပင္ ေနာက္ထပ္တစ္ႏွစ္ သက္တမ္းတိုးဖို႔ သေဘာတူညီခ်က္ပါဝင္ေပမယ့္ ကာယကံရွင္ကေတာ့ အခုအေျပာင္းအေ႐ႊ႕ကာလအတြင္း ထိုက္သင့္တဲ့ကမ္းလွမ္းမႈရရင္ လက္ခံဖို႔ အိုးလ္ထရက္ဖို႔ဒ္တာဝန္ရွိသူေတြကို ေတာင္းဆိုခဲ့တာပါ။ ေရာ္နယ္လ္ဒိုဟာ အသင္းနဲ႔အတူ ရာသီႀကိဳေလ့က်င့္ခန္းေတြလုပ္ဖို႔ ျပန္လည္ပူးေပါင္းရမွာျဖစ္ေပမယ့္ မိသားစုကိစၥအေၾကာင္းျပၿပီး ေလ့က်င့္ခန္းဆင္းဖို႔ပ်က္ကြက္ခဲ့တာေၾကာင့္ ထြက္ခြာဖို႔ေသခ်ာေနၿပီဆိုတဲ့သတင္းေတြ က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚေနပါတယ္။ ESPN သတင္းဌာနကေတာ့ မန္ယူဟာ တစ္ပတ္လစာေပါင္ ၅ သိန္း အထိရရွိေနတဲ့ ေရာ္နယ္လ္ဒိုကို ျပည္ပကလပ္ေတြက ကမ္းလွမ္းမႈေတြရွိလာရင္ လက္ခံသြားဖို႔ရွိတယ္လို႔ ေဖာ္ျပလိုက္ပါတယ္။ ဂ်ဴဗင္တပ္တိုက္စစ္မႉးေဟာင္းကို ဘိုင္ယန္ျမဴးနစ္၊ နာပိုလီနဲ႔ ခ်ယ္လ္ဆီးတို႔က စိတ္ဝင္စားေနတယ္လို႔ သတင္းထြက္ေနပါတယ္။ မန္ယူကေတာ့ လာမယ့္ရာသီက်ရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အၿပိဳင္ျဖစ္လာႏိုင္တဲ့ ခ်ယ္လ္ဆီးအသင္းဆီ ေရာ္နယ္လ္ဒိုကို ေရာင္းခ်မွာမဟုတ္ဘူးလို႔လည္း ESPN သတင္းဌာနက ေရးသားထားပါတယ္။ ဒါေၾကာင့္ ဘိုင္ယန္ျမဴးနစ္၊ နာပိုလီ ဒါမွမဟုတ္ ျပည္ပကလပ္အသင္းေတြရဲ႕ ကမ္းလွမ္းမႈကိုသာ လက္ခံသြားဖို႔ရွိေနတာပါ။