ရော်နယ်ဒိုကို ဒေါ့တ်မန်ကလည်း No ပါတဲ့

ရော်နယ်ဒိုရဲ့ချန်ပီယံလိဂ်အိပ်မက်အတွက် နောက်ဆုံးမျှော်လင့်ချက်ဟာ ဒေါ့တ်မန်ဆိုတဲ့သတင်းတွေ အဆုံးသတ်သွားခဲ့ပါပြီ။ ပေါ်တူဂီသားကို အငှားနဲ့ ဒါမှမဟုတ် အပြီးသတ်ခေါ်ယူဖို့ ဘွန်ဒက်စ်လီဂါကလပ်

အတွင်းပိုင်းမှာ ဆွေးနွေးနေကြောင်း ဂျာမနီနာမည်ကြီးသတင်းစာ Bild နဲ့ CBS Sports တို့က ဖေါ်ပြခဲ့ပါတယ်။ အထူးသဖြင့် ဝှေးစေ့အကြိတ်ခွဲစိတ်ထားရတဲ့ တိုက်စစ်မှူးသစ်ဟယ်လာနေရာမှာ

အစားထိုးဖို့စဉ်းစားနေတာလို့ ရေးသားခဲ့ကြတာပါ။ အခြားသတင်းတွေမှာလည်း အေးဂျင့်ဂျော့မန်ဒက်စ်က ရော်နယ်ဒိုအတွက် ဂျာမနီကလပ်ကို ကမ်းလှမ်းထားတယ်လို့ ဖေါ်ပြလာခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီနေ့မှာတော့ ဒေါ့တ်မန်ကို ရော်နယ်ဒိုရောက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ Bild ကပဲ သတင်းပေးလာခဲ့ပြန်ပါတယ်။ အဓိက အကြောင်းရင်း ၂ ခုကြောင့်ဖြစ်ပြီး ပထမအချက်က

ရွှေဘောလုံး ၅ ဆုရှင်ရဲ့လစာပြဿနာလို့ဆိုပါတယ်။ ရော်နယ်ဒိုရဲ့လစာဟာ ဒေါ့တ်မန်မှာ လစာအများဆုံးရနေတဲ့ကစားသမားထက် ၂ ဆကျော်ရှိနေတာကို ဘွန်ဒက်စ်လီဂါကလပ် လိုက်မမီနိုင်ပါဘူး။

နောက်တစ်ချက်ကတော့ ကိုလုံးကနေခေါ်ယူထားတဲ့ တိုက်စစ်မှူးမိုဒက်စ်တီနဲ့ပဲ ဟယ်လာနေရာမှာ အစားထိုးဖြေရှင်းဖို့ ကြိုးစားတော့မယ်ဆိုတာပါ။ တခြားသတင်းရင်းမြစ်တွေကတော့  ရော်နယ်ဒိုဟာ အသက် ၃၇ နှစ်ရှိနေတာက

ဒေါ့တ်မန်လိုအသင်းအတွက် မစွန့်စားချင်တဲ့အကြောင်းတစ်ရပ်ဖြစ်တယ်လို့ ရေးသားနေကြပါတယ်။ ပေါ်တူဂီကြယ်ပွင့်အတွက် ဂျော့မန်ဒက်စ်ဟာ ဘိုင်ယန်၊ ပီအက်စ်ဂျီ၊ ရီးရဲလ်၊ အက်သလက်တီကိုနဲ့ ချဲလ်ဆီးတို့ကိုလည်း ကမ်းလှမ်းခဲ့ပြီး ငြင်းပယ်ခံခဲ့ရတယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။

(zawgyi)

ေရာ္နယ္ဒိုရဲ႕ခ်န္ပီယံလိဂ္အိပ္မက္အတြက္ ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ဟာ ေဒါ့တ္မန္ဆိုတဲ့သတင္းေတြ အဆုံးသတ္သြားခဲ့ပါၿပီ။ ေပၚတူဂီသားကို အငွားနဲ႔ ဒါမွမဟုတ္ အၿပီးသတ္ေခၚယူဖို႔ ဘြန္ဒက္စ္လီဂါကလပ္ အတြင္းပိုင္းမွာ

ေဆြးေႏြးေနေၾကာင္း ဂ်ာမနီနာမည္ႀကီးသတင္းစာ Bild နဲ႔ CBS Sports တို႔က ေဖၚျပခဲ့ပါတယ္။ အထူးသျဖင့္ ေဝွးေစ့အႀကိတ္ခြဲစိတ္ထားရတဲ့ တိုက္စစ္မႉးသစ္ဟယ္လာေနရာမွာ အစားထိုးဖို႔စဥ္းစားေနတာလို႔ ေရးသားခဲ့ၾကတာပါ။

အျခားသတင္းေတြမွာလည္း ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္က ေရာ္နယ္ဒိုအတြက္ ဂ်ာမနီကလပ္ကို ကမ္းလွမ္းထားတယ္လို႔ ေဖၚျပလာခဲ့ၾကပါတယ္။ ဒါေပမဲ့ ဒီေန႔မွာေတာ့ ေဒါ့တ္မန္ကို ေရာ္နယ္ဒိုေရာက္ဖို႔ မျဖစ္ႏိုင္ေတာ့ဘူးလို႔ Bild ကပဲ

သတင္းေပးလာခဲ့ျပန္ပါတယ္။ အဓိက အေၾကာင္းရင္း ၂ ခုေၾကာင့္ျဖစ္ၿပီး ပထမအခ်က္က ေ႐ႊေဘာလုံး ၅ ဆုရွင္ရဲ႕လစာျပႆနာလို႔ဆိုပါတယ္။ ေရာ္နယ္ဒိုရဲ႕လစာဟာ ေဒါ့တ္မန္မွာ

လစာအမ်ားဆုံးရေနတဲ့ကစားသမားထက္ ၂ ဆေက်ာ္ရွိေနတာကို ဘြန္ဒက္စ္လီဂါကလပ္ လိုက္မမီႏိုင္ပါဘူး။ ေနာက္တစ္ခ်က္ကေတာ့ ကိုလုံးကေနေခၚယူထားတဲ့ တိုက္စစ္မႉးမိုဒက္စ္တီနဲ႔ပဲ ဟယ္လာေနရာမွာ

အစားထိုးေျဖရွင္းဖို႔ ႀကိဳးစားေတာ့မယ္ဆိုတာပါ။ တျခားသတင္းရင္းျမစ္ေတြကေတာ့ ေရာ္နယ္ဒိုဟာ အသက္ ၃၇ ႏွစ္ရွိေနတာက ေဒါ့တ္မန္လိုအသင္းအတြက္ မစြန႔္စားခ်င္တဲ့အေၾကာင္းတစ္ရပ္ျဖစ္တယ္လို႔

ေရးသားေနၾကပါတယ္။ ေပၚတူဂီၾကယ္ပြင့္အတြက္ ေဂ်ာ့မန္ဒက္စ္ဟာ ဘိုင္ယန္၊ ပီအက္စ္ဂ်ီ၊ ရီးရဲလ္၊ အက္သလက္တီကိုနဲ႔ ခ်ဲလ္ဆီးတို႔ကိုလည္း ကမ္းလွမ္းခဲ့ၿပီး ျငင္းပယ္ခံခဲ့ရတယ္လို႔ သတင္းထြက္ခဲ့ဖူးပါတယ္။