ရော်နယ်ဒိုကို ခွန်းတုံ့မပြန်ဘဲ အဖက်မတန်သလို Troll လိုက်တဲ့ စပါးတပ်မော်စကို

ရုရှားကလပ်စပါးတပ်မော်စကိုကတော့ အတိတ်ဟောင်းကိုပြန်လည်တူးဆွပြီး ရော်နယ်ဒိုကို တွစ်တာကနေ လှောင်ပြောင်လိုက်ပါတယ်။ ပေါ်တူဂီကြယ်ပွင့်ရဲ့လက်ရှိအခြေအနေကို Troll လိုက်တာဆိုလည်း မမှားပါဘူး။

ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ကစားချင်တာကြောင့် မန်ယူကနေထွက်ချင်တယ်။ ယူရိုပါလိဂ်သာဝင်ပြိုင်ရမယ့် သရဲနီတွေနဲ့လက်မတွဲချင်တော့ဘူး။ ခက်တာက သူ့ရဲ့မြင့်မားတဲ့လစာကို ပေးနိုင်တဲ့အသင်းက

လက်ချိုးရေလို့ရနေတယ်။ ဒီတော့ အေးဂျင့်ဂျော့မန်ဒက်စ်ကတစ်ဆင့် ဥရောပအသင်းကြီးတွေနဲ့ ချိတ်ခဲ့တယ်။ ပီအက်စ်ဂျီက ရော်နယ်ဒိုကိုခေါ်ယူနိုင်မယ့်အခွင့်အရေးကို ငြင်းဆန်ခဲ့တယ်။

ဘိုင်ယန်မြူးနစ်ကလည်း မန်ယူတိုက်စစ်မှူးကို စိတ်မဝင်စားပါဘူးတဲ့။ ချဲလ်ဆီးနည်းပြတူချယ်ကတောင် ရွှေဘောလုံးဆု ၅ ထပ်ကွမ်းရှင်ကို မလိုချင်ဘူးဆိုတော့ ရှက်စရာတောင်ကောင်းနေပြီ။

ဒါကြောင့် ဘာစီလိုနာကနေ မက်ဆီထွက်ခွာတော့မယ့်အချိန်တုန်းက တွစ်တာမှာ နောက်ပြောင်ခဲ့တဲ့ပုံစံမျိုး စပါးတပ်မော်စကိုက ပြန်လုပ်ခဲ့တာပါ။ အဲဒီတုန်းက အာဂျင်တီးနားကြယ်ပွင့်ဟာ

ဘာစီလိုနာနဲ့စာချုပ်သက်တမ်း နောက်ဆုံး ၆ လထဲရောက်နေချိန်ပေါ့။ မက်ဆီနဲ့စကားပြောတဲ့ပုံစံ အတုလိုက်ပြီး ရုရှားကလပ်က တွစ်တာမှာတင်ခဲ့တယ်။ caption ပေးထားတာက

“ နာကျင်မှု ” တဲ့။ မက်ဆီကို “ ဟိုင်း..လီယို ” လို့ သူတို့ကနှုတ်ဆက်ပေမယ့် ဘာစီလိုနာတိုက်စစ်မှူးက “ No ” လို့ တစ်လုံးတည်းပြန်ဖြေတဲ့ပုံစံ လုပ်ခဲ့တာပါ။

သူတို့ရဲ့ချဉ်းကပ်မှုကို မက်ဆီကငြင်းဆန်တာကြောင့် နာကျင်ရတယ်ပေါ့လေ။ အခုလည်း ရော်နယ်ဒိုကို ဒီလိုပုံစံမျိုး Troll လိုက်တာပါ။ ဒါပေမဲ့ ဒီတစ်ခါ စပါးတပ်မော်စကိုပေးထားတဲ့ caption က

“ နာကျင်ရပြန်ပြီ။ ဒါပေမဲ့ ဒီတစ်ခါတော့ ငါတို့အတွက် မဟုတ်ဘူး ” တဲ့။ ရော်နယ်ဒိုက “ ဟိုင်း..စပါးတပ် ” လို့နှုတ်ဆက်ပေမယ့် အဖက်မတန်သလို တစ်ခွန်းမှပြန်မပြောတဲ့ပုံတင်ခဲ့တာပါ။

(zawgyi)

႐ုရွားကလပ္စပါးတပ္ေမာ္စကိုကေတာ့ အတိတ္ေဟာင္းကိုျပန္လည္တူးဆြၿပီး ေရာ္နယ္ဒိုကို တြစ္တာကေန ေလွာင္ေျပာင္လိုက္ပါတယ္။ ေပၚတူဂီၾကယ္ပြင့္ရဲ႕လက္ရွိအေျခအေနကို Troll လိုက္တာဆိုလည္း မမွားပါဘူး။

ေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္ကစားခ်င္တာေၾကာင့္ မန္ယူကေနထြက္ခ်င္တယ္။ ယူ႐ိုပါလိဂ္သာဝင္ၿပိဳင္ရမယ့္ သရဲနီေတြနဲ႔လက္မတြဲခ်င္ေတာ့ဘူး။ ခက္တာက သူ႔ရဲ႕ျမင့္မားတဲ့လစာကို ေပးႏိုင္တဲ့အသင္းက

လက္ခ်ိဳးေရလို႔ရေနတယ္။ ဒီေတာ့ ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ကတစ္ဆင့္ ဥေရာပအသင္းႀကီးေတြနဲ႔ ခ်ိတ္ခဲ့တယ္။ ပီအက္စ္ဂ်ီက ေရာ္နယ္ဒိုကိုေခၚယူႏိုင္မယ့္အခြင့္အေရးကို ျငင္းဆန္ခဲ့တယ္။

ဘိုင္ယန္ျမဴးနစ္ကလည္း မန္ယူတိုက္စစ္မႉးကို စိတ္မဝင္စားပါဘူးတဲ့။ ခ်ဲလ္ဆီးနည္းျပတူခ်ယ္ကေတာင္ ေ႐ႊေဘာလုံးဆု ၅ ထပ္ကြမ္းရွင္ကို မလိုခ်င္ဘူးဆိုေတာ့ ရွက္စရာေတာင္ေကာင္းေနၿပီ။

ဒါေၾကာင့္ ဘာစီလိုနာကေန မက္ဆီထြက္ခြာေတာ့မယ့္အခ်ိန္တုန္းက တြစ္တာမွာ ေနာက္ေျပာင္ခဲ့တဲ့ပုံစံမ်ိဳး စပါးတပ္ေမာ္စကိုက ျပန္လုပ္ခဲ့တာပါ။ အဲဒီတုန္းက အာဂ်င္တီးနားၾကယ္ပြင့္ဟာ ဘာစီလိုနာနဲ႔စာခ်ဳပ္သက္တမ္း

ေနာက္ဆုံး ၆ လထဲေရာက္ေနခ်ိန္ေပါ့။ မက္ဆီနဲ႔စကားေျပာတဲ့ပုံစံ အတုလိုက္ၿပီး ႐ုရွားကလပ္က တြစ္တာမွာတင္ခဲ့တယ္။ caption ေပးထားတာက “ နာက်င္မႈ ” တဲ့။ မက္ဆီကို “ ဟိုင္း..လီယို ” လို႔

သူတို႔ကႏႈတ္ဆက္ေပမယ့္ ဘာစီလိုနာတိုက္စစ္မႉးက “ No ” လို႔ တစ္လုံးတည္းျပန္ေျဖတဲ့ပုံစံ လုပ္ခဲ့တာပါ။ သူတို႔ရဲ႕ခ်ဥ္းကပ္မႈကို မက္ဆီကျငင္းဆန္တာေၾကာင့္ နာက်င္ရတယ္ေပါ့ေလ။

အခုလည္း ေရာ္နယ္ဒိုကို ဒီလိုပုံစံမ်ိဳး Troll လိုက္တာပါ။ ဒါေပမဲ့ ဒီတစ္ခါ စပါးတပ္ေမာ္စကိုေပးထားတဲ့ caption က “ နာက်င္ရျပန္ၿပီ။ ဒါေပမဲ့ ဒီတစ္ခါေတာ့ ငါတို႔အတြက္ မဟုတ္ဘူး ” တဲ့။ ေရာ္နယ္ဒိုက “ ဟိုင္း..စပါးတပ္ ” လို႔ႏႈတ္ဆက္ေပမယ့္ အဖက္မတန္သလို တစ္ခြန္းမွျပန္မေျပာတဲ့ပုံတင္ခဲ့တာပါ။