ရော်နယ်ဒိုနေရာမှာ အစားထိုးရေးပုစ္ဆာကို အဖြေမှားတွက်ခဲ့မိပြန်တဲ့ တန်းဟတ်

ရွန်နေးက သူ့အသင်းဖော်ဟောင်း ရော်နယ်ဒိုကို သွားခွင့်ပေးလိုက်ပါလို့ပြောတယ်။ ရွိုင်ကိန်းကတော့ ရော်နယ်ဒိုနေရာမှာ မာရှယ်နဲ့အစားထိုးမယ့်အစီအစဉ်ဟာ

မှန်ကန်တဲ့အဖြေမဟုတ်ပါဘူးတဲ့။ ပြင်သစ်တိုက်စစ်မှူးဟာ ပေါ်တူဂီကြယ်ပွင့်နေရာမှာ အစားမဝင်နိုင်ပါဘူးလို့ သရဲနီဟောင်းကြီးက ယူဆထားတယ်။ မန်ယူနဲ့ပတ်သက်ရင်

လောလောဆယ် တာဝန်အရှိဆုံး နည်းပြတန်းဟတ်မှာလည်း နောက်ထပ်အဖြေတစ်ခုရှိခဲ့ပါတယ်။ အဲဒါကတော့ အာနူတိုဗစ်ပါပဲ။ ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်းဟာ

ဈေးကွက်မှာ ပေါချောင်ကောင်းရနိုင်မယ့်သူလို့လည်း ယူဆခဲ့ပုံရပါတယ်။ ဒါကြောင့် အာနူတိုဗစ်အတွက် ပေါင် ၇.၂ သန်းနဲ့ ဘိုလော့ဂ်နာကို ကမ်းလှမ်းခဲ့ကြောင်း Telegraph သတင်းစာက

ဖေါ်ပြပါတယ်။ ဒါပေမဲ့ နယ်သာလန်သား ကံမကောင်းခဲ့ပါဘူးတဲ့။ အီတလီကလပ်က သူတို့တိုက်စစ်မှူးအတွက် မန်ယူရဲ့ကမ်းလှမ်းချက်ကို ပယ်ချလိုက်လို့ပါပဲ။ အသက် ၃၃ နှစ်အရွယ်

သြစတြီးယားတိုက်စစ်မှူးဟာ တန်းဟတ်၊ လက်ထောက်နည်းပြမက္ကလာရင်တို့နဲ့အတူ တွမ်တီးအသင်းမှာ အလုပ်တွဲလုပ်ခဲ့ဖူးပါတယ်။ ဒါကြောင့် စတုတ်စီးတီးနဲ့ ဝက်စ်ဟမ်းမှာကစားဖူးတဲ့

ပရီးမီးယားလိဂ်အတွေ့အကြုံရှိသူအတွက် ကမ်းလှမ်းမှုဟာ အဆင်ပြေမယ်လို့ တန်းဟတ် ထင်ခဲ့မိတာပါ။ ဒါပေမဲ့ ရော်နယ်ဒိုနေရာမှာ မာရှယ်နဲ့အစားထိုးဖို့ကြံခဲ့သလို နယ်သာလန်သား အဖြေမှားသွားခဲ့ပြန်ပါတယ်။

(zawgyi)

႐ြန္ေနးက သူ႔အသင္းေဖာ္ေဟာင္း ေရာ္နယ္ဒိုကို သြားခြင့္ေပးလိုက္ပါလို႔ေျပာတယ္။ ႐ြိဳင္ကိန္းကေတာ့ ေရာ္နယ္ဒိုေနရာမွာ မာရွယ္နဲ႔အစားထိုးမယ့္အစီအစဥ္ဟာ မွန္ကန္တဲ့အေျဖမဟုတ္ပါဘူးတဲ့။

ျပင္သစ္တိုက္စစ္မႉးဟာ ေပၚတူဂီၾကယ္ပြင့္ေနရာမွာ အစားမဝင္ႏိုင္ပါဘူးလို႔ သရဲနီေဟာင္းႀကီးက ယူဆထားတယ္။ မန္ယူနဲ႔ပတ္သက္ရင္ ေလာေလာဆယ္ တာဝန္အရွိဆုံး နည္းျပတန္းဟတ္မွာလည္း

ေနာက္ထပ္အေျဖတစ္ခုရွိခဲ့ပါတယ္။ အဲဒါကေတာ့ အာႏူတိုဗစ္ပါပဲ။ ဝက္စ္ဟမ္းတိုက္စစ္မႉးေဟာင္းဟာ ေဈးကြက္မွာ ေပါေခ်ာင္ေကာင္းရႏိုင္မယ့္သူလို႔လည္း ယူဆခဲ့ပုံရပါတယ္။ ဒါေၾကာင့္ အာႏူတိုဗစ္အတြက္

ေပါင္ ၇.၂ သန္းနဲ႔ ဘိုေလာ့ဂ္နာကို ကမ္းလွမ္းခဲ့ေၾကာင္း Telegraph သတင္းစာက ေဖၚျပပါတယ္။ ဒါေပမဲ့ နယ္သာလန္သား ကံမေကာင္းခဲ့ပါဘူးတဲ့။ အီတလီကလပ္က သူတို႔တိုက္စစ္မႉးအတြက္

မန္ယူရဲ႕ကမ္းလွမ္းခ်က္ကို ပယ္ခ်လိုက္လို႔ပါပဲ။ အသက္ ၃၃ ႏွစ္အ႐ြယ္ ၾသစႀတီးယားတိုက္စစ္မႉးဟာ တန္းဟတ္၊ လက္ေထာက္နည္းျပမကၠလာရင္တို႔နဲ႔အတူ တြမ္တီးအသင္းမွာ အလုပ္တြဲလုပ္ခဲ့ဖူးပါတယ္။

ဒါေၾကာင့္ စတုတ္စီးတီးနဲ႔ ဝက္စ္ဟမ္းမွာကစားဖူးတဲ့ ပရီးမီးယားလိဂ္အေတြ႕အႀကဳံရွိသူအတြက္ ကမ္းလွမ္းမႈဟာ အဆင္ေျပမယ္လို႔ တန္းဟတ္ ထင္ခဲ့မိတာပါ။ ဒါေပမဲ့ ေရာ္နယ္ဒိုေနရာမွာ မာရွယ္နဲ႔အစားထိုးဖို႔ႀကံခဲ့သလို နယ္သာလန္သား အေျဖမွားသြားခဲ့ျပန္ပါတယ္။