ရော်နယ်ဒိုကိစ္စနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေတဲ့ နည်းပြတန်းဟတ် ပေါက်ကွဲပြီ

မန်ချက်စတာယူနိုက်တက်နည်းပြသစ် အဲရစ်တန်းဟတ်ကတော့ တိုက်စစ်မှူးရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့သတင်းတွေကို ပထမဆုံးအကြိမ်အဖြစ် တုံ့ပြန်လိုက်ပါတယ်။

အဲဒါကတော့ ပေါ်တူဂီသားဟာ သူ့ရဲ့အစီအစဉ်မှာရှိနေဆဲ ဆိုတာပါပဲ။ ဘန်ကောက်ရောက်နေတဲ့ မန်ယူအသင်းရဲ့သတင်းစာရှင်းလင်းပွဲမှာ ရော်နယ်ဒိုနဲ့ပတ်သက်တဲ့မေးခွန်းကို

တန်းဟတ်က “ ကျွန်တော်တို့ဟာ ဒီရာသီအတွက် ရော်နယ်ဒိုနဲ့အတူ စီစဉ်နေပါတယ်။ ဒါပါပဲ။ သူနဲ့အလုပ်လုပ်ဖို့ ကျွန်တော်မျှော်လင့်နေပါတယ်။ သတင်းတွေကို ကျွန်တော်ဖတ်ရပါတယ်။

ဒါပေမဲ့ ရော်နယ်ဒိုဟာ ရောင်းဖို့မဟုတ်ဘူးလို့ ကျွန်တော်တို့ပြောပြီးသားပါ။ ကျွန်တော်တို့ရဲ့အစီအစဉ်မှာ သူပါနေပါတယ်။ သူနဲ့အတူ အောင်မြင်ချင်ပါတယ် ” လို့ ဖြေသွားခဲ့တာပါ။

ရော်နယ်ဒိုဟာ မိသားစုကိစ္စအကြောင်းပြပြီး မန်ယူရဲ့ရာသီကြိုခရီးစဉ်မှာ လိုက်ပါလာခြင်းမရှိပါဘူး။ သူ့ရဲ့အေးဂျင့် ဂျော့မန်ဒက်စ်ကတော့ ဥရောပအသင်းကြီးတစ်ချို့နဲ့ ဆွေးနွေးနေတယ်လို့

သတင်းထွက်နေပါတယ်။ ဒါပေမဲ့ တန်းဟတ်က “ ဒီပြဿနာမပေါ်ခင်ကတည်းက သူနဲ့ ကျွန်တော်စကားပြောခဲ့ပြီးသားပါ။ ကောင်းကောင်းမွန်မွန်ပါပဲ။

ဒါက ရော်နယ်ဒိုနဲ့ ကျွန်တော့်ကြားက ဆက်ဆံရေးပါ။ ကျွန်တော် အသေအချာပြောနိုင်တာက ကျွန်တော်တို့ကြားမှာ တကယ်ကောင်းမွန်တဲ့ပြောဆိုမှုရှိခဲ့တယ်ဆိုတာ

အတည်ပြုနိုင်တာပါပဲ ” လို့ ဆက်လက်ပြောဆိုသွားခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ မန်ယူလွဲချော်ခဲ့တာက ပေါ်တူဂီသားထွက်ခွာချင်နေတဲ့ အဓိကအကြောင်းရင်းဖြစ်နေတာကြောင့်

တန်းဟတ်က အသင်းမှာဆက်နေဖို့ဆန္ဒရှိပေမယ့် မလွယ်လောက်ဘူးဆိုတဲ့ သုံးသပ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

(zawgyi)

မန္ခ်က္စတာယူႏိုက္တက္နည္းျပသစ္ အဲရစ္တန္းဟတ္ကေတာ့ တိုက္စစ္မႉးေရာ္နယ္ဒိုရဲ႕ အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္တဲ့သတင္းေတြကို ပထမဆုံးအႀကိမ္အျဖစ္ တုံ႔ျပန္လိုက္ပါတယ္။

အဲဒါကေတာ့ ေပၚတူဂီသားဟာ သူ႔ရဲ႕အစီအစဥ္မွာရွိေနဆဲ ဆိုတာပါပဲ။ ဘန္ေကာက္ေရာက္ေနတဲ့ မန္ယူအသင္းရဲ႕သတင္းစာရွင္းလင္းပြဲမွာ ေရာ္နယ္ဒိုနဲ႔ပတ္သက္တဲ့ေမးခြန္းကို တန္းဟတ္က

“ ကြၽန္ေတာ္တို႔ဟာ ဒီရာသီအတြက္ ေရာ္နယ္ဒိုနဲ႔အတူ စီစဥ္ေနပါတယ္။ ဒါပါပဲ။ သူနဲ႔အလုပ္လုပ္ဖို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ေနပါတယ္။ သတင္းေတြကို ကြၽန္ေတာ္ဖတ္ရပါတယ္။

ဒါေပမဲ့ ေရာ္နယ္ဒိုဟာ ေရာင္းဖို႔မဟုတ္ဘူးလို႔ ကြၽန္ေတာ္တို႔ေျပာၿပီးသားပါ။ ကြၽန္ေတာ္တို႔ရဲ႕အစီအစဥ္မွာ သူပါေနပါတယ္။ သူနဲ႔အတူ ေအာင္ျမင္ခ်င္ပါတယ္ ” လို႔ ေျဖသြားခဲ့တာပါ။

ေရာ္နယ္ဒိုဟာ မိသားစုကိစၥအေၾကာင္းျပၿပီး မန္ယူရဲ႕ရာသီႀကိဳခရီးစဥ္မွာ လိုက္ပါလာျခင္းမရွိပါဘူး။ သူ႔ရဲ႕ေအးဂ်င့္ ေဂ်ာ့မန္ဒက္စ္ကေတာ့ ဥေရာပအသင္းႀကီးတစ္ခ်ိဳ႕နဲ႔ ေဆြးေႏြးေနတယ္လို႔ သတင္းထြက္ေနပါတယ္။

ဒါေပမဲ့ တန္းဟတ္က “ ဒီျပႆနာမေပၚခင္ကတည္းက သူနဲ႔ ကြၽန္ေတာ္စကားေျပာခဲ့ၿပီးသားပါ။ ေကာင္းေကာင္းမြန္မြန္ပါပဲ။ ဒါက ေရာ္နယ္ဒိုနဲ႔ ကြၽန္ေတာ့္ၾကားက ဆက္ဆံေရးပါ။

ကြၽန္ေတာ္ အေသအခ်ာေျပာႏိုင္တာက ကြၽန္ေတာ္တို႔ၾကားမွာ တကယ္ေကာင္းမြန္တဲ့ေျပာဆိုမႈရွိခဲ့တယ္ဆိုတာ အတည္ျပဳႏိုင္တာပါပဲ ” လို႔ ဆက္လက္ေျပာဆိုသြားခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ မန္ယူလြဲေခ်ာ္ခဲ့တာက ေပၚတူဂီသားထြက္ခြာခ်င္ေနတဲ့ အဓိကအေၾကာင္းရင္းျဖစ္ေနတာေၾကာင့္ တန္းဟတ္က အသင္းမွာဆက္ေနဖို႔ဆႏၵရွိေပမယ့္ မလြယ္ေလာက္ဘူးဆိုတဲ့ သုံးသပ္မႈေတြလည္း ထြက္ေပၚေနပါတယ္။