ရော်နယ်ဒိုကို ရီးရဲလ်မက်ဒရစ်ပြန်ခေါ်မှာကို ဘန်ဇီမာ မလိုလား

ရော်နယ်ဒိုကို ရီးရဲလ်မက်ဒရစ်ပြန်ခေါ်မှာကို ဘန်ဇီမာက မလိုလားဘူးလို့ သတင်းထွက်လာပါတယ်။ ပေါ်တူဂီသားဟာ ရီးရဲလ်ကစားသမားဘ၀ ၉ နှစ်တာကာလမှာ

၄၃၆ ပွဲကစား ၄၄၆ ဂိုးသွင်းပြီး အောင်မြင်မှုအပေါင်းသရဖူဆောင်းသွားခဲ့တာပါ။ ဘန်ဇီမာကတော့ ၂၀၁၈ မှာ ဂျူဗင်တပ်ကို ရော်နယ်ဒိုထွက်ခွာသွားတဲ့နောက် ရီးရဲလ်ရဲ့အရေးပါတဲ့

ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် ပြင်သစ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီ ရီးရဲလ်ရဲ့အောင်မြင်မှုမှာ အဓိကသော့ချက်ဖြစ်ခဲ့တာကြောင့်

ရွှေဘောလုံး ၅ ဆုရှင်ပြန်ရောက်လာရင် သူ့ရဲ့အခန်းကဏ္ဍမှေးမှိန်သွားမှာ မလိုလားဘူးလို့ El Nacional သတင်းဌာနက ဖေါ်ပြလိုက်တာပါ။ မက်ဒရစ်အခြေစိုက်အသင်းဟာ

မနှစ်က လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားရရှိခဲ့ပြီး ဘန်ဇီမာက ၄၆ ပွဲမှာ ၄၄ ဂိုး သွင်းပေးခဲ့ပါတယ်။ ရော်နယ်ဒိုကို ပြန်ခေါ်မှာမဟုတ်ဘူးလို့ ရီးရဲလ်က ကြေညာပြီးသားပါ။

ဒါပေမဲ့ ဥက္ကဌပီရက်ဇ်ဟာ ရော်နယ်ဒိုရဲ့ပရိသတ်ဖြစ်သလို မန်ယူကနေ ပေါ်တူဂီသားထွက်ခွာဖြစ်ရင် အခြေအနေတွေပြောင်းသွားနိုင်တယ်လို့လည်း ရေးသားထားပါတယ်။

အထူးသဖြင့် မနှစ်က ရီးရဲလ်ရဲ့လာလီဂါ သွင်းဂိုး ၈၀ မှာ ၂၇ ဂိုးသွင်းပေးခဲ့တဲ့ ဘန်ဇီမာ မပါရင် ဂိုးရဖို့ရုန်းကန်ရတတ်တာကို ဖြေရှင်းဖို့နည်းလမ်းဖြစ်လာနိုင်တယ်လို့

သုံးသပ်ထားတာပါ။ ရော်နယ်ဒိုရဲ့မန်ယူအနာဂတ်ကတော့ မန်ချက်စတာပြန်လာပြီး ဆွေးနွေးနေပြီဖြစ်တာကြောင့် မကြာခင်မှာ သဲသဲကွဲကွဲသိရဖို့ရှိနေပါတယ်။

(zawgyi)

ေရာ္နယ္ဒိုကို ရီးရဲလ္မက္ဒရစ္ျပန္ေခၚမွာကို ဘန္ဇီမာက မလိုလားဘူးလို႔ သတင္းထြက္လာပါတယ္။ ေပၚတူဂီသားဟာ ရီးရဲလ္ကစားသမားဘ၀ ၉ ႏွစ္တာကာလမွာ

၄၃၆ ပြဲကစား ၄၄၆ ဂိုးသြင္းၿပီး ေအာင္ျမင္မႈအေပါင္းသရဖူေဆာင္းသြားခဲ့တာပါ။ ဘန္ဇီမာကေတာ့ ၂၀၁၈ မွာ ဂ်ဴဗင္တပ္ကို ေရာ္နယ္ဒိုထြက္ခြာသြားတဲ့ေနာက္ ရီးရဲလ္ရဲ႕အေရးပါတဲ့

ကစားသမားတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ အထူးသျဖင့္ ျပင္သစ္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီ ရီးရဲလ္ရဲ႕ေအာင္ျမင္မႈမွာ အဓိကေသာ့ခ်က္ျဖစ္ခဲ့တာေၾကာင့္ ေ႐ႊေဘာလုံး ၅ ဆုရွင္ျပန္ေရာက္လာရင္

သူ႔ရဲ႕အခန္းက႑ေမွးမွိန္သြားမွာ မလိုလားဘူးလို႔ El Nacional သတင္းဌာနက ေဖၚျပလိုက္တာပါ။ မက္ဒရစ္အေျခစိုက္အသင္းဟာ မႏွစ္က လာလီဂါနဲ႔ ခ်န္ပီယံလိဂ္ဖလားရရွိခဲ့ၿပီး

ဘန္ဇီမာက ၄၆ ပြဲမွာ ၄၄ ဂိုး သြင္းေပးခဲ့ပါတယ္။ ေရာ္နယ္ဒိုကို ျပန္ေခၚမွာမဟုတ္ဘူးလို႔ ရီးရဲလ္က ေၾကညာၿပီးသားပါ။ ဒါေပမဲ့ ဥကၠဌပီရက္ဇ္ဟာ ေရာ္နယ္ဒိုရဲ႕ပရိသတ္ျဖစ္သလို

မန္ယူကေန ေပၚတူဂီသားထြက္ခြာျဖစ္ရင္ အေျခအေနေတြေျပာင္းသြားႏိုင္တယ္လို႔လည္း ေရးသားထားပါတယ္။ အထူးသျဖင့္ မႏွစ္က ရီးရဲလ္ရဲ႕လာလီဂါ သြင္းဂိုး ၈၀ မွာ ၂၇ ဂိုးသြင္းေပးခဲ့တဲ့ ဘန္ဇီမာ မပါရင္

ဂိုးရဖို႔႐ုန္းကန္ရတတ္တာကို ေျဖရွင္းဖို႔နည္းလမ္းျဖစ္လာႏိုင္တယ္လို႔ သုံးသပ္ထားတာပါ။ ေရာ္နယ္ဒိုရဲ႕မန္ယူအနာဂတ္ကေတာ့ မန္ခ်က္စတာျပန္လာၿပီး ေဆြးေႏြးေနၿပီျဖစ္တာေၾကာင့္ မၾကာခင္မွာ သဲသဲကြဲကြဲသိရဖို႔ရွိေနပါတယ္။