” ရော်နယ်ဒိုကို မကြိုက်ဘူး သူ့ကိုယ်သူ ဘုရားသခင်လို့ ထင်နေတာ “

အဲဗာတန်နဲ့ပွဲအပြီး ပြိုင်ဘက်ပရိသတ်တစ်ယောက်ရဲ့လက်ထဲက ဖုန်းကို

ပစ်ပေါက်ခဲ့ပုံရတဲ့ မန်ယူကြယ်ပွင့်စီရော်နယ်ဒိုကို လီဗာပူးနောက်ခံလူဟောင်း

ဂျို့စ်အင်းနရစ်က အပြင်းအထန်ဝေဖန်လိုက်ပါတယ်။ ၁-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့အဲဒီပွဲအပြီး

ဥမင်ထဲအဝင်မှာ စီရော်နယ်ဒိုဟာ ဖုန်းနဲ့ဗီဒီယိုရိုက်နေတဲ့ ၁၄ နှစ်အရွယ်

အဲဗာတန်ပရိသတ်ကောင်လေးကို ဒေါသထွက်ထွက်နဲ့ ကိုယ်ထိလက်ရောက်

ကျူးလွန်သလို ဖြစ်ခဲ့တာပါ။ အဲဒီအဖြစ်အပျက်နဲ့ပတ်သက်တဲ့ဗီဒီယီဖိုင်အပိုင်းအစမှာလည်း

ဆိုရှယ်မီဒီယာထက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်လု့ိ အဲဒီပေါ်တူဂီစူပါစတားက

Instagram မှာ ပြန်လည်တောင်းပန်ခဲ့ပေမယ့် မာဆေးဆိုဒ်ရဲတပ်ဖွဲ့ကတော့

စုံစမ်းစစ်ဆေးမှုပြုလုပ်နေတာပါ။ စီရော်နယ်ဒိုက တောင်းပန်ပြီးတော့ အိုးလ်ထရက်ဖို့ဒ်မှာ

ပွဲကြည့်ဖို့ အဲဒီကောင်လေးကို ဖိတ်ကြားခဲ့ပေမယ့် ၁၄ နှစ်သားရဲ့မိခင်ကတော့ သူ့သားဟာ

နောက်ထပ်တစ်ကြိမ်ဘောလုံးပွဲသွားဖို့ ကြောက်သွားပြီလို့ ဆိုပါတယ်။

အဲဒီဗီဒီယိုကို ကြည့်ပြီးတော့ လီဗာပူးဘယ်နောက်ခံလူဟောင်းအင်းနရစ်က

ဆိုရှယ်မီဒီယာထက်မှာ အခုလိုရေးခဲ့တာပါ။

”သူ့ကို မကြိုက်ဘူးလို့ ကျွန်တော်အမြဲပြောခဲ့ပါတယ်။

စီရော်နယ်ဒိုက သူ့ကိုယ်သူ ဘုရားသခင်လို့ ထင်နေပြီး သူလုပ်ချင်တာ လုပ်နေတာပါ။

သူဟာ ဘောလုံးသမိုင်းရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်မဟုတ်ဘူးလို့

ကျွန်တော်မပြောပါဘူး။ ဒါပေမဲ့ လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ဆိုရင်တော့ သူ့ကို

ကျွန်တော်မကြိုက်ပါဘူး”လို့ အင်းနရစ်က ရေးခဲ့တာပါ။

အင်းနရစ်ဟာ လီဗာပူးမှာ ရှိစဉ်ကတော့ စီရော်နယ်ဒိုရဲ့ယူနိုက်တက်နဲ့ ဆုံတွေ့ဖူးခြင်း မရှိပါဘူး။

ဒါပေမဲ့ သူဟာ နယူးကာဆယ်ကစားသမားအဖြစ်နဲ့ စီရော်နယ်ဒိုကို ၂ ကြိမ်ရင်ဆိုင်ဖူးပြီး

အဲဒီ ၂ ကြိမ်စလုံးမှာ မန်ယူအနိုင်ရခဲ့ပါတယ်။

zawgyi

” ေရာ္နယ္ဒိုကို မႀကိဳက္ဘူး သူ႔ကိုယ္သူ ဘုရားသခင္လို႔ ထင္ေနတာ ”

အဲဗာတန္နဲ႔ပြဲအၿပီး ၿပိဳင္ဘက္ပရိသတ္တစ္ေယာက္ရဲ႕လက္ထဲက ဖုန္းကို

ပစ္ေပါက္ခဲ့ပုံရတဲ့ မန္ယူၾကယ္ပြင့္စီေရာ္နယ္ဒိုကို လီဗာပူးေနာက္ခံလူေဟာင္း

ဂ်ိဳ႕စ္အင္းနရစ္က အျပင္းအထန္ေဝဖန္လိုက္ပါတယ္။ ၁-၀ နဲ႔ရႈံးနိမ့္ခဲ့တဲ့အဲဒီပြဲအၿပီး

ဥမင္ထဲအဝင္မွာ စီေရာ္နယ္ဒိုဟာ ဖုန္းနဲ႔ဗီဒီယို႐ိုက္ေနတဲ့ ၁၄ ႏွစ္အ႐ြယ္

အဲဗာတန္ပရိသတ္ေကာင္ေလးကို ေဒါသထြက္ထြက္နဲ႔ ကိုယ္ထိလက္ေရာက္

က်ဴးလြန္သလို ျဖစ္ခဲ့တာပါ။ အဲဒီအျဖစ္အပ်က္နဲ႔ပတ္သက္တဲ့ဗီဒီယီဖိုင္အပိုင္းအစမွာလည္း

ဆိုရွယ္မီဒီယာထက္မွာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ အဲဒါနဲ႔ပတ္သက္လု႔ိ အဲဒီေပၚတူဂီစူပါစတားက

Instagram မွာ ျပန္လည္ေတာင္းပန္ခဲ့ေပမယ့္ မာေဆးဆိုဒ္ရဲတပ္ဖြဲ႕ကေတာ့

စုံစမ္းစစ္ေဆးမႈျပဳလုပ္ေနတာပါ။ စီေရာ္နယ္ဒိုက ေတာင္းပန္ၿပီးေတာ့ အိုးလ္ထရက္ဖို႔ဒ္မွာ

ပြဲၾကည့္ဖို႔ အဲဒီေကာင္ေလးကို ဖိတ္ၾကားခဲ့ေပမယ့္ ၁၄ ႏွစ္သားရဲ႕မိခင္ကေတာ့ သူ႔သားဟာ

ေနာက္ထပ္တစ္ႀကိမ္ေဘာလုံးပြဲသြားဖို႔ ေၾကာက္သြားၿပီလို႔ ဆိုပါတယ္။

အဲဒီဗီဒီယိုကို ၾကည့္ၿပီးေတာ့ လီဗာပူးဘယ္ေနာက္ခံလူေဟာင္းအင္းနရစ္က

ဆိုရွယ္မီဒီယာထက္မွာ အခုလိုေရးခဲ့တာပါ။

”သူ႔ကို မႀကိဳက္ဘူးလို႔ ကြၽန္ေတာ္အၿမဲေျပာခဲ့ပါတယ္။

စီေရာ္နယ္ဒိုက သူ႔ကိုယ္သူ ဘုရားသခင္လို႔ ထင္ေနၿပီး သူလုပ္ခ်င္တာ လုပ္ေနတာပါ။

သူဟာ ေဘာလုံးသမိုင္းရဲ႕အေကာင္းဆုံးကစားသမားေတြထဲက တစ္ေယာက္မဟုတ္ဘူးလို႔

ကြၽန္ေတာ္မေျပာပါဘူး။ ဒါေပမဲ့ လူပုဂၢိဳလ္တစ္ေယာက္အေနနဲ႔ဆိုရင္ေတာ့ သူ႔ကို

ကြၽန္ေတာ္မႀကိဳက္ပါဘူး”လို႔ အင္းနရစ္က ေရးခဲ့တာပါ။

အင္းနရစ္ဟာ လီဗာပူးမွာ ရွိစဥ္ကေတာ့ စီေရာ္နယ္ဒိုရဲ႕ယူႏိုက္တက္နဲ႔ ဆုံေတြ႕ဖူးျခင္း မရွိပါဘူး။

ဒါေပမဲ့ သူဟာ နယူးကာဆယ္ကစားသမားအျဖစ္နဲ႔ စီေရာ္နယ္ဒိုကို ၂ ႀကိမ္ရင္ဆိုင္ဖူးၿပီး

အဲဒီ ၂ ႀကိမ္စလုံးမွာ မန္ယူအႏိုင္ရခဲ့ပါတယ္။