
မားကို့စ် လော်ရန်တေးက ယနေ့ည ကစားမယ့် ချန်ပီယံလိဂ် ( ၁၆ ) သင်းအဆင့်
ဒုတိယအကျော့ပွဲစဉ်အတွင်း ခရစ္စတီယာနို ရော်နယ်ဒို တားဆီးရေးကိုပဲ
အလွန်အကျွံအာရုံ မစိုက်ဖို့ သူ့ရဲ့ အက်သလက်တီကို မက်ဒရစ်
အသင်းဖော်တွေကို သတိပေးစကားဆိုလိုက်ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အပတ်အတွင်း ပုံစံကောင်းပြန်လည်ရရှိနေပြီး
တော့တင်ဟမ်ကို ( ၃-၂ ) အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူပြီး
( ၁၀ ) ပွဲမှာ ( ၁ ) ဂိုးသာသွင်းယူနိုင်မှုကို အဆုံးသတ်ပြခဲ့ပါတယ်။
အသက် ( ၃၇ ) နှစ်အရွယ် တိုက်စစ်မှူးဟာ အေတီကိုနဲ့ ပွဲစဉ်တွေမှာ ဂိုးမြူးလေ့ရှိပြီး
မြို့ခံပြိုင်ဘက် ရီးရဲမက်ဒရစ် နှင့် ဂျူဗင်တပ်အသင်းတွေမှာ ကစားစဉ်
လာလီဂါချန်ပီယံဘက်ကို ( ၂၅ ) ဂိုးထိ သွင်းယူထားတာတွေ့ရပါတယ်။
လွန်ခဲ့တဲ့ ( ၃ ) ပတ်က ပထမအကျော့ မက်ဒရစ်မှာ ( ၁-၁ ) သရေကျခဲ့ပြီးနောက်
ယခု အိုးထရတ်ဖို့ဒ်ပွဲစဉ်မှာတော့ ယူနိုက်တက်အနေနဲ့ ရော်နယ်ဒိုက
အဆုံးအဖြတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်လျက်ရှိပါတယ်။
လွန်ခဲ့တဲ့ ( ၂ ) နှစ်က လီဗာပူးလ်ကို အန်ဖီးလ်မှာ အနိုင်ယူပြီး
နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့တဲ့ ပွဲစဉ်အတွင်း သူရဲကောင်းဖြစ်ခဲ့တဲ့
လော်ရန်တေးက ကစားသမားတစ်ဦးကို တားဆီးဖို့ပဲ အာရုံစိုက်လွန်းတာဟာ
အန္တရာယ်များလွန်းကြောင်း နားလည်ထားပါတယ်။
သူက “ အဲ့လို ကစားသမားတွေကို အမြဲ အာရုံစိုက် စောင့်ကြည့်ထားဖို့တော့ လိုပါတယ်။
ဒါပေမယ့် သူတို့မှာ တစ်ကယ် အဆင့်အတန်းမြင့်တဲ့ အခြားကစားသမားတွေလည်း ရှိပါသေးတယ်။
ကျွန်တော်တို့အနေနဲ့ သူတို့အားလုံးကို သတိထားရပါမယ်။”လို့ ဆိုခဲ့ပါတယ်။
လော်ရန်းတေးက အန်ဖီးလ်နိုင်ပွဲမှာ ( ၂ ) ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက်
သူ့ရဲ့ ခွေးကိုတောင် အဆိုပါကွင်းနာမည်ပေးခဲ့ပါတယ်။
zawgyi
ေရာ္နယ္ဒုိကုိ တားဆီးဖို႔ အလြန္အကၽြံ အာ႐ုံမစုိက္ဖို႔ အသင္းေဖာ္ေတြကုိ သတိေပးလိုက္တဲ့ ေလာ္ရန္ေတး
မားကို႔စ္ ေလာ္ရန္ေတးက ယေန႔ည ကစားမယ့္ ခ်န္ပီယံလိဂ္ ( ၁၆ ) သင္းအဆင့္
ဒုတိယအေက်ာ့ပြဲစဥ္အတြင္း ခရစၥတီယာႏို ေရာ္နယ္ဒို တားဆီးေရးကိုပဲ
အလြန္အကြၽံအာ႐ုံ မစိုက္ဖို႔ သူ႔ရဲ႕ အက္သလက္တီကို မက္ဒရစ္
အသင္းေဖာ္ေတြကို သတိေပးစကားဆိုလိုက္ပါတယ္။
ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ အပတ္အတြင္း ပုံစံေကာင္းျပန္လည္ရရွိေနၿပီး
ေတာ့တင္ဟမ္ကို ( ၃-၂ ) အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ဟက္ထရစ္သြင္းယူၿပီး
( ၁၀ ) ပြဲမွာ ( ၁ ) ဂိုးသာသြင္းယူႏိုင္မႈကို အဆုံးသတ္ျပခဲ့ပါတယ္။
အသက္ ( ၃၇ ) ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ေအတီကိုနဲ႔ ပြဲစဥ္ေတြမွာ ဂိုးျမဴးေလ့ရွိၿပီး
ၿမိဳ႕ခံၿပိဳင္ဘက္ ရီးရဲမက္ဒရစ္ ႏွင့္ ဂ်ဴဗင္တပ္အသင္းေတြမွာ ကစားစဥ္
လာလီဂါခ်န္ပီယံဘက္ကို ( ၂၅ ) ဂိုးထိ သြင္းယူထားတာေတြ႕ရပါတယ္။
လြန္ခဲ့တဲ့ ( ၃ ) ပတ္က ပထမအေက်ာ့ မက္ဒရစ္မွာ ( ၁-၁ ) သေရက်ခဲ့ၿပီးေနာက္
ယခု အိုးထရတ္ဖို႔ဒ္ပြဲစဥ္မွာေတာ့ ယူႏိုက္တက္အေနနဲ႔ ေရာ္နယ္ဒိုက
အဆုံးအျဖတ္ေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္လ်က္ရွိပါတယ္။
လြန္ခဲ့တဲ့ ( ၂ ) ႏွစ္က လီဗာပူးလ္ကို အန္ဖီးလ္မွာ အႏိုင္ယူၿပီး
ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္ခဲ့တဲ့ ပြဲစဥ္အတြင္း သူရဲေကာင္းျဖစ္ခဲ့တဲ့
ေလာ္ရန္ေတးက ကစားသမားတစ္ဦးကို တားဆီးဖို႔ပဲ အာ႐ုံစိုက္လြန္းတာဟာ
အႏၲရာယ္မ်ားလြန္းေၾကာင္း နားလည္ထားပါတယ္။
သူက “ အဲ့လို ကစားသမားေတြကို အၿမဲ အာ႐ုံစိုက္ ေစာင့္ၾကည့္ထားဖို႔ေတာ့ လိုပါတယ္။
ဒါေပမယ့္ သူတို႔မွာ တစ္ကယ္ အဆင့္အတန္းျမင့္တဲ့ အျခားကစားသမားေတြလည္း ရွိပါေသးတယ္။
ကြၽန္ေတာ္တို႔အေနနဲ႔ သူတို႔အားလုံးကို သတိထားရပါမယ္။”လို႔ ဆိုခဲ့ပါတယ္။
ေလာ္ရန္းေတးက အန္ဖီးလ္ႏိုင္ပြဲမွာ ( ၂ ) ဂိုး သြင္းယူႏိုင္ခဲ့ၿပီးေနာက္
သူ႔ရဲ႕ ေခြးကိုေတာင္ အဆိုပါကြင္းနာမည္ေပးခဲ့ပါတယ္။
Leave a Reply