ရော်နယ်ဒိုကို ဒဏ်ငွေမချရဲဘဲ ကြောက်နေရတဲ့ မန်ချက်စတာယူနိုက်တက်

မန်ယူအသင်းဟာ ရာသီကြိုခြေစမ်းပွဲခရီးစဉ်မှာ လိုက်ပါပူးပေါင်းခြင်းမရှိတဲ့ရော်နယ်ဒိုကို ဒဏ်ငွေအပြစ်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

သရဲနီတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုရောက်နေပြီး လီဗာပူးလ်နဲ့ခြေစမ်းပွဲကစားမှာဖြစ်ပါတယ်။ ဘန်ကောက်ပွဲစဉ်မှာ ရော်နယ်ဒို မပါဝင်ဘူးဆိုတာလည်း

မန်ယူက တရားဝင်ကြေညာပြီးပါပြီ။ ပေါ်တူဂီတိုက်စစ်မှူးဘက်ကတော့ အိုးလ်ထရက်ဖို့ဒ်ကိုစွန့်ခွာဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားတဲ့အနေအထားပါ။

ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့ အသင်းတစ်သင်းသင်းကို ပြောင်းရွှေ့ဖို့ရှိနေပြီး ချဲလ်ဆီး၊ ဘိုင်ယန်၊ ပီအက်စ်ဂျီ၊ ရီးရဲလ်တို့နဲ့ သတင်းထွက်နေပါတယ်။

ဒါပေမဲ့ မန်ယူဘက်ကတော့ ကွင်းတွင်းစွမ်းဆောင်မှုမှာသာမက စီးပွားရေးအရပါ အကျိုးအမြတ်ပြုနေတဲ့ သူတို့ကြယ်ပွင့်ကို လက်မလွှတ်ချင်ပါဘူး။

ဒါကြောင့် စာချုပ်ပါသဘောတူညီမှုအရ ရော်နယ်ဒိုကို ဒဏ်ငွေချမှတ်ခွင့်ရှိပေမယ့် မန်ယူဟာ မလိုလားအပ်တဲ့ပြဿနာတွေကို ရှောင်ရှားနိုင်ဖို့

အရေးယူမှာ မဟုတ်ဘူးလို့ Daily Star သတင်းစာက ဖေါ်ပြပါတယ်။ အခုတောင် ရော်နယ်ဒိုမပါတာကြောင့် လက်မှတ်ရောင်းချတာတွေ၊

ဂျာစီရောင်းရတာတွေအပေါ် ထိခိုက်မှုရှိနေတယ်လို့ သတင်းထွက်နေပါတယ်။ ရော်နယ်ဒို စိတ်ပြောင်းပြီး လာမယ့်ပွဲတွေမှာ ပြန်လည်ပူးပေါင်းလာမလားဆိုတာလည်း

ရှင်းရှင်းမထုတ်ပြန်နိုင်သေးပါဘူး။ ရော်နယ်ဒိုကတော့ လစ္စဘွန်းမှာပဲဆက်ရှိနေပြီး သူ့ရဲ့အပြောင်းအရွှေ့အတွက် အေးဂျင့်ဂျော့မန်ဒက်စ်က လှုပ်ရှားနေတယ်လို့သိရပါတယ်။

(zawgyi)

မန္ယူအသင္းဟာ ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္မွာ လိုက္ပါပူးေပါင္းျခင္းမရွိတဲ့ေရာ္နယ္ဒိုကို ဒဏ္ေငြအျပစ္ေပးမွာ မဟုတ္ဘူးလို႔ သိရပါတယ္။ သရဲနီေတြဟာ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ကိုေရာက္ေနၿပီး

လီဗာပူးလ္နဲ႔ေျခစမ္းပြဲကစားမွာျဖစ္ပါတယ္။ ဘန္ေကာက္ပြဲစဥ္မွာ ေရာ္နယ္ဒို မပါဝင္ဘူးဆိုတာလည္း မန္ယူက တရားဝင္ေၾကညာၿပီးပါၿပီ။ ေပၚတူဂီတိုက္စစ္မႉးဘက္ကေတာ့

အိုးလ္ထရက္ဖို႔ဒ္ကိုစြန႔္ခြာဖို႔ ျပတ္ျပတ္သားသား ဆုံးျဖတ္ထားတဲ့အေနအထားပါ။ ခ်န္ပီယံလိဂ္ဝင္ခြင့္ရတဲ့ အသင္းတစ္သင္းသင္းကို ေျပာင္းေ႐ႊ႕ဖို႔ရွိေနၿပီး ခ်ဲလ္ဆီး၊ ဘိုင္ယန္၊ ပီအက္စ္ဂ်ီ၊ ရီးရဲလ္တို႔နဲ႔

သတင္းထြက္ေနပါတယ္။ ဒါေပမဲ့ မန္ယူဘက္ကေတာ့ ကြင္းတြင္းစြမ္းေဆာင္မႈမွာသာမက စီးပြားေရးအရပါ အက်ိဳးအျမတ္ျပဳေနတဲ့ သူတို႔ၾကယ္ပြင့္ကို လက္မလႊတ္ခ်င္ပါဘူး။

ဒါေၾကာင့္ စာခ်ဳပ္ပါသေဘာတူညီမႈအရ ေရာ္နယ္ဒိုကို ဒဏ္ေငြခ်မွတ္ခြင့္ရွိေပမယ့္ မန္ယူဟာ မလိုလားအပ္တဲ့ျပႆနာေတြကို ေရွာင္ရွားႏိုင္ဖို႔ အေရးယူမွာ မဟုတ္ဘူးလို႔ Daily Star သတင္းစာက ေဖၚျပပါတယ္။

အခုေတာင္ ေရာ္နယ္ဒိုမပါတာေၾကာင့္ လက္မွတ္ေရာင္းခ်တာေတြ၊ ဂ်ာစီေရာင္းရတာေတြအေပၚ ထိခိုက္မႈရွိေနတယ္လို႔ သတင္းထြက္ေနပါတယ္။ ေရာ္နယ္ဒို စိတ္ေျပာင္းၿပီး လာမယ့္ပြဲေတြမွာ ျပန္လည္ပူးေပါင္းလာမလားဆိုတာလည္း

ရွင္းရွင္းမထုတ္ျပန္ႏိုင္ေသးပါဘူး။ ေရာ္နယ္ဒိုကေတာ့ လစၥဘြန္းမွာပဲဆက္ရွိေနၿပီး သူ႔ရဲ႕အေျပာင္းအေ႐ႊ႕အတြက္ ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္က လႈပ္ရွားေနတယ္လို႔သိရပါတယ္။