ရော်နယ်ဒိုကို မန်ယူဆုံးရှုံးရတော့မှာကို လီဗာပူးလ်တွေ ခွီနေကြ

ရော်နယ်ဒိုနဲ့ပတ်သက်တဲ့သတင်းတွေ ဒီနေ့ဆက်လက်ကြားနေရပါတယ်။ ပထမဆုံးထွက်ပေါ်လာတာက မန်ယူဟာ သူတို့ကြယ်ပွင့်ကို လက်လွှတ်ရတော့မယ်ဆိုတာကို

လက်ခံလိုက်ပြီလို့ ဗြိတိန်အခြေစိုက် The Sun သတင်းစာက ဖေါ်ပြလိုက်တာပါ။ နည်းပြသစ်တန်းဟတ်ကလည်း ရော်နယ်ဒိုမပါတဲ့ အနာဂတ်အစီအစဉ်တွေကို

ပြုလုပ်နေပြီဖြစ်ကြောင်းလည်း ရေးသားထားပါတယ်။ စိတ်ဝင်စားစရာပိုကောင်းတာက မန်ယူကနေ ရော်နယ်ဒိုထွက်ခွာဖို့ သေချာနေပြီဆိုတဲ့သတင်းအပေါ် လီဗာပူးလ်ပရိသတ်တွေ

လှောင်ပြောင်နေကြတာပါပဲ။ အနီရောင်ဒါဘီပွဲတွေနဲ့အတူ ပရီးမီးယားလိဂ်ရဲ့အခါးသီးဆုံးပြိုင်ဘက်ကြီးဟာ သူတို့ရဲ့အကောင်းဆုံးကစားသမားတစ်ယောက်ကို

လက်လွှတ်ဆုံးရှုံးရတော့မယ်ဆိုတဲ့အကြောင်း လီဗာပူးလ်လေဆိပ်ရဲ့တရားဝင်တွစ်တာအကောင့်မှာ လှောင်ပြောင်ထားတာပါ။

“ မန်ယူကနေ ထွက်ချင်တယ်၊ တန်းလည်းမစီချင်ဘူးဆိုရင်တော့ ရော်နယ်ဒိုကို အင်္ဂလန်အနောက်မြောက်ပိုင်းဒေသရဲ့ မြန်ဆန်လွယ်ကူစိတ်ချရတဲ့ လေဆိပ်ကနေဖိတ်ခေါ်လိုက်ပါတယ်။

ဒီလေဆိပ်ရဲ့ Lufthansa လေကြောင်းလိုင်းကနေ မြူးနစ်နဲ့ လစ္စဘွန်းကိုရောက်နိုင်သလို Ryanair လေကြောင်းလိုင်းနဲ့လည်း ပါရီနဲ့ရောမကို သွားနိုင်ပါတယ် ” လို့ ရော်နယ်ဒိုရဲ့ပုံတင်ပြီး နောက်ပြောင်ရေးသားထားတာပါ။

(zawgyi)

ေရာ္နယ္ဒိုနဲ႔ပတ္သက္တဲ့သတင္းေတြ ဒီေန႔ဆက္လက္ၾကားေနရပါတယ္။ ပထမဆုံးထြက္ေပၚလာတာက မန္ယူဟာ သူတို႔ၾကယ္ပြင့္ကို လက္လႊတ္ရေတာ့မယ္ဆိုတာကို

လက္ခံလိုက္ၿပီလို႔ ၿဗိတိန္အေျခစိုက္ The Sun သတင္းစာက ေဖၚျပလိုက္တာပါ။ နည္းျပသစ္တန္းဟတ္ကလည္း ေရာ္နယ္ဒိုမပါတဲ့ အနာဂတ္အစီအစဥ္ေတြကို ျပဳလုပ္ေနၿပီျဖစ္ေၾကာင္းလည္း

ေရးသားထားပါတယ္။ စိတ္ဝင္စားစရာပိုေကာင္းတာက မန္ယူကေန ေရာ္နယ္ဒိုထြက္ခြာဖို႔ ေသခ်ာေနၿပီဆိုတဲ့သတင္းအေပၚ လီဗာပူးလ္ပရိသတ္ေတြ ေလွာင္ေျပာင္ေနၾကတာပါပဲ။

အနီေရာင္ဒါဘီပြဲေတြနဲ႔အတူ ပရီးမီးယားလိဂ္ရဲ႕အခါးသီးဆုံးၿပိဳင္ဘက္ႀကီးဟာ သူတို႔ရဲ႕အေကာင္းဆုံးကစားသမားတစ္ေယာက္ကို လက္လႊတ္ဆုံးရႈံးရေတာ့မယ္ဆိုတဲ့အေၾကာင္း

လီဗာပူးလ္ေလဆိပ္ရဲ႕တရားဝင္တြစ္တာအေကာင့္မွာ ေလွာင္ေျပာင္ထားတာပါ။ “ မန္ယူကေန ထြက္ခ်င္တယ္၊ တန္းလည္းမစီခ်င္ဘူးဆိုရင္ေတာ့ ေရာ္နယ္ဒိုကို

အဂၤလန္အေနာက္ေျမာက္ပိုင္းေဒသရဲ႕ ျမန္ဆန္လြယ္ကူစိတ္ခ်ရတဲ့ ေလဆိပ္ကေနဖိတ္ေခၚလိုက္ပါတယ္။ ဒီေလဆိပ္ရဲ႕ Lufthansa ေလေၾကာင္းလိုင္းကေန ျမဴးနစ္နဲ႔

လစၥဘြန္းကိုေရာက္ႏိုင္သလို Ryanair ေလေၾကာင္းလိုင္းနဲ႔လည္း ပါရီနဲ႔ေရာမကို သြားႏိုင္ပါတယ္ ” လို႔ ေရာ္နယ္ဒိုရဲ႕ပုံတင္ၿပီး ေနာက္ေျပာင္ေရးသားထားတာပါ။