ရော်နယ်ဒိုကိုရောင်းရင် တန်းဆင်းရလိမ့်မယ်လို့ မန်ယူကို ဂယ်ရီနဗီးလ် သတိပေး

မန်ယူဂန္ထဝင်နောက်ခံလူ ဂယ်ရီနဗီးလ်က တိုက်စစ်မှူးရော်နယ်ဒိုကို ဘယ်နည်းနဲ့မှမရောင်းဖို့ အသင်းဟောင်းကို ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။ ပေါ်တူဂီကြယ်ပွင့်သာ မရှိတော့ရင်

သရဲနီတွေတန်းဆင်းရလိမ့်မယ်လို့ Sky Sports ရုပ်သံရဲ့ Monday Night Football အစီအစဉ်ကနေ ပြောသွားခဲ့တာပါ။ “ ရော်နယ်ဒိုကိုဆုံးရှုံးလိုက်ရရင် မန်ယူအတွက် ဂိုးသွင်းပေးမယ့်သူ

ရှိမှာမဟုတ်တော့ပါဘူး။ အဲဒီအချိန်မှာ ကစားသမားသစ် ထပ်မခေါ်ရင် သူ့နေရာရောက်လာသူက ခြေစွမ်းမပြနိုင်ရင် မန်ယူဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အောက်ပိုင်း ၁၀ သင်းထဲမှာသာ

ရှိနေပါလိမ့်မယ်။ ပြီးတော့ နည်းပြတန်းဟတ် လိုချင်နေတဲ့ကစားသမားမျိုး မခေါ်နိုင်တာကလည်း ဆိုးတာပါပဲ။ မန်ယူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ တုန်းကတန်းဆင်းခဲ့ရတဲ့နောက်ပိုင်း အခက်ခဲဆုံးကာလကို

ဖြတ်သန်းရတော့မှာပါ ” လို့ သရဲနီနောက်ခံလူဟောင်းက ပြောသွားခဲ့ပါတယ်။ သူ့ရဲ့နည်းစနစ်ဗျူဟာပိုင်းကို လက်မခံဘဲ လှောင်ပြောင်သလို အသင်းမှာ မနေချင်တော့တဲ့ ရော်နယ်ဒိုကို တန်းဟတ်က

ထွက်ခွာခွင့်ပြုတော့မယ်ဆိုတဲ့သတင်း ထွက်ပေါ်လာတဲ့နောက် ဂယ်ရီနဗီးလ်က သတိပေးလိုက်တာပဲဖြစ်ပါတယ်။

မန်ယူဟာ ပရီးမီးယားလိဂ် အဖွင့် ၂ ပွဲလုံးရှုံးထားသလို ၆ ဂိုးအထိပေးခဲ့ရပြီး အမှတ်ပေးဇယားကြမ်းခင်းရောက်နေတာပါ။ လာမယ့်ပွဲစဉ်မှာလည်း သူတို့လိုပဲ နိုင်ပွဲမရသေးတဲ့ လီဗာပူးလ်နဲ့ပွဲကျပ်ကစားရမှာဖြစ်ပါတယ်။

(zawgyi)

မန္ယူဂႏၴဝင္ေနာက္ခံလူ ဂယ္ရီနဗီးလ္က တိုက္စစ္မႉးေရာ္နယ္ဒိုကို ဘယ္နည္းနဲ႔မွမေရာင္းဖို႔ အသင္းေဟာင္းကို ျပင္းျပင္းထန္ထန္ သတိေပးလိုက္ပါတယ္။ ေပၚတူဂီၾကယ္ပြင့္သာ မရွိေတာ့ရင္

သရဲနီေတြတန္းဆင္းရလိမ့္မယ္လို႔ Sky Sports ႐ုပ္သံရဲ႕ Monday Night Football အစီအစဥ္ကေန ေျပာသြားခဲ့တာပါ။ “ ေရာ္နယ္ဒိုကိုဆုံးရႈံးလိုက္ရရင္ မန္ယူအတြက္ ဂိုးသြင္းေပးမယ့္သူ ရွိမွာ

မဟုတ္ေတာ့ပါဘူး။ အဲဒီအခ်ိန္မွာ ကစားသမားသစ္ ထပ္မေခၚရင္ သူ႔ေနရာေရာက္လာသူက ေျခစြမ္းမျပႏိုင္ရင္ မန္ယူဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား ေအာက္ပိုင္း ၁၀ သင္းထဲမွာသာရွိေနပါလိမ့္မယ္။

ၿပီးေတာ့ နည္းျပတန္းဟတ္ လိုခ်င္ေနတဲ့ကစားသမားမ်ိဳး မေခၚႏိုင္တာကလည္း ဆိုးတာပါပဲ။ မန္ယူဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၄၀ တုန္းကတန္းဆင္းခဲ့ရတဲ့ေနာက္ပိုင္း အခက္ခဲဆုံးကာလကို

ျဖတ္သန္းရေတာ့မွာပါ ” လို႔ သရဲနီေနာက္ခံလူေဟာင္းက ေျပာသြားခဲ့ပါတယ္။ သူ႔ရဲ႕နည္းစနစ္ဗ်ဴဟာပိုင္းကို လက္မခံဘဲ ေလွာင္ေျပာင္သလို အသင္းမွာ မေနခ်င္ေတာ့တဲ့ ေရာ္နယ္ဒိုကို

တန္းဟတ္က ထြက္ခြာခြင့္ျပဳေတာ့မယ္ဆိုတဲ့သတင္း ထြက္ေပၚလာတဲ့ေနာက္ ဂယ္ရီနဗီးလ္က သတိေပးလိုက္တာပဲျဖစ္ပါတယ္။ မန္ယူဟာ ပရီးမီးယားလိဂ္ အဖြင့္ ၂ ပြဲလုံးရႈံးထားသလို

၆ ဂိုးအထိေပးခဲ့ရၿပီး အမွတ္ေပးဇယားၾကမ္းခင္းေရာက္ေနတာပါ။ လာမယ့္ပြဲစဥ္မွာလည္း သူတို႔လိုပဲ ႏိုင္ပြဲမရေသးတဲ့ လီဗာပူးလ္နဲ႔ပြဲက်ပ္ကစားရမွာျဖစ္ပါတယ္။