
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အနာဂတ် ကောင်းစားရေးအတွက်
ခရစ္စတီယာနို ရော်နယ်ဒိုကို ရောင်းထုတ်သင့်ကြောင်း လီဗာပူးလ်
ကွင်းလယ်ကစားသမားဟောင်းက ဆိုပါတယ်။
အသက် ( ၃၇ ) နှစ်အရွယ် ကစားသမားဟာ ( ၁၈ ) ဂိုးနဲ့ ဒီရာသီ ယူနိုက်တက်ရဲ့
လက်ရှိအချိန်ထိ သွင်းဂိုးအများဆုံး ကစားသမားဆိုပေမယ့်
ဘောလုံးပွဲသုံးသပ်သူတွေ နှင့် ပရိသတ်အချို့ရဲ့ မကြာခဏ ဝေဖန်ခြင်း ခံနေရပါတယ်။
ရော်နယ်ဒိုဟာ တော့ဟင်ဟမ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပေမယ့်
အင်္ဂါနေ့ညက အက်သလက်တီကို မက်ဒရစ်နဲ့ ပွဲစဉ်မှာတော့ ရုန်းကန်ခဲ့ရပါတယ်။
Danny Murphy က ရော်နယ်ဒိုဟာ အိုးထရတ်ဖို့ဒ်ရဲ့ ဂန္တဝင်ကစားသမားဆိုပေမယ့်
အသင်းကို ပြန်လည်တည်ဆောက်နိုင်ဖို့ လာမယ့်နွေရာသီ အပြောင်းအရွေ့မှာ
သူ့ကို ရောင်းထုတ်သင့်တယ်လို့ ယုံကြည်လျက်ရှိပါတယ်။
Daily Mail သတင်းစာမှတစ်ဆင့် Murphyက “ မန်ချက်စတာ ယူနိုက်တက်မှာ
အခြေခံကျတဲ့ အပြောင်းအလဲပြုလုပ်ဖို့ လိုအပ်နေပါပြီ။
တကယ်လို့ ဒါက ခရစ္စတီယာနို ရော်နယ်ဒိုလို ဂန္တဝင်ကစားသမားကို
ရောင်းချရမယ်ဆိုရင်တောင် ပြုလုပ်ရပါမယ်။”လို့ ဆိုခဲ့ပါတယ်။
“ စူပါစကားတွေကို စာချုပ်ချုပ်နဲ့နေရာမှာ သတိထားဖို့လိုပါတယ်။
သူတို့နဲ့ ပြဿနာမဖြစ်ခင် အခြားဝယ်ယူလိုတဲ့သူတွေကို ရှာဖွေထားတာပိုကောင်းပါတယ်။
ဒါပေမယ့် ယူနိုက်တက်မှာ ပိုကြီးတဲ့ ပြဿနာက ( ၅ )ရာသီဆက် ဖလားလက်မဲ့ဖြစ်နေတာပါ။
သူတို့က သောမတ် တူဟယ် ပဲဖြစ်ဖြစ် ၊ မူရီစီယို ပိုချက်တီနိုပဲဖြစ်ဖြစ် ၊
ဘယ်သူပဲဖြစ်ဖြစ်ပါ ၊ ရေရှည်ပြုပြင်ပြောင်းလဲမှုတွေအတွက် ထိပ်တန်းနည်းပြ
လိုအပ်နေတာဖြစ်ပါတယ်။” “ သူတို့က ရော်နယ်ဒိုရဲ့ ခြေစွမ်းပြမှုတွေအပေါ်ပဲ မှီခိုနေရပါတယ်။
ဒါက တော့တင်ဟမ်နဲ့တုန်းကလို ပွဲစဉ်အချို့မှာ အလုပ်ဖြစ်ပေမယ့် ချန်ပီယံလိဂ်တို့ ၊
ပရီးမီးယားလိဂ်က အကောင်းဆုံးအသင်းတွေနဲ့ရင်ဆိုင်ရတဲ့အခါ အဆင်မပြေတော့ပါဘူး။
မန်ချက်စတာ စီးတီး နှင့် လီဗာပူးလ်ဟ အတော်အဆင့်မြင့်တဲ့ အနေအထားမှာ ရောက်နေပါပြီ။
သူတို့ကို ယှဉ်နိုင်ဖို့ world-class စွမ်းဆောင်ရည်ရော အင်မတန်ကောင်းတဲ့
ကြံ့ခိုင်မှုပိုင်းပါ လိုအပ်ပါတယ်။ ရော်နယ်ဒိုက ကြံ့ခိုင်မှုပိုင်းမှာ အားနည်းချက်တွေ ရှိလာပါပြီ။”
“ ယခင်ကလို အောင်မြင်မှုမျိုး အိုးထရတ်ဖို့ဒ်ကို ပြန်ရောက်လာဖို့ ယူနိုက်တက်
ကစားသမားတွေအနေနဲ့ တစ်ရာသီ ပွဲ ( ၆၀ ) ဝန်းကျင် အားအင်ပြည့်
pressလုပ် ယှဉ်ပြိုင်နိုင်ဖို့ လိုအပ်ပါတယ်။ ရော်နယ်ဒိုမှာ ဒါတွေ မမြင်မိတော့ပါဘူး။”
“ သူ့ကိုရောင်းချတာက ယူနိုက်တက် ပရိသတ်တွေအတွက် လွယ်ကူမှာ မဟုတ်ပါဘူး။
သူက သူရဲကောင်းတစ်ဦးဆိုပေမယ့် ဒါက အသင်းရဲ့ အနာဂတ် ကံကြမ္မာကို
ပြောင်းလဲမပေးနိုင်ပါဘူး။” “ ရော်နယ်ဒိုအနေနဲ့ သူဟာ အပတ်တိုင်း
မကစားနိုင်တော့ဘူးဆိုတဲ့ အချက်ကို လက်ခံလာမယ်ဆိုရင်တော့
မတူညီတဲ့ အနေအထားတစ်ခုကို မြင်တွေ့ရနိုင်ပါတယ်။
ဒါပေမယ့် ဒါကလည်း ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး။
သူက ဘယ်တုန်ကမှ ဒုတိယဦးစားပေးအနေနဲ့ ကစားဖူးသူမဟုတ်ပါဘူး။”
zawgyi
“ေရာ္နယ္ဒုိက သူရဲေကာင္းတစ္ဦးဆိုေပမယ့္ အသင္းရဲ႕ အနာဂတ္ ကံၾကမၼာကို ေျပာင္းလဲမေပးႏိုင္လုိ႔ ေရာင္းထုတ္သင့္ပါတယ္”
မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ အနာဂတ္ ေကာင္းစားေရးအတြက္
ခရစၥတီယာႏို ေရာ္နယ္ဒိုကို ေရာင္းထုတ္သင့္ေၾကာင္း လီဗာပူးလ္
ကြင္းလယ္ကစားသမားေဟာင္းက ဆိုပါတယ္။
အသက္ ( ၃၇ ) ႏွစ္အ႐ြယ္ ကစားသမားဟာ ( ၁၈ ) ဂိုးနဲ႔ ဒီရာသီ ယူႏိုက္တက္ရဲ႕
လက္ရွိအခ်ိန္ထိ သြင္းဂိုးအမ်ားဆုံး ကစားသမားဆိုေပမယ့္
ေဘာလုံးပြဲသုံးသပ္သူေတြ ႏွင့္ ပရိသတ္အခ်ိဳ႕ရဲ႕ မၾကာခဏ ေဝဖန္ျခင္း ခံေနရပါတယ္။
ေရာ္နယ္ဒိုဟာ ေတာ့ဟင္ဟမ္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့ေပမယ့္
အဂၤါေန႔ညက အက္သလက္တီကို မက္ဒရစ္နဲ႔ ပြဲစဥ္မွာေတာ့ ႐ုန္းကန္ခဲ့ရပါတယ္။
Danny Murphy က ေရာ္နယ္ဒိုဟာ အိုးထရတ္ဖို႔ဒ္ရဲ႕ ဂႏၲဝင္ကစားသမားဆိုေပမယ့္
အသင္းကို ျပန္လည္တည္ေဆာက္ႏိုင္ဖို႔ လာမယ့္ေႏြရာသီ အေျပာင္းအေ႐ြ႕မွာ
သူ႔ကို ေရာင္းထုတ္သင့္တယ္လို႔ ယုံၾကည္လ်က္ရွိပါတယ္။
Daily Mail သတင္းစာမွတစ္ဆင့္ Murphyက “ မန္ခ်က္စတာ ယူႏိုက္တက္မွာ
အေျခခံက်တဲ့ အေျပာင္းအလဲျပဳလုပ္ဖို႔ လိုအပ္ေနပါၿပီ။
တကယ္လို႔ ဒါက ခရစၥတီယာႏို ေရာ္နယ္ဒိုလို ဂႏၲဝင္ကစားသမားကို
ေရာင္းခ်ရမယ္ဆိုရင္ေတာင္ ျပဳလုပ္ရပါမယ္။”လို႔ ဆိုခဲ့ပါတယ္။
“ စူပါစကားေတြကို စာခ်ဳပ္ခ်ဳပ္နဲ႔ေနရာမွာ သတိထားဖို႔လိုပါတယ္။
သူတို႔နဲ႔ ျပႆနာမျဖစ္ခင္ အျခားဝယ္ယူလိုတဲ့သူေတြကို ရွာေဖြထားတာပိုေကာင္းပါတယ္။
ဒါေပမယ့္ ယူႏိုက္တက္မွာ ပိုႀကီးတဲ့ ျပႆနာက ( ၅ )ရာသီဆက္ ဖလားလက္မဲ့ျဖစ္ေနတာပါ။
သူတို႔က ေသာမတ္ တူဟယ္ ပဲျဖစ္ျဖစ္ ၊ မူရီစီယို ပိုခ်က္တီႏိုပဲျဖစ္ျဖစ္ ၊
ဘယ္သူပဲျဖစ္ျဖစ္ပါ ၊ ေရရွည္ျပဳျပင္ေျပာင္းလဲမႈေတြအတြက္ ထိပ္တန္းနည္းျပ
လိုအပ္ေနတာျဖစ္ပါတယ္။” “ သူတို႔က ေရာ္နယ္ဒိုရဲ႕ ေျခစြမ္းျပမႈေတြအေပၚပဲ မွီခိုေနရပါတယ္။
ဒါက ေတာ့တင္ဟမ္နဲ႔တုန္းကလို ပြဲစဥ္အခ်ိဳ႕မွာ အလုပ္ျဖစ္ေပမယ့္ ခ်န္ပီယံလိဂ္တို႔ ၊
ပရီးမီးယားလိဂ္က အေကာင္းဆုံးအသင္းေတြနဲ႔ရင္ဆိုင္ရတဲ့အခါ အဆင္မေျပေတာ့ပါဘူး။
မန္ခ်က္စတာ စီးတီး ႏွင့္ လီဗာပူးလ္ဟ အေတာ္အဆင့္ျမင့္တဲ့ အေနအထားမွာ ေရာက္ေနပါၿပီ။
သူတို႔ကို ယွဥ္ႏိုင္ဖို႔ world-class စြမ္းေဆာင္ရည္ေရာ အင္မတန္ေကာင္းတဲ့
ႀကံ့ခိုင္မႈပိုင္းပါ လိုအပ္ပါတယ္။ ေရာ္နယ္ဒိုက ႀကံ့ခိုင္မႈပိုင္းမွာ အားနည္းခ်က္ေတြ ရွိလာပါၿပီ။”
“ ယခင္ကလို ေအာင္ျမင္မႈမ်ိဳး အိုးထရတ္ဖို႔ဒ္ကို ျပန္ေရာက္လာဖို႔ ယူႏိုက္တက္
ကစားသမားေတြအေနနဲ႔ တစ္ရာသီ ပြဲ ( ၆၀ ) ဝန္းက်င္ အားအင္ျပည့္
pressလုပ္ ယွဥ္ၿပိဳင္ႏိုင္ဖို႔ လိုအပ္ပါတယ္။ ေရာ္နယ္ဒိုမွာ ဒါေတြ မျမင္မိေတာ့ပါဘူး။”
“ သူ႔ကိုေရာင္းခ်တာက ယူႏိုက္တက္ ပရိသတ္ေတြအတြက္ လြယ္ကူမွာ မဟုတ္ပါဘူး။
သူက သူရဲေကာင္းတစ္ဦးဆိုေပမယ့္ ဒါက အသင္းရဲ႕ အနာဂတ္ ကံၾကမၼာကို
ေျပာင္းလဲမေပးႏိုင္ပါဘူး။” “ ေရာ္နယ္ဒိုအေနနဲ႔ သူဟာ အပတ္တိုင္း
မကစားႏိုင္ေတာ့ဘူးဆိုတဲ့ အခ်က္ကို လက္ခံလာမယ္ဆိုရင္ေတာ့
မတူညီတဲ့ အေနအထားတစ္ခုကို ျမင္ေတြ႕ရႏိုင္ပါတယ္။
ဒါေပမယ့္ ဒါကလည္း ဘယ္ေတာ့မွ ျဖစ္လာမွာမဟုတ္ပါဘူး။
သူက ဘယ္တုန္ကမွ ဒုတိယဦးစားေပးအေနနဲ႔ ကစားဖူးသူမဟုတ္ပါဘူး။”
Leave a Reply