ရော်နယ်ဒိုက သူ့အိုင်ဒေါပါဆိုတဲ့ နေမာလက်သစ် အန်ဒရစ်

သူ့အသက်က ဒီနေ့မှ ၁၆ နှစ်ပြည့်တာပါ။ ဒါပေမဲ့ အန်ဒရစ်ဆိုတဲ့ကောင်လေးအတွက်တော့ မမေ့နိုင်စရာ ကြာသပတေးနေ့ဖြစ်နေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာ

သူဟာ ဘရာဇီးလ်ထိပ်သီးကလပ် ပါးမီးယက်စ်နဲ့ တရားဝင်စာချုပ်နိုင်ခဲ့လို့ပါပဲ။ ဆမ်ဘာနောင်တော်ကြယ်ပွင့်ကြီးတွေရဲ့လမ်းစဉ်အတိုင်း ပြည်တွင်းကလပ်တစ်ခုမှာ

ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ စတင်ခဲ့ရပေမယ့် အသက် ၁၈ နှစ်ပြည့်မယ့် နောက် ၂ နှစ်အကြာမှာတော့ သူ့ကို ဥရောပထိပ်သီးကလပ်တစ်ခုခုမှာ မြင်ရဖို့ရှိနေပါတယ်။

နေမာလက်သစ်လို့ ဘရာဇီးလ်မီဒီယာတွေညွှန်းဆိုနေကြတဲ့ အန်ဒရီဟာ အခုတောင် ဥရောပထိပ်သီးကလပ်တွေ စောင့်ကြည့်ခံနေရသူဖြစ်နေပါပြီ။ ပါးမီးယက်စ်အသင်းကြီးအတွက်

တစ်ပွဲမှမကစားရသေးပေမယ့် ယူ-၂၀ အသင်းအတွက်တော့ ၁၇၂ ပွဲမှာ ဂိုး ၁၇၀ သွင်းပေးထားပါတယ်။ ဒါကြောင့်လည်း တိုက်စစ်မှူးလေးဟာ တစ်ချိန်မှာ

တီတီရဲ့ဘရာဇီးလ်လက်ရွေးစင်အသင်းတံခါးကို ခေါက်လာလိမ့်မယ်လို့ သုံးသပ်နေကြတာပါ။ အခုတောင် လာမယ့် ကာတာကမ္ဘာ့ဖလားမှာ သူ့ကိုရွေးဖို့တိုက်တွန်းတာတွေရှိနေပါတယ်။

ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့သူ့ကို Sport Mail က ဆက်သွယ်မေးမြန်းရာမှာတော့ ကလေးပီပီ မေးသမျှအသင်းကြီးတွေအားလုံး သွားချင်နေတယ်လို့

ဖြေသွားခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့အိပ်မက်ထဲကသူရဲကောင်းကတော့ မန်ချက်စတာယူနိုက်တက်နဲ့ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုပါလို့ ဖြေသွားခဲ့ပါတယ်။

(zawgyi)

သူ႔အသက္က ဒီေန႔မွ ၁၆ ႏွစ္ျပည့္တာပါ။ ဒါေပမဲ့ အန္ဒရစ္ဆိုတဲ့ေကာင္ေလးအတြက္ေတာ့ မေမ့ႏိုင္စရာ ၾကာသပေတးေန႔ျဖစ္ေနပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီေန႔မွာ သူဟာ

ဘရာဇီးလ္ထိပ္သီးကလပ္ ပါးမီးယက္စ္နဲ႔ တရားဝင္စာခ်ဳပ္ႏိုင္ခဲ့လို႔ပါပဲ။ ဆမ္ဘာေနာင္ေတာ္ၾကယ္ပြင့္ႀကီးေတြရဲ႕လမ္းစဥ္အတိုင္း ျပည္တြင္းကလပ္တစ္ခုမွာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀

စတင္ခဲ့ရေပမယ့္ အသက္ ၁၈ ႏွစ္ျပည့္မယ့္ ေနာက္ ၂ ႏွစ္အၾကာမွာေတာ့ သူ႔ကို ဥေရာပထိပ္သီးကလပ္တစ္ခုခုမွာ ျမင္ရဖို႔ရွိေနပါတယ္။ ေနမာလက္သစ္လို႔ ဘရာဇီးလ္မီဒီယာေတြၫႊန္းဆိုေနၾကတဲ့

အန္ဒရီဟာ အခုေတာင္ ဥေရာပထိပ္သီးကလပ္ေတြ ေစာင့္ၾကည့္ခံေနရသူျဖစ္ေနပါၿပီ။ ပါးမီးယက္စ္အသင္းႀကီးအတြက္ တစ္ပြဲမွမကစားရေသးေပမယ့္ ယူ-၂၀ အသင္းအတြက္ေတာ့ ၁၇၂ ပြဲမွာ

ဂိုး ၁၇၀ သြင္းေပးထားပါတယ္။ ဒါေၾကာင့္လည္း တိုက္စစ္မႉးေလးဟာ တစ္ခ်ိန္မွာ တီတီရဲ႕ဘရာဇီးလ္လက္ေ႐ြးစင္အသင္းတံခါးကို ေခါက္လာလိမ့္မယ္လို႔ သုံးသပ္ေနၾကတာပါ။

အခုေတာင္ လာမယ့္ ကာတာကမာၻ႔ဖလားမွာ သူ႔ကိုေ႐ြးဖို႔တိုက္တြန္းတာေတြရွိေနပါတယ္။ ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ခဲ့တဲ့သူ႔ကို Sport Mail က ဆက္သြယ္ေမးျမန္းရာမွာေတာ့ ကေလးပီပီ

ေမးသမွ်အသင္းႀကီးေတြအားလုံး သြားခ်င္ေနတယ္လို႔ ေျဖသြားခဲ့တာပါ။ ဒါေပမဲ့ သူ႔ရဲ႕အိပ္မက္ထဲကသူရဲေကာင္းကေတာ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေပၚတူဂီတိုက္စစ္မႉး ေရာ္နယ္ဒိုပါလို႔ ေျဖသြားခဲ့ပါတယ္။