ရော်နယ်ဒိုကို ခေါ်ယူနိုင်ခဲ့ပြီလို့ Case Esports ကြေညာ

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုကို ခေါ်ယူနိုင်ခဲ့ပြီလို့ Case Esports က သူတို့ရဲ့တွစ်တာစာမျက်နှာမှာ ကြေညာလိုက်ပါတယ်။

အားလုံးသိတဲ့အတိုင်း ရော်နယ်ဒိုအကြောင်းက ဒီနွေဈေးကွက်မှာ စိတ်ဝင်စားစရာအကောင်းဆုံး အပြောင်းအရွှေ့ပုံပြင်ဖြစ်နေပါတယ်။ ပေါ်တူဂီကြယ်ပွင့်ဟာ

အိုးလ်ထရက်ဖို့ဒ်ကထွက်ခွာချင်နေပေမယ့် အခုထိ အသင်းသစ်ရှာမတွေ့နိုင်သေးပါဘူး။ ဒါကို ရီးရဲလ်အသင်းဖော်ဟောင်း ကက်စ်မီရိုရဲ့ eSports အသင်းက

အခွင့်အရေးတစ်ရပ်အဖြစ် အသုံးချသွားခဲ့တာပါ။ တနည်းအားဖြင့် ရွှေဘောလုံး ၅ ဆုရှင်ကို သူတို့အသင်းခေါ်နိုင်ပြီလို့ ပရိသတ်တွေကို Troll လိုက်တာဖြစ်ပါတယ်။

ကက်စ်မီရိုရဲ့ Case Esports ဟာ အောင်မြင်မှုတွေ သရဖူဆောင်းထားတဲ့အသင်းဖြစ်တာကြောင့် ဒီကြော်ငြာဟာ eSports လောကမှာ အတော်လေးဂယက်ထသွားခဲ့ရပါတယ်။

နောက်တော့မှ ဟာသလုပ်ထားမှန်းသိလိုက်ရပြီး တုံ့ပြန်မှုတွေ ဆက်တိုက်ရောက်လာတော့တာပါပဲ။ ရော်နယ်ဒိုရဲ့အသင်းသစ် ဘာဖြစ်မလဲဆိုတာ မသိရသေးပေမယ့်

ဆိုရှယ်မီဒီယာမှာ တုန်လှုပ်စရာအခြေအနေတွေကို ကောင်းကောင်းအသုံးချနေတဲ့ Case Esports ရဲ့စိတ်ကူးစိတ်သန်းအပေါ် ချီးကျူးသံတွေလည်းကြားနေရပါတယ်။

(zawgyi)

မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉး ခရစၥတီယာႏိုေရာ္နယ္ဒိုကို ေခၚယူႏိုင္ခဲ့ၿပီလို႔ Case Esports က သူတို႔ရဲ႕တြစ္တာစာမ်က္ႏွာမွာ ေၾကညာလိုက္ပါတယ္။ အားလုံးသိတဲ့အတိုင္း

ေရာ္နယ္ဒိုအေၾကာင္းက ဒီေႏြေဈးကြက္မွာ စိတ္ဝင္စားစရာအေကာင္းဆုံး အေျပာင္းအေ႐ႊ႕ပုံျပင္ျဖစ္ေနပါတယ္။ ေပၚတူဂီၾကယ္ပြင့္ဟာ အိုးလ္ထရက္ဖို႔ဒ္ကထြက္ခြာခ်င္ေနေပမယ့္

အခုထိ အသင္းသစ္ရွာမေတြ႕ႏိုင္ေသးပါဘူး။ ဒါကို ရီးရဲလ္အသင္းေဖာ္ေဟာင္း ကက္စ္မီ႐ိုရဲ႕ eSports အသင္းက အခြင့္အေရးတစ္ရပ္အျဖစ္ အသုံးခ်သြားခဲ့တာပါ။

တနည္းအားျဖင့္ ေ႐ႊေဘာလုံး ၅ ဆုရွင္ကို သူတို႔အသင္းေခၚႏိုင္ၿပီလို႔ ပရိသတ္ေတြကို Troll လိုက္တာျဖစ္ပါတယ္။ ကက္စ္မီ႐ိုရဲ႕ Case Esports ဟာ ေအာင္ျမင္မႈေတြ

သရဖူေဆာင္းထားတဲ့အသင္းျဖစ္တာေၾကာင့္ ဒီေၾကာ္ျငာဟာ eSports ေလာကမွာ အေတာ္ေလးဂယက္ထသြားခဲ့ရပါတယ္။ ေနာက္ေတာ့မွ ဟာသလုပ္ထားမွန္းသိလိုက္ရၿပီး

တုံ႔ျပန္မႈေတြ ဆက္တိုက္ေရာက္လာေတာ့တာပါပဲ။ ေရာ္နယ္ဒိုရဲ႕အသင္းသစ္ ဘာျဖစ္မလဲဆိုတာ မသိရေသးေပမယ့္

ဆိုရွယ္မီဒီယာမွာ တုန္လႈပ္စရာအေျခအေနေတြကို ေကာင္းေကာင္းအသုံးခ်ေနတဲ့ Case Esports ရဲ႕စိတ္ကူးစိတ္သန္းအေပၚ ခ်ီးက်ဴးသံေတြလည္းၾကားေနရပါတယ္။