ရော်နယ်ဒိုတို့လူစု နားရက်မရဘဲ အမောင်းခံနေရပေမယ့် ဟာလန်းကတော့ စပိန်ကမ်းခြေမှာ သွားနှပ်နေ

အင်္ဂလန်မှာ အပူချိန်မြင့်တက်နေကြောင်း သတိပေးမှုတွေရှိနေပေမယ့် မန်ယူအသင်းကတော့ အမောင်းခံနေရပါတယ်။ ပရီးမီးယားလိဂ်အဖွင့် ၂ ပွဲဆက်ရှုံးထားတာကြောင့် နည်းပြတန်းဟတ်က

အသင်းသားတွေကို နားရက်တောင်မပေးခဲ့ဘဲ အပူချိန် ၃၀ ဒီဂရီ ဆဲလ်ဆီးယက်စ်လောက်မှာ အပြင်းအထန် လေ့ကျင့်ပေးနေတာပါ။ ဒီအချိန်မှာ မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူးဟာလန်းကတော့

စပိန်နိုင်ငံ မာဘယ်လာကမ်းခြေမှာ အနားယူနေပါပြီ။ ဝက်စ်ဟမ်းနဲ့အဖွင့်ပွဲစဉ်မှာ အနိုင်ဂိုး ၂ ဂိုးလုံးသွင်းပြီး ပရီးမီးယားလိဂ်ကို တပ်လှန့်လိုက်တဲ့ နော်ဝေတိုက်စစ်မှူးဟာ ဘုန်းမောက်နဲ့ဒုတိယပွဲစဉ်မှာတော့

ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ တစ်ပွဲလုံးမှာ ဘောလုံး ၈ ကြိမ်သာထိခဲ့တယ်ဆိုတဲ့ လှောင်ပြောင်မှုတွေလည်း ခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီပွဲအပြီး သိပ်မကြာခင်မှာပဲ စပိန်ကို သီးသန့်လေယာဉ်နဲ့ထွက်သွားခဲ့တာပါ။

 

မာဘယ်လာကမ်းခြေရောက်လာတဲ့ ပေါင် ၅၁ သန်းတန်တိုက်စစ်မှူးနားမှာ ကလေးတွေရော ကောင်မလေးတွေပါ ဝိုင်းနေတာလည်းတွေ့ရပါတယ်။ မန်စီးတီးနည်းပြဂွါဒီယိုလာကတော့ သူ့တိုက်စစ်မှူး ဂိုးပေါက်ပျောက်သွားတဲအပေါ်

စိုးရိမ်တာမျိုးမရှိပါဘူး။ ပြိုင်ဘက်ကွင်းလယ်လူ ၃ ယောက်နဲ့ ဗဟိုခံစစ်မှူး ၃ ယောက်ကြားဆိုတာ အခက်ခဲဆုံးနေရာတစ်ခုဖြစ်ပြီး ဟာလန်းကတော့ အဲဒီနေရာမှာကစားဖို့ အသင့်တော်ဆုံးသူလို့တောင် စပိန်သားနည်းပြက ချီးကျူးထားပါသေးတယ်။

(zawgyi)

အဂၤလန္မွာ အပူခ်ိန္ျမင့္တက္ေနေၾကာင္း သတိေပးမႈေတြရွိေနေပမယ့္ မန္ယူအသင္းကေတာ့ အေမာင္းခံေနရပါတယ္။ ပရီးမီးယားလိဂ္အဖြင့္ ၂ ပြဲဆက္ရႈံးထားတာေၾကာင့္

နည္းျပတန္းဟတ္က အသင္းသားေတြကို နားရက္ေတာင္မေပးခဲ့ဘဲ အပူခ်ိန္ ၃၀ ဒီဂရီ ဆဲလ္ဆီးယက္စ္ေလာက္မွာ အျပင္းအထန္ ေလ့က်င့္ေပးေနတာပါ။ ဒီအခ်ိန္မွာ ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးအသင္းရဲ႕ တိုက္စစ္မႉးဟာလန္းကေတာ့

စပိန္ႏိုင္ငံ မာဘယ္လာကမ္းေျခမွာ အနားယူေနပါၿပီ။ ဝက္စ္ဟမ္းနဲ႔အဖြင့္ပြဲစဥ္မွာ အႏိုင္ဂိုး ၂ ဂိုးလုံးသြင္းၿပီး ပရီးမီးယားလိဂ္ကို တပ္လွန႔္လိုက္တဲ့ ေနာ္ေဝတိုက္စစ္မႉးဟာ ဘုန္းေမာက္နဲ႔ဒုတိယပြဲစဥ္မွာေတာ့

ေျခစြမ္းမျပႏိုင္ခဲ့ပါဘူး။ တစ္ပြဲလုံးမွာ ေဘာလုံး ၈ ႀကိမ္သာထိခဲ့တယ္ဆိုတဲ့ ေလွာင္ေျပာင္မႈေတြလည္း ခံခဲ့ရပါတယ္။ ဒါေပမဲ့ အဲဒီပြဲအၿပီး သိပ္မၾကာခင္မွာပဲ စပိန္ကို သီးသန႔္ေလယာဥ္နဲ႔ထြက္သြားခဲ့တာပါ။

မာဘယ္လာကမ္းေျခေရာက္လာတဲ့ ေပါင္ ၅၁ သန္းတန္တိုက္စစ္မႉးနားမွာ ကေလးေတြေရာ ေကာင္မေလးေတြပါ ဝိုင္းေနတာလည္းေတြ႕ရပါတယ္။ မန္စီးတီးနည္းျပဂြါဒီယိုလာကေတာ့ သူ႔တိုက္စစ္မႉး ဂိုးေပါက္ေပ်ာက္သြားတဲအေပၚ စိုးရိမ္တာမ်ိဳးမရွိပါဘူး။

ၿပိဳင္ဘက္ကြင္းလယ္လူ ၃ ေယာက္နဲ႔ ဗဟိုခံစစ္မႉး ၃ ေယာက္ၾကားဆိုတာ အခက္ခဲဆုံးေနရာတစ္ခုျဖစ္ၿပီး ဟာလန္းကေတာ့ အဲဒီေနရာမွာကစားဖို႔ အသင့္ေတာ္ဆုံးသူလို႔ေတာင္ စပိန္သားနည္းျပက ခ်ီးက်ဴးထားပါေသးတယ္။