
အက်သလက်တီကိုပရိသတ်တွေဟာ ရော်နယ်ဒိုကို အငှားစာချုပ်နဲ့ခေါ်ယူလိမ့်မယ်လို့ သတင်းသဲ့သဲ့ထွက်လာတာတောင် သည်းမခံနိုင်ကြဘဲဖြစ်နေပါတယ်။
ရီးရဲလ်တိုက်စစ်မှူးဟောင်း ရောက်လာနိုင်တာနဲ့ပတ်သက်ပြီး အွန်လိုင်းမှာလည်း ကမ့်ပိန်းတစ်ခုနဲ့ကန့်ကွက်နေကြပါတယ်။ တွစ်တာမှာ ‘Contra CR7’ ဆိုတဲ့ hash သင်္ကေတတွဲပြီး
ရော်နယ်ဒိုဆန့်ကျင်ရေး လုပ်နေကြတာပါ။ ဒါ့အပြင် ရန်သူတော်ဟောင်းကိုခေါ်ယူခဲ့ရင် အသင်းဝင်အဖြစ်ကနေ နုတ်ထွက်မယ်လို့လည်း ခြိမ်းခြောက်နေကြပါတယ်။
“ တကယ်လို့ ကျွန်တော့်အသင်းကို ဒီတစ်ယောက်ရောက်လာရင်တော့ ကျွန်တော့်ရဲ့စာရင်းနှစ်ခုကို ပယ်ဖျက်လိုက်မှာပါ။ ကျွန်တော်တို့ဟာ ဆန်ကုန်မြေလေးတွေကို
ခိုလှုံခွင့်ပေးတဲ့နေရာမဟုတ်ပါဘူး ” လို့ ပရိသတ်တစ်ယောက်က ရေးသားထားပါတယ်။ အက်သလက်တီကိုနဲ့ ရော်နယ်ဒိုကြားက မုန်းတီးမှုတွေဟာ မြို့ခံပြိုင်ဘက်ရီးရဲလ်မှာ
ပေါ်တူဂီသား ၉ နှစ်ကြာကျင်လည်ခဲ့စဉ်ကာလကို ပြန်ရောက်သွားသလိုပါပဲ။ အဲဒီတုန်းက လာလီဂါနဲ့ပြည်တွင်းဖလားတွေအတွက် ရီးရဲလ်နဲ့ဘာစီလိုနာကိုစိန်ခေါ်ဖို့ ဆီမြွန်နီရဲ့အသင်း
ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ ရီးရဲလ်ဟာ ၂၀၁၄ နဲ့ ၂၀၁၆ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေမှာ အက်သလက်တီကိုအသင်းကို အနိုင်ယူသွားခဲ့သလို
၂၀၁၇ ဆီမီးဖိုင်နယ်မှာလည်း ဖြုတ်ချခဲ့ဖူးပါတယ်။ အဲဒီပွဲတွေမှာ ရော်နယ်ဒိုပါဝင်ခဲ့ပြီး အရေးပါတဲ့ဂိုးတွေသွင်းခဲ့သလို သူတို့အသင်းကို ဂိုးအများဆုံးသွင်းထားတဲ့
တိုက်စစ်မှူးဖြစ်နေတာကလည်း အက်သလက်တီကိုပရိသတ်တွေအတွက် ဘယ်တော့မှကျေမှာမဟုတ်တဲ့ အမုန်းကျိန်စာလိုဖြစ်နေတာပါ။
(zawgyi)
အက္သလက္တီကိုပရိသတ္ေတြဟာ ေရာ္နယ္ဒိုကို အငွားစာခ်ဳပ္နဲ႔ေခၚယူလိမ့္မယ္လို႔ သတင္းသဲ့သဲ့ထြက္လာတာေတာင္ သည္းမခံႏိုင္ၾကဘဲျဖစ္ေနပါတယ္။ ရီးရဲလ္တိုက္စစ္မႉးေဟာင္း
ေရာက္လာႏိုင္တာနဲ႔ပတ္သက္ၿပီး အြန္လိုင္းမွာလည္း ကမ့္ပိန္းတစ္ခုနဲ႔ကန႔္ကြက္ေနၾကပါတယ္။ တြစ္တာမွာ ‘Contra CR7’ ဆိုတဲ့ hash သေကၤတတြဲၿပီး ေရာ္နယ္ဒိုဆန႔္က်င္ေရး လုပ္ေနၾကတာပါ။
ဒါ့အျပင္ ရန္သူေတာ္ေဟာင္းကိုေခၚယူခဲ့ရင္ အသင္းဝင္အျဖစ္ကေန ႏုတ္ထြက္မယ္လို႔လည္း ၿခိမ္းေျခာက္ေနၾကပါတယ္။ “ တကယ္လို႔ ကြၽန္ေတာ့္အသင္းကို ဒီတစ္ေယာက္ေရာက္လာရင္ေတာ့
ကြၽန္ေတာ့္ရဲ႕စာရင္းႏွစ္ခုကို ပယ္ဖ်က္လိုက္မွာပါ။ ကြၽန္ေတာ္တို႔ဟာ ဆန္ကုန္ေျမေလးေတြကို ခိုလႈံခြင့္ေပးတဲ့ေနရာမဟုတ္ပါဘူး ” လို႔ ပရိသတ္တစ္ေယာက္က ေရးသားထားပါတယ္။
အက္သလက္တီကိုနဲ႔ ေရာ္နယ္ဒိုၾကားက မုန္းတီးမႈေတြဟာ ၿမိဳ႕ခံၿပိဳင္ဘက္ရီးရဲလ္မွာ ေပၚတူဂီသား ၉ ႏွစ္ၾကာက်င္လည္ခဲ့စဥ္ကာလကို ျပန္ေရာက္သြားသလိုပါပဲ။ အဲဒီတုန္းက
လာလီဂါနဲ႔ျပည္တြင္းဖလားေတြအတြက္ ရီးရဲလ္နဲ႔ဘာစီလိုနာကိုစိန္ေခၚဖို႔ ဆီႁမြန္နီရဲ႕အသင္း ထြက္ေပၚလာခဲ့ပါတယ္။ ဒါေပမဲ့ ရီးရဲလ္ဟာ ၂၀၁၄ နဲ႔ ၂၀၁၆ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲေတြမွာ
အက္သလက္တီကိုအသင္းကို အႏိုင္ယူသြားခဲ့သလို ၂၀၁၇ ဆီမီးဖိုင္နယ္မွာလည္း ျဖဳတ္ခ်ခဲ့ဖူးပါတယ္။ အဲဒီပြဲေတြမွာ ေရာ္နယ္ဒိုပါဝင္ခဲ့ၿပီး အေရးပါတဲ့ဂိုးေတြသြင္းခဲ့သလို
သူတို႔အသင္းကို ဂိုးအမ်ားဆုံးသြင္းထားတဲ့ တိုက္စစ္မႉးျဖစ္ေနတာကလည္း အက္သလက္တီကိုပရိသတ္ေတြအတြက္ ဘယ္ေတာ့မွေက်မွာမဟုတ္တဲ့ အမုန္းက်ိန္စာလိုျဖစ္ေနတာပါ။