ရော်နယ်ဒိုကို မန်ယူကစားသမားအများစု စိတ်ကုန်နေကြပြီး မြန်မြန်ထွက်သွားစေချင်နေကြ

မန်ချက်စတာယူနိုက်တက်ကစားသမားအများစုဟာ ရော်နယ်ဒိုကို အသင်းကနေထွက်ခွာစေချင်နေကြပြီး အပြောင်းအရွှေ့ဈေးကွက်မှာ အရှိန်အဟုန်နဲ့တက်တက်ကြွကြွ

လုပ်ဆောင်စေချင်နေကြတယ်လို့ ဗြိတိန်အခြေစိုက် The Sun သတင်းစာက ဖေါ်ပြပါတယ်။ တနည်းအားဖြင့် ပေါ်တူဂီကြယ်ပွင့်ရဲ့အပြုအမူတွေကြောင့် မန်ယူအသင်းဖော်တွေ စိတ်ဆိုးနေကြတယ်ဆိုတဲ့

နီးစပ်တဲ့အသိုင်းအဝန်းကသတင်းကို အခြေခံပြီးဖေါ်ပြလိုက်တာပါ။ အသင်းနဲ့ကမောက်ကမ ဖြစ်နေမယ့်အစား ထွက်သွားလိုက်တာက ပိုကောင်းမယ်လို့ ယူဆထားတဲ့ မန်ယူကစားသမားအုပ်စုရှိနေပါပြီ။

“ လက်ရှိအချိန်မှာ ကစားသမားအတော်များများဟာ စိတ်အနှောင့်အယှက်ဖြစ်နေကြပါတယ်။ အသင်းမှာ ရော်နယ်ဒိုရဲ့သစ္စာရှိဘက်တော်သားတွေရှိပေမယ့် အတော်များများကတော့

သူ့ကိစ္စတွေကို ငြီးငွေ့နေကြပါပြီ ” လို့ အိုးလ်ထရက်ဖို့ဒ်အသိုင်းအဝန်းက ကြားရကြောင်း The Sun က ရေးသားထားပါတယ်။ ရော်နယ်ဒိုဟာ မန်ယူကိုပြန်ရောက်လာပြီး ၁၂ လ အကြာမှာတင်

ပြန်လည်ထွက်ခွာချင်နေပေမယ့် အသင်းကတော့ ရောင်းချဖို့ငြင်းဆန်ထားတာပါ။ မန်ယူနဲ့သူ့ကြားက စာချုပ်ပါသဘောတူညီချက်မှာ ချန်ပီယံလိဂ်ဝင်ခွင့်မရရင် အသင်းကနေထွက်ခွာခွင့်ပေးပါမယ်လို့

လူကြီးလူကောင်းဆန်ဆန် သဘောတူညီချက်ပါရှိလိမ့်မယ်လို့လည်း ကစားသမားတွေက ယုံကြည်နေကြပါတယ်။ ဒါပေမဲ့ ပေါ်တူဂီကြယ်ပွင့်ကိစ္စဖြေရှင်းနေရတာနဲ့

အပြောင်းအရွှေ့ဈေးကွက်မှာ ပစ်မှတ်တွေလွဲချော်နေရသလို အဝတ်လဲခန်းအတွင်း အက်ကြောင်းတွေထင်လာမှာကို ကစားသမားအများစုက မလိုလားဘဲဖြစ်နေကြတာပါ။

(zawgyi)

မန္ခ်က္စတာယူႏိုက္တက္ကစားသမားအမ်ားစုဟာ ေရာ္နယ္ဒိုကို အသင္းကေနထြက္ခြာေစခ်င္ေနၾကၿပီး အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ အရွိန္အဟုန္နဲ႔တက္တက္ႂကြႂကြ လုပ္ေဆာင္ေစခ်င္ေနၾကတယ္လို႔

ၿဗိတိန္အေျခစိုက္ The Sun သတင္းစာက ေဖၚျပပါတယ္။ တနည္းအားျဖင့္ ေပၚတူဂီၾကယ္ပြင့္ရဲ႕အျပဳအမူေတြေၾကာင့္ မန္ယူအသင္းေဖာ္ေတြ စိတ္ဆိုးေနၾကတယ္ဆိုတဲ့ နီးစပ္တဲ့အသိုင္းအဝန္းကသတင္းကို

အေျခခံၿပီးေဖၚျပလိုက္တာပါ။ အသင္းနဲ႔ကေမာက္ကမ ျဖစ္ေနမယ့္အစား ထြက္သြားလိုက္တာက ပိုေကာင္းမယ္လို႔ ယူဆထားတဲ့ မန္ယူကစားသမားအုပ္စုရွိေနပါၿပီ။ “ လက္ရွိအခ်ိန္မွာ

ကစားသမားအေတာ္မ်ားမ်ားဟာ စိတ္အေႏွာင့္အယွက္ျဖစ္ေနၾကပါတယ္။ အသင္းမွာ ေရာ္နယ္ဒိုရဲ႕သစၥာရွိဘက္ေတာ္သားေတြရွိေပမယ့္ အေတာ္မ်ားမ်ားကေတာ့ သူ႔ကိစၥေတြကို ၿငီးေငြ႕ေနၾကပါၿပီ ” လို႔

အိုးလ္ထရက္ဖို႔ဒ္အသိုင္းအဝန္းက ၾကားရေၾကာင္း The Sun က ေရးသားထားပါတယ္။ ေရာ္နယ္ဒိုဟာ မန္ယူကိုျပန္ေရာက္လာၿပီး ၁၂ လ အၾကာမွာတင္ ျပန္လည္ထြက္ခြာခ်င္ေနေပမယ့္

အသင္းကေတာ့ ေရာင္းခ်ဖို႔ျငင္းဆန္ထားတာပါ။ မန္ယူနဲ႔သူ႔ၾကားက စာခ်ဳပ္ပါသေဘာတူညီခ်က္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္မရရင္ အသင္းကေနထြက္ခြာခြင့္ေပးပါမယ္လို႔ လူႀကီးလူေကာင္းဆန္ဆန္ သေဘာတူညီခ်က္ပါရွိလိမ့္မယ္လို႔လည္း

ကစားသမားေတြက ယုံၾကည္ေနၾကပါတယ္။ ဒါေပမဲ့ ေပၚတူဂီၾကယ္ပြင့္ကိစၥေျဖရွင္းေနရတာနဲ႔ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ပစ္မွတ္ေတြလြဲေခ်ာ္ေနရသလို အဝတ္လဲခန္းအတြင္း အက္ေၾကာင္းေတြထင္လာမွာကို ကစားသမားအမ်ားစုက မလိုလားဘဲျဖစ္ေနၾကတာပါ။