ရော်နယ်ဒိုက အော်တစ်ဇင်ကလေးရဲ့ ဖုန်းကို ရိုက်ချမိလိုက်တဲ့ နောက်ဆက်တွဲ ဂယက်တွေက ဘယ်လောက်များလာနိုင်မလဲ?

အဲဗာတန်ကို ၁-၀ နဲ့ ရှုံးခဲ့တဲ့ပွဲအပြီး အဝတ်လဲခန်းအတွင်းကို ဝင်သွားခဲ့ရာမှာ

အသက် ၁၄ နှစ်အရွယ် အော်တစ်ဆင် ကလေးငယ်ရဲ့ လက်ကိုင်ဖုန်းကို တမင်တကာ

ရိုက်ချသွားခဲ့တဲ့လုပ်ရပ်ကြောင့် ရော်နယ်ဒိုတစ်ယောက် ကံဆိုးခြင်းတွေ စပြီလားလို့

တွေးထင်စရာဖြစ်လာပါတယ်။ ရော်နယ်ဒိုဟာ အသက် ၃၇ နှစ်ရှိနေပါပြီ။

အခုအချိန်အထိ ဆက်ကစားနေတာဟာ ငွေကြေး ထက် သူ လုပ်ပြနိုင်သေးတယ်ဆိုတဲ့

ဂုဏ်ဒြပ်ကြောင့်ပဲ ဖြစ်ပါတယ်။ သူနဲ့ အသက်တူတဲ့ တစ်ချိန်က နယ်သာလန်ကွင်းလယ်ဗိုလ်ချုပ်

ဝက်စ်လေ ရှနိုက်ဒါဆို ကစားသမားဘဝကနားပြီးနောက် အခုချိန်မှာ စည်ပိုင်းလုံးကြီးလို

ပုံပျက်ပန်းပျက် ဖြစ်နေပါပြီ။ ရော်နယ်ဒိုကတော့ ရီးရဲလ်၊ ဂျုဗင်တပ်စ်တို့မှာ ကစားခဲ့စဉ်က ခြေစွမ်း၊

စွမ်းဆောင်နိုင်မှုတွေ မရတော့ပေမယ့် ဒီရာသီ မန်ယူအတွက် ဂိုးအများဆုံးသွင်းသူဖြစ်နေဆဲပါ။

ကစားတဲ့ပွဲတိုင်း အနိုင်ရလိုတာ၊ ဂိုးမသွင်းနိုင်ရင် ပေါက်ကွဲတာမျိုးက ရော်နယ်ဒိုရဲ့

ကစားသမားဘဝမှာ မဆန်းတော့ပါဘူး။ ဆားဘီးယားနဲ့ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား

ခြေစစ်ပွဲမှာတုန်းကလည်း သူသွင်းတဲ့ဂိုးကို ဒိုင်က မပေးလို့ ပွဲအပြီး ကွင်းပြင်ထွက်ရာမှာ

အသင်းခေါင်းဆောင်လက်ပတ်ကို စိတ်ဆိုးပြီး လွင့်ပစ်ခဲ့ဖူးပါသေးတယ်။

ဒီလက်ပတ်ကို မီးသတ်သမားတစ်ယောက်က ကောက်ပြီး လေလံတင်ခဲ့လို့

ရောဂါသည် ကလေးငယ်တစ်ယောက်ရဲ့ အသက်ကိုလည်း ကယ်နိုင်ခဲ့ပါသေးတယ်။

ဒီတစ်ကြိမ်မှာ ရော်နယ်ဒိုပေါက်ကွဲခဲ့တာကတော့ သူ့အတွက်ဖိအားတွေဝင်သွားစေခဲ့ပါတယ်။

အဲဗာတန်ပွဲအပြီး အဝတ်လဲခန်းအတွင်း ဝင်ဖို့လမ်းလျောက်လာရာမှာ သူ့ကို ဖုန်းနဲ့

ဓါတ်ပုံရိုက်နေတဲ့ ကလေးတစ်ယောက်ရဲ့ဖုန်းကို ရည်ရွယ်ချက်ပါပါ ရိုက်ချလိုက်တာပါ။

နောက်ပိုင်းမှာတော့ ပွဲဆူသွားပါတယ်။ ဒီကလေးဟာ အသက် ၁၄ နှစ်သာရှိသေးတဲ့

ဂျာကော့ဘ်အမည်ရ အော်တစ်ဆင်ရောဂါသည်လေးဖြစ်ပြီး ဘောလုံးကွင်းထဲကို

ပထမဆုံးအကြိမ်လာရောက်ကြည့်ရူ့သူဖြစ်နေတာပါ။ ကလေးရဲ့မိခင်က သားဖြစ်သူဟာ

အော်တစ်ဆင်ဝေဒနာရှင်လေးဖြစ်ပြီး ဘောလုံးကွင်းထဲကို ပထမဆုံးအကြိမ်

လာကြည့်ဖူးသူဖြစ်ကြောင်း၊ ရော်နယ်ဒိုလုပ်လိုက်လို့ အရမ်းကြောက်နေပြီလို့

ပြောခဲ့တာတွေကြောင့်လည်း ပွဲဆူကုန်ပါတယ်။ ဗြိတိန်ဆိုတာက ဒီမိုကရေစီအရမ်းရှိတဲ့

နိုင်ငံဖြစ်ပြီး အားနည်းသူတွေကို စော်ကားတာ၊ လူမျိုးရေးခွဲခြားတာ၊ အမျိုးသမီးတွေကို

နှိပ်စက် အကြမ်းဖက်တာ၊ ကလေးငယ်တွေကို စော်ကားအရှက်ရစေတာတွေမျိုးကို

လုံးဝ လက်မခံပါဘူး။ ကြောင်ကို ပိတ်ကန်ခဲ့တဲ့ ဝက်စ်ဟမ်းနောက်ခံလူ ကက်ဇူးမား၊

ကိုယ်ချစ်သူကို သွေးထွက်တဲ့အထိ ရိုက်ခဲ့တဲ့ ဂရင်းဝုဒ်တို့ရဲ ဖြစ်စဉ်တွေက ပူပူနွေးနွေးပဲ

ရှိပါသေးတယ်။ ရော်နယ်ဒိုလို ကလေးငယ်တစ်ယောက်၊ အထူးသဖြင့် အော်တစ်ဆင်

ရောဂါသည်လေးတစ်ယောက်အပေါ်မှာ လုပ်လိုက်မိတဲ့အဖြစ်ကတော့ ပိုပြီးဆိုးသလို

ဖြစ်သွားစေပါတယ်။ ရော်နယ်ဒိုကလည်း သူ့အမှားကိုသူသိပြီး ချက်ချင်းဆိုသလို

သူ့ရဲ့လူမှုကွန်ရက်တွေကတစ်ဆင့်တောင်းပန်ခဲ့ပါတယ်။ မန်ယူကလည်း ရော်နယ်ဒိုရဲ့

တောင်းပန်မှုကို လက်ခံပြီး ဘာမှ အရေးမယူတော့ဘူးလို့ သိရပါတယ်။

ဒါပေမယ့်ရော်နယ်ဒိုအတွက်ဆိုးသွားခဲ့တာက မာဆေးဆိုက်ရဲတပ်ဖွဲဒီဖြစ်စဉ်ကို

ဝင်ရောက်စစ်ဆေးနေတာပါ။ ကလေးရဲ့ မိသားစုနဲ့လည်းသွားရောက်တွေ့ဆုံပြီး

စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ရော်နယ်ဒိုကတော့ ကလေးနဲ့ မိသားစု၊

သူ့ရဲ့လုပ်ရပ်အမှားကို တောင်းပန်ပြီး အိုးလ်ထရက်ဖို့ဒ်ပွဲတစ်ပွဲမှာ လာကြည့်ဖို့

ကလေးငယ်ကို ဖိတ်ခေါ်ထားပါတယ်။ မိသားစုဘက်က တုံ့ပြန်မှုကိုပဲ စောင့်ကြည့်ရမှာပါ။

အကောင်းဘက်ကတွေးရင်တော့ အိုးလ်ထရက်ဖို့ဒ်မှာ ကစားမယ့် မန်ယူရဲ့ ပွဲတစ်ပွဲမှာ

ကလေးနဲ့ မိသားစုကို ဖိတ်ခေါ်၊ အော်တစ်ဆင်ရောဂါရှင်လေးတွေအတွက် ကူညီကုသနိုင်မယ့်

လှုပ်ရှားမှုတွေကို ရော်နယ်ဒိုက ဦးဆောင်လှုပ်ရှားပေး၊ စတဲ့ ဇတ်လမ်းလေးတွေလည်း

ဖြစ်လာနိုင်ပါသေးတယ်။ ဒီဖြစ်စဉ်မှာ ဘက်ပေါင်းစုံကနေ သင်ခန်းစာယူစရာတွေလည်း ရပါတယ်။

အော်တစ်ဆင်ရောဂါရှင်လေးတွေဟာ သူတို့စိတ်ရှိတဲ့အတိုင်းလုပ်မှာပါ။

သူတို့ကို သွားပြီး အပြစ်တင်လို့မရပါဘူး။ ဒီလိုစရိုက်လက္ခဏာရှိတတ်တာမို့

ကလေးရဲ့ မိခင်က ကိုယ့်သားသမီးကို အများပြည်သူကြားထဲ ခေါ်လာသင့်သလားဆိုတဲ့အချက်ပါ။

တကယ်လို့ ရော်နယ်ဒိုကို ဖုန်းနဲ့ ကောက်ပေါက်လိုက်ရင်လည်း ဇတ်လမ်းက တစ်မျိုးဖြစ်သွားမှာပါ။

ရော်နယ်ဒိုအနေနဲ့လည်း အနိုင်ရလိုစိတ်ပြင်းပြတယ်ဆိုပြီး ရှံးပွဲကြုံတဲ့အခါ

ပရိသတ်တွေကို မနှုတ်ဆက်ဘဲ ကွင်းထဲဝင်သွားတာ၊ အခုလိုမျိုး ရမ်းကားတာတွေကို

ဆင်ခြင်ရတော့မှာပါ။ အမှားကို အမှားမှန်းသိပြီး ချက်ခြင်းတောင်းပန်ပြီး ဖိတ်ခေါ်တဲ့

ရော်နယ်ဒိုရဲ့လုပ်ဆောင်မှုတွေကတော့ အားလုံးအတုယူကြရမှာပါ။ ဒါ့အပြင် မိမိအပါအဝင်

ပရိသတ်တွေအနေနဲ့ ကွင်းထဲမှာ ကစားသမားတွေပေါက်ကွဲနေတာတွေကို

ကြည့်ကောင်းကောင်းနဲ့ ကြည့်နေကြပေမယ့် သူတို့ကွင်းပြင်ကို ပြန်ထွက်လာချိန်မှာ

ကစားသမားတွေရဲ့ စိတ်ထဲက ဘာဖြစ်နေနေ သူတို့ရဲ့ အပြုံးတွေနဲ့ နုတ်ဆက်မှုကို

လိုချင်ကြတာတွေကရော တရားမျှတပါရဲ့လားဆိုတာ စဉ်းစားစရာပါ။

zawgyi

ေရာ္နယ္ဒိုက ေအာ္တစ္ဇင္ကေလးရဲ႕ ဖုန္းကို ႐ိုက္ခ်မိလိုက္တဲ့ ေနာက္ဆက္တြဲ ဂယက္ေတြက ဘယ္ေလာက္မ်ားလာႏိုင္မလဲ?

အဲဗာတန္ကို ၁-၀ နဲ႔ ရႈံးခဲ့တဲ့ပြဲအၿပီး အဝတ္လဲခန္းအတြင္းကို ဝင္သြားခဲ့ရာမွာ

အသက္ ၁၄ ႏွစ္အ႐ြယ္ ေအာ္တစ္ဆင္ ကေလးငယ္ရဲ႕ လက္ကိုင္ဖုန္းကို တမင္တကာ

႐ိုက္ခ်သြားခဲ့တဲ့လုပ္ရပ္ေၾကာင့္ ေရာ္နယ္ဒိုတစ္ေယာက္ ကံဆိုးျခင္းေတြ စၿပီလားလို႔

ေတြးထင္စရာျဖစ္လာပါတယ္။ ေရာ္နယ္ဒိုဟာ အသက္ ၃၇ ႏွစ္ရွိေနပါၿပီ။

အခုအခ်ိန္အထိ ဆက္ကစားေနတာဟာ ေငြေၾကး ထက္ သူ လုပ္ျပႏိုင္ေသးတယ္ဆိုတဲ့

ဂုဏ္ျဒပ္ေၾကာင့္ပဲ ျဖစ္ပါတယ္။ သူနဲ႔ အသက္တူတဲ့ တစ္ခ်ိန္က နယ္သာလန္ကြင္းလယ္ဗိုလ္ခ်ဳပ္

ဝက္စ္ေလ ရွႏိုက္ဒါဆို ကစားသမားဘဝကနားၿပီးေနာက္ အခုခ်ိန္မွာ စည္ပိုင္းလုံးႀကီးလို

ပုံပ်က္ပန္းပ်က္ ျဖစ္ေနပါၿပီ။ ေရာ္နယ္ဒိုကေတာ့ ရီးရဲလ္၊ ဂ်ဳဗင္တပ္စ္တို႔မွာ ကစားခဲ့စဥ္က ေျခစြမ္း၊

စြမ္းေဆာင္ႏိုင္မႈေတြ မရေတာ့ေပမယ့္ ဒီရာသီ မန္ယူအတြက္ ဂိုးအမ်ားဆုံးသြင္းသူျဖစ္ေနဆဲပါ။

ကစားတဲ့ပြဲတိုင္း အႏိုင္ရလိုတာ၊ ဂိုးမသြင္းႏိုင္ရင္ ေပါက္ကြဲတာမ်ိဳးက ေရာ္နယ္ဒိုရဲ႕

ကစားသမားဘဝမွာ မဆန္းေတာ့ပါဘူး။ ဆားဘီးယားနဲ႔ ကစားခဲ့တဲ့ ၿပီးခဲ့တဲ့ ကမာၻ႔ဖလား

ေျခစစ္ပြဲမွာတုန္းကလည္း သူသြင္းတဲ့ဂိုးကို ဒိုင္က မေပးလို႔ ပြဲအၿပီး ကြင္းျပင္ထြက္ရာမွာ

အသင္းေခါင္းေဆာင္လက္ပတ္ကို စိတ္ဆိုးၿပီး လြင့္ပစ္ခဲ့ဖူးပါေသးတယ္။

ဒီလက္ပတ္ကို မီးသတ္သမားတစ္ေယာက္က ေကာက္ၿပီး ေလလံတင္ခဲ့လို႔

ေရာဂါသည္ ကေလးငယ္တစ္ေယာက္ရဲ႕ အသက္ကိုလည္း ကယ္ႏိုင္ခဲ့ပါေသးတယ္။

ဒီတစ္ႀကိမ္မွာ ေရာ္နယ္ဒိုေပါက္ကြဲခဲ့တာကေတာ့ သူ႔အတြက္ဖိအားေတြဝင္သြားေစခဲ့ပါတယ္။

အဲဗာတန္ပြဲအၿပီး အဝတ္လဲခန္းအတြင္း ဝင္ဖို႔လမ္းေလ်ာက္လာရာမွာ သူ႔ကို ဖုန္းနဲ႔

ဓါတ္ပုံ႐ိုက္ေနတဲ့ ကေလးတစ္ေယာက္ရဲ႕ဖုန္းကို ရည္႐ြယ္ခ်က္ပါပါ ႐ိုက္ခ်လိုက္တာပါ။

ေနာက္ပိုင္းမွာေတာ့ ပြဲဆူသြားပါတယ္။ ဒီကေလးဟာ အသက္ ၁၄ ႏွစ္သာရွိေသးတဲ့

ဂ်ာေကာ့ဘ္အမည္ရ ေအာ္တစ္ဆင္ေရာဂါသည္ေလးျဖစ္ၿပီး ေဘာလုံးကြင္းထဲကို

ပထမဆုံးအႀကိမ္လာေရာက္ၾကည့္႐ူ႕သူျဖစ္ေနတာပါ။ ကေလးရဲ႕မိခင္က သားျဖစ္သူဟာ

ေအာ္တစ္ဆင္ေဝဒနာရွင္ေလးျဖစ္ၿပီး ေဘာလုံးကြင္းထဲကို ပထမဆုံးအႀကိမ္

လာၾကည့္ဖူးသူျဖစ္ေၾကာင္း၊ ေရာ္နယ္ဒိုလုပ္လိုက္လို႔ အရမ္းေၾကာက္ေနၿပီလို႔

ေျပာခဲ့တာေတြေၾကာင့္လည္း ပြဲဆူကုန္ပါတယ္။ ၿဗိတိန္ဆိုတာက ဒီမိုကေရစီအရမ္းရွိတဲ့

ႏိုင္ငံျဖစ္ၿပီး အားနည္းသူေတြကို ေစာ္ကားတာ၊ လူမ်ိဳးေရးခြဲျခားတာ၊ အမ်ိဳးသမီးေတြကို

ႏွိပ္စက္ အၾကမ္းဖက္တာ၊ ကေလးငယ္ေတြကို ေစာ္ကားအရွက္ရေစတာေတြမ်ိဳးကို

လုံးဝ လက္မခံပါဘူး။ ေၾကာင္ကို ပိတ္ကန္ခဲ့တဲ့ ဝက္စ္ဟမ္းေနာက္ခံလူ ကက္ဇူးမား၊

ကိုယ္ခ်စ္သူကို ေသြးထြက္တဲ့အထိ ႐ိုက္ခဲ့တဲ့ ဂရင္းဝုဒ္တို႔ရဲ ျဖစ္စဥ္ေတြက ပူပူေႏြးေႏြးပဲ

ရွိပါေသးတယ္။ ေရာ္နယ္ဒိုလို ကေလးငယ္တစ္ေယာက္၊ အထူးသျဖင့္ ေအာ္တစ္ဆင္

ေရာဂါသည္ေလးတစ္ေယာက္အေပၚမွာ လုပ္လိုက္မိတဲ့အျဖစ္ကေတာ့ ပိုၿပီးဆိုးသလို

ျဖစ္သြားေစပါတယ္။ ေရာ္နယ္ဒိုကလည္း သူ႔အမွားကိုသူသိၿပီး ခ်က္ခ်င္းဆိုသလို

သူ႔ရဲ႕လူမႈကြန္ရက္ေတြကတစ္ဆင့္ေတာင္းပန္ခဲ့ပါတယ္။ မန္ယူကလည္း ေရာ္နယ္ဒိုရဲ႕

ေတာင္းပန္မႈကို လက္ခံၿပီး ဘာမွ အေရးမယူေတာ့ဘူးလို႔ သိရပါတယ္။

ဒါေပမယ့္ေရာ္နယ္ဒိုအတြက္ဆိုးသြားခဲ့တာက မာေဆးဆိုက္ရဲတပ္ဖြဲဒီျဖစ္စဥ္ကို

ဝင္ေရာက္စစ္ေဆးေနတာပါ။ ကေလးရဲ႕ မိသားစုနဲ႔လည္းသြားေရာက္ေတြ႕ဆုံၿပီး

စစ္ေဆးမႈေတြ လုပ္ေနပါတယ္။ ေရာ္နယ္ဒိုကေတာ့ ကေလးနဲ႔ မိသားစု၊

သူ႔ရဲ႕လုပ္ရပ္အမွားကို ေတာင္းပန္ၿပီး အိုးလ္ထရက္ဖို႔ဒ္ပြဲတစ္ပြဲမွာ လာၾကည့္ဖို႔

ကေလးငယ္ကို ဖိတ္ေခၚထားပါတယ္။ မိသားစုဘက္က တုံ႔ျပန္မႈကိုပဲ ေစာင့္ၾကည့္ရမွာပါ။

အေကာင္းဘက္ကေတြးရင္ေတာ့ အိုးလ္ထရက္ဖို႔ဒ္မွာ ကစားမယ့္ မန္ယူရဲ႕ ပြဲတစ္ပြဲမွာ

ကေလးနဲ႔ မိသားစုကို ဖိတ္ေခၚ၊ ေအာ္တစ္ဆင္ေရာဂါရွင္ေလးေတြအတြက္ ကူညီကုသႏိုင္မယ့္

လႈပ္ရွားမႈေတြကို ေရာ္နယ္ဒိုက ဦးေဆာင္လႈပ္ရွားေပး၊ စတဲ့ ဇတ္လမ္းေလးေတြလည္း

ျဖစ္လာႏိုင္ပါေသးတယ္။ ဒီျဖစ္စဥ္မွာ ဘက္ေပါင္းစုံကေန သင္ခန္းစာယူစရာေတြလည္း ရပါတယ္။

ေအာ္တစ္ဆင္ေရာဂါရွင္ေလးေတြဟာ သူတို႔စိတ္ရွိတဲ့အတိုင္းလုပ္မွာပါ။

သူတို႔ကို သြားၿပီး အျပစ္တင္လို႔မရပါဘူး။ ဒီလိုစ႐ိုက္လကၡဏာရွိတတ္တာမို႔

ကေလးရဲ႕ မိခင္က ကိုယ့္သားသမီးကို အမ်ားျပည္သူၾကားထဲ ေခၚလာသင့္သလားဆိုတဲ့အခ်က္ပါ။

တကယ္လို႔ ေရာ္နယ္ဒိုကို ဖုန္းနဲ႔ ေကာက္ေပါက္လိုက္ရင္လည္း ဇတ္လမ္းက တစ္မ်ိဳးျဖစ္သြားမွာပါ။

ေရာ္နယ္ဒိုအေနနဲ႔လည္း အႏိုင္ရလိုစိတ္ျပင္းျပတယ္ဆိုၿပီး ရွံးပြဲႀကဳံတဲ့အခါ

ပရိသတ္ေတြကို မႏႈတ္ဆက္ဘဲ ကြင္းထဲဝင္သြားတာ၊ အခုလိုမ်ိဳး ရမ္းကားတာေတြကို

ဆင္ျခင္ရေတာ့မွာပါ။ အမွားကို အမွားမွန္းသိၿပီး ခ်က္ျခင္းေတာင္းပန္ၿပီး ဖိတ္ေခၚတဲ့

ေရာ္နယ္ဒိုရဲ႕လုပ္ေဆာင္မႈေတြကေတာ့ အားလုံးအတုယူၾကရမွာပါ။ ဒါ့အျပင္ မိမိအပါအဝင္

ပရိသတ္ေတြအေနနဲ႔ ကြင္းထဲမွာ ကစားသမားေတြေပါက္ကြဲေနတာေတြကို

ၾကည့္ေကာင္းေကာင္းနဲ႔ ၾကည့္ေနၾကေပမယ့္ သူတို႔ကြင္းျပင္ကို ျပန္ထြက္လာခ်ိန္မွာ

ကစားသမားေတြရဲ႕ စိတ္ထဲက ဘာျဖစ္ေနေန သူတို႔ရဲ႕ အၿပဳံးေတြနဲ႔ ႏုတ္ဆက္မႈကို

လိုခ်င္ၾကတာေတြကေရာ တရားမွ်တပါရဲ႕လားဆိုတာ စဥ္းစားစရာပါ။