ရော်နယ်ဒိုနေရာမှာ အစားဝင်နိုင်မယ့်ကစားသမား မန်ယူလူငယ်အကယ်ဒမီမှာရှိနေတယ်

မန်ချက်စတာယူနိုက်တက်ဟာ သူတို့ရဲ့တိုက်စစ်မှူးသစ်အခက်အခဲကို နည်းမျိုးစုံသုံးပြီး ဖြေရှင်းဖို့ကြိုးစားနေပါတယ်။ ပရိသတ်တွေ ကန့်ကွက်ကြတာကြောင့် ဘိုလော့ဂ်နာတိုက်စစ်မှူး

အာနူတိုဗစ်ကို လက်လျှော့လိုက်တဲ့နောက် ဝက်ဖို့ဒ်တိုက်စစ်မှူး အစ္စမာလီယာဆားဆီ ခြေဦးလှည့်ခဲ့တယ်လို့ သတင်းထွက်နေပါတယ်။ အသက် ၂၄ နှစ်အရွယ်

ဆီနီဂေါတိုက်စစ်မှူးဟာ ချန်ပီယံရှစ်ကလပ်ကို စွန့်ခွာဖို့ပြင်နေတယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ မန်ယူရဲ့အစီအစဉ်မှာ ဆားတစ်ယောက်တည်း မဟုတ်ပါဘူး။

နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းအရတော့ အသင်းရဲ့လူငယ်အကယ်ဒမီ်တစ်ဦးကို နေရာပေးဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ သူ့နာမည်က ချာလီမက်နေးဖြစ်ပြီး လူငယ်အသင်းမှာ

အထင်ကြီးလောက်စရာခြေစွမ်းမျိုး ပြထားပါတယ်။ ပြိုင်ပွဲစုံ ၃၂ ပွဲမှာ ၁၇ ဂိုးသွင်းပြီး ၇ ဂိုးဖန်တီးပေးထားတာပါ။ တနည်းအားဖြင့် အသက် ၁၈ နှစ်အရွယ်တိုက်စစ်မှူးဟာ

အက်ဖ်အေလူငယ်ဖလားချန်ပီယံ မန်ယူအသင်းရဲ့အဓိက ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒို ဂဏန်းမငြိမ်ဖြစ်နေချိန်မှာ မက်နေးလိုလူငယ်ခြေတက်မျိုးကို နေရာပေးသင့်တယ်ဆိုတဲ့

အသံတွေထွက်နေပါတယ်။ မန်ချက်စတာညနေခင်းသတင်းစာကလည်း မက်နေးဟာ မန်ယူရဲ့လက်ရှိတိုက်စစ်အခက်အခဲကို ပြေလည်စေမယ့်သူလို့ မှတ်ချက်ပေးထားတာပါ။

(zawgyi)

မန္ခ်က္စတာယူႏိုက္တက္ဟာ သူတို႔ရဲ႕တိုက္စစ္မႉးသစ္အခက္အခဲကို နည္းမ်ိဳးစုံသုံးၿပီး ေျဖရွင္းဖို႔ႀကိဳးစားေနပါတယ္။ ပရိသတ္ေတြ ကန႔္ကြက္ၾကတာေၾကာင့္ ဘိုေလာ့ဂ္နာတိုက္စစ္မႉး အာႏူတိုဗစ္ကို

လက္ေလွ်ာ့လိုက္တဲ့ေနာက္ ဝက္ဖို႔ဒ္တိုက္စစ္မႉး အစၥမာလီယာဆားဆီ ေျခဦးလွည့္ခဲ့တယ္လို႔ သတင္းထြက္ေနပါတယ္။ အသက္ ၂၄ ႏွစ္အ႐ြယ္ ဆီနီေဂါတိုက္စစ္မႉးဟာ ခ်န္ပီယံရွစ္ကလပ္ကို

စြန႔္ခြာဖို႔ျပင္ေနတယ္လို႔လည္း သိရပါတယ္။ ဒါေပမဲ့ မန္ယူရဲ႕အစီအစဥ္မွာ ဆားတစ္ေယာက္တည္း မဟုတ္ပါဘူး။ ေနာက္ဆုံးထြက္ေပၚလာတဲ့သတင္းအရေတာ့ အသင္းရဲ႕လူငယ္အကယ္ဒမီ္တစ္ဦးကို

ေနရာေပးဖို႔ စီစဥ္ေနတယ္လို႔သိရပါတယ္။ သူ႔နာမည္က ခ်ာလီမက္ေနးျဖစ္ၿပီး လူငယ္အသင္းမွာ အထင္ႀကီးေလာက္စရာေျခစြမ္းမ်ိဳး ျပထားပါတယ္။ ၿပိဳင္ပြဲစုံ ၃၂ ပြဲမွာ ၁၇ ဂိုးသြင္းၿပီး ၇ ဂိုးဖန္တီးေပးထားတာပါ။

တနည္းအားျဖင့္ အသက္ ၁၈ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ အက္ဖ္ေအလူငယ္ဖလားခ်န္ပီယံ မန္ယူအသင္းရဲ႕အဓိက ကစားသမားတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ ေရာ္နယ္ဒို ဂဏန္းမၿငိမ္ျဖစ္ေနခ်ိန္မွာ မက္ေနးလိုလူငယ္ေျခတက္မ်ိဳးကို

ေနရာေပးသင့္တယ္ဆိုတဲ့ အသံေတြထြက္ေနပါတယ္။ မန္ခ်က္စတာညေနခင္းသတင္းစာကလည္း မက္ေနးဟာ မန္ယူရဲ႕လက္ရွိတိုက္စစ္အခက္အခဲကို ေျပလည္ေစမယ့္သူလို႔ မွတ္ခ်က္ေပးထားတာပါ။