ရော်နယ်ဒိုကို လက်မလွှတ်ရင် ဆိုးကျိုးတွေရလိမ့်မယ်လို့ မန်ယူကို ဂျပ်စတမ်းကြီး သတိပေး

အသင်းမှာ မပျော်တော့တဲ့ ရော်နယ်ဒိုကို ထွက်ခွာခွင့်ပေးလိုက်ပါတော့လို့ မန်ယူအသင်းကို ဂန္ထဝင်နောက်ခံလူကြီး ဂျပ်စတမ်းက တိုက်တွန်းလိုက်ပါတယ်။ ဒီလိုမှမဟုတ်ရင် တစ်ခြားအသင်းဖော်တွေကို

ရော်နယ်ဒိုရဲ့အကျိုးသက်ရောက်မှု ရောက်ရှိလာနိုင်တယ်လို့လည်း နယ်သာလန်နောက်ခံလူဟောင်းက သတိပေးလိုက်တာပါ။ ပေါ်တူဂီကြယ်ပွင့်ရဲ့အရေးနဲ့ပတ်သက်ပြီး သရဲနီဟောင်းတွေ အမြင်မတူဘဲဖြစ်နေကြပါတယ်။

ဂန္ထဝင်နောက်ခံလူတစ်ဦးဖြစ်သူ ဂယ်ရီနဗီးလ်က ရော်နယ်ဒိုမရှိရင် မန်ယူပိုဆိုးသွားမယ်လို့ သတိပေးပေမယ့် ရွန်နေးကတော့ ထွက်ခွင့်ပေးလိုက်တာပိုကောင်းမယ်လို့ ပြောထားပါတယ်။ သရဲနီကစားသမားဘဝမှာ

နောက်တန်းကျောက်ဆောင်ကြီးဖြစ်ခဲ့သလို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေ ဆွတ်ခူးနိုင်ခဲ့ဖူးတဲ့ ဂျပ်စတမ်းကတော့ “ ရော်နယ်ဒိုဆိုတာ ဘယ်လိုကစားသမားမျိုးလဲ။ ဟိုတုန်းက မန်ယူအတွက်

သူဘယ်လောက်စွမ်းဆောင်နိုင်ခဲ့လဲဆိုတာ အားလုံးသိပြီးသားပါ။ မနှစ်ကအထိပါပဲ။ ပရိသတ်တွေက သူ့အပေါ်မျှော်လင့်ချက်ထားနေကြတာ အဲဒါကြောင့်ပါ။ ဒါပေမဲ့ အသင်းမှာမပျော်တော့ဘဲ သွားချင်နေတဲ့သူကို

ကောင်းကောင်းမွန်မွန်လမ်းခွဲလိုက်တာ အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင် တစ်ခြားအသင်းဖော်တွေအပေါ် သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ ကာယကံရှင်ကိုယ်တိုင်လည်း ပျော်နေမှာ မဟုတ်ပါဘူး ” လို့

ပြောဆိုလိုက်ကြောင်း The Sun သတင်းစာက ဖေါ်ပြပါတယ်။ ခက်တာက နည်းပြတန်းဟတ်နဲ့ မန်ယူကလည်း ရော်နယ်ဒိုကိုထွက်ခွာခွင့်ပေးလိုက်ပြီလို့ သတင်းထွက်နေပေမယ့် သင့်တော်တဲ့အသင်းကို ပေါ်တူဂီသားကိုယ်တိုင် မဆက်သွယ်နိုင်သေးတာပါပဲ။

(zawgyi)

အသင္းမွာ မေပ်ာ္ေတာ့တဲ့ ေရာ္နယ္ဒိုကို ထြက္ခြာခြင့္ေပးလိုက္ပါေတာ့လို႔ မန္ယူအသင္းကို ဂႏၴဝင္ေနာက္ခံလူႀကီး ဂ်ပ္စတမ္းက တိုက္တြန္းလိုက္ပါတယ္။ ဒီလိုမွမဟုတ္ရင္ တစ္ျခားအသင္းေဖာ္ေတြကို

ေရာ္နယ္ဒိုရဲ႕အက်ိဳးသက္ေရာက္မႈ ေရာက္ရွိလာႏိုင္တယ္လို႔လည္း နယ္သာလန္ေနာက္ခံလူေဟာင္းက သတိေပးလိုက္တာပါ။ ေပၚတူဂီၾကယ္ပြင့္ရဲ႕အေရးနဲ႔ပတ္သက္ၿပီး သရဲနီေဟာင္းေတြ

အျမင္မတူဘဲျဖစ္ေနၾကပါတယ္။ ဂႏၴဝင္ေနာက္ခံလူတစ္ဦးျဖစ္သူ ဂယ္ရီနဗီးလ္က ေရာ္နယ္ဒိုမရွိရင္ မန္ယူပိုဆိုးသြားမယ္လို႔ သတိေပးေပမယ့္ ႐ြန္ေနးကေတာ့ ထြက္ခြင့္ေပးလိုက္တာပိုေကာင္းမယ္လို႔ ေျပာထားပါတယ္။

သရဲနီကစားသမားဘဝမွ ေနာက္တန္းေက်ာက္ေဆာင္ႀကီးျဖစ္ခဲ့သလို ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ဖလားေတြ ဆြတ္ခူးႏိုင္ခဲ့ဖူးတဲ့ ဂ်ပ္စတမ္းကေတာ့ “ ေရာ္နယ္ဒိုဆိုတာ ဘယ္လိုကစားသမားမ်ိဳးလဲ။

ဟိုတုန္းက မန္ယူအတြက္ သူဘယ္ေလာက္စြမ္းေဆာင္ႏိုင္ခဲ့လဲဆိုတာ အားလုံးသိၿပီးသားပါ။ မႏွစ္ကအထိပါပဲ။ ပရိသတ္ေတြက သူ႔အေပၚေမွ်ာ္လင့္ခ်က္ထားေနၾကတာ အဲဒါေၾကာင့္ပါ။ ဒါေပမဲ့ အသင္းမွာမေပ်ာ္ေတာ့ဘဲ

သြားခ်င္ေနတဲ့သူကို ေကာင္းေကာင္းမြန္မြန္လမ္းခြဲလိုက္တာ အသင့္ေတာ္ဆုံးျဖစ္ပါလိမ့္မယ္။ ဒီလိုမွ မဟုတ္ရင္ တစ္ျခားအသင္းေဖာ္ေတြအေပၚ သက္ေရာက္မႈေတြရွိလာႏိုင္ပါတယ္။ ကာယကံရွင္ကိုယ္တိုင္လည္း ေပ်ာ္ေနမွာ မဟုတ္ပါဘူး ” လို႔

ေျပာဆိုလိုက္ေၾကာင္း The Sun သတင္းစာက ေဖၚျပပါတယ္။ ခက္တာက နည္းျပတန္းဟတ္နဲ႔ မန္ယူကလည္း ေရာ္နယ္ဒိုကိုထြက္ခြာခြင့္ေပးလိုက္ၿပီလို႔ သတင္းထြက္ေနေပမယ့္ သင့္ေတာ္တဲ့အသင္းကို ေပၚတူဂီသားကိုယ္တိုင္ မဆက္သြယ္ႏိုင္ေသးတာပါပဲ။