ရော်နယ်ဒင်ညိုရော အီဘရာဟီမိုဗစ်စတိုင်တွေနဲ့ပါ စကေးပြကြမ်းခဲ့တဲ့ လီဝမ်ဒေါစကီးကို လီဝမ်ဒင်ညိုဆိုပြီး ဘာစီလိုနာပရိသတ်တွေ ခိုက်နေကြ

ဘာစီလိုနာတိုက်စစ်မှူးသစ် လီဝမ်ဒေါစကီးဟာ သူ့ရဲ့နူးကမ့်မိတ်ဆက်ပွဲတက်ရောက်လာတဲ့ ပရိသတ် ၅၉၀၂၆ ကို ဘောလုံးကျွမ်းကျင်မှုစကေးတွေ အမှတ်ရစရာကောင်းလောက်အောင် တင်ဆက်သွားခဲ့ပါတယ်။

ပိုလန်ကြယ်ပွင့်ဟာ သူ့ရဲ့ပထမဆုံးအကြိမ် တင်ဆက်မှုကို ခမ်းနားစေချင်ခဲ့တာထင်ရှားပါတယ်။ ဘောလုံးကို ခြေဖျား၊ ပေါင်တွေနဲ့ ဘယ်ညာနှစ်ဖက်လုံးတော့ပြပြီးတဲ့နောက်

ဆွီဒင်နတ်ဘုရားကြီး အီဘရာဟီမိုဗစ်ရဲ့နာမည်ကျော် ရင်ဘတ်နဲ့ထိန်းသိမ်းမှု ‘Matrix’ အစွမ်းကိုပြသွားခဲ့တာပါ။ ဒါ့အပြင် ဘောလုံးကို ခေါင်းပေါ်တင်တော့ပြီး ဘရာဇီးလ်ဂန္ထဝင် ရော်နယ်ဒင်ညိုလိုပဲ Kiss ပေးသွားခဲ့ပါသေးတယ်။

ဘာစီလိုနာပရိသတ်တွေကတော့ အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးရဲ့ စကေးပြခန်းကို သဘောကျနေကြပြီး ပရိသတ်အဖွဲ့တစ်ခုဖြစ်တဲ့ ဘာစီလိုနာဆိုရှယ်မီဒီယာအဖွဲ့ကဆိုရင်

“ ရောဘတ် လီဝမ်ဒင်ညို ” လို့တောင် နာမည်ပြောင်ပေးလိုက်တာပါ။ တနည်းအားဖြင့် ဘာစီလိုနာရဲ့အစဉ်အလာ ဘောလုံးစွမ်းရည်ပြပွဲမှာ ပရိသတ်တွေကျေနပ်အောင် လီဝမ်ဒေါစကီးလုပ်ပြနိုင်ခဲ့ပါတယ်။

ဒီလိုအခမ်းအနားတွေဟာ နှစ်ကာလကြာလာတာနဲ့အမျှ အမှားအယွင်းတွေရှိနေတာပါ။ ဒီနှစ်အစောပိုင်းတုန်းက ဒမ်မာထရာအိုရေးရဲ့ရော်နယ်ဒင်ညိုစကေးပြခန်းဟာ

ပရိသတ်တွေအတွက် ကျေနပ်စရာဖြစ်ခဲ့ပြီး ဒမ်ဘီလီနဲ့ဆန့်ကျင်ဘက်ဖြစ်ခဲ့ပါတယ်။ ၂၀၁၇ တုန်းက ဒေါ့တ်မန်ကနေ ပေါင် ၉၇ သန်းနဲ့ရောက်လာတဲ့ ဒမ်ဘီလီဟာ ဘောလုံးအပြောင်းအရွှေ့တစ်ခုကိုတောင်

ကျွမ်းကျွမ်းကျင်ကျင် မလုပ်ပြနိုင်လို့ အရှက်ကွဲခဲ့ရဖူးပါတယ်။ မာတင်ဘရစ်ချ်ဝိတ်၊ ဆာဂျီနိုဒက်စ်နဲ့ ရီးရဲလ်က အဆန်စီယိုတို့လည်း ဒီလိုစကေးပြပွဲတွေမှာ မျက်နှာကြီးတွေ နီသွားခဲ့ရတာမျိုးပါ။

(zawgyi)

ဘာစီလိုနာတိုက္စစ္မႉးသစ္ လီဝမ္ေဒါစကီးဟာ သူ႔ရဲ႕ႏူးကမ့္မိတ္ဆက္ပြဲတက္ေရာက္လာတဲ့ ပရိသတ္ ၅၉၀၂၆ ကို ေဘာလုံးကြၽမ္းက်င္မႈစေကးေတြ အမွတ္ရစရာေကာင္းေလာက္ေအာင္ တင္ဆက္သြားခဲ့ပါတယ္။

ပိုလန္ၾကယ္ပြင့္ဟာ သူ႔ရဲ႕ပထမဆုံးအႀကိမ္ တင္ဆက္မႈကို ခမ္းနားေစခ်င္ခဲ့တာထင္ရွားပါတယ္။ ေဘာလုံးကို ေျခဖ်ား၊ ေပါင္ေတြနဲ႔ ဘယ္ညာႏွစ္ဖက္လုံးေတာ့ျပၿပီးတဲ့ေနာက္ ဆြီဒင္နတ္ဘုရားႀကီး

အီဘရာဟီမိုဗစ္ရဲ႕နာမည္ေက်ာ္ ရင္ဘတ္နဲ႔ထိန္းသိမ္းမႈ ‘Matrix’ အစြမ္းကိုျပသြားခဲ့တာပါ။ ဒါ့အျပင္ ေဘာလုံးကို ေခါင္းေပၚတင္ေတာ့ၿပီး ဘရာဇီးလ္ဂႏၴဝင္ ေရာ္နယ္ဒင္ညိဳလိုပဲ Kiss ေပးသြားခဲ့ပါေသးတယ္။

ဘာစီလိုနာပရိသတ္ေတြကေတာ့ အသက္ ၃၃ ႏွစ္အ႐ြယ္တိုက္စစ္မႉးရဲ႕ စေကးျပခန္းကို သေဘာက်ေနၾကၿပီး ပရိသတ္အဖြဲ႕တစ္ခုျဖစ္တဲ့ ဘာစီလိုနာဆိုရွယ္မီဒီယာအဖြဲ႕ကဆိုရင္

“ ေရာဘတ္ လီဝမ္ဒင္ညိဳ ” လို႔ေတာင္ နာမည္ေျပာင္ေပးလိုက္တာပါ။ တနည္းအားျဖင့္ ဘာစီလိုနာရဲ႕အစဥ္အလာ ေဘာလုံးစြမ္းရည္ျပပြဲမွာ ပရိသတ္ေတြေက်နပ္ေအာင္ လီဝမ္ေဒါစကီးလုပ္ျပႏိုင္ခဲ့ပါတယ္။

ဒီလိုအခမ္းအနားေတြဟာ ႏွစ္ကာလၾကာလာတာနဲ႔အမွ် အမွားအယြင္းေတြရွိေနတာပါ။ ဒီႏွစ္အေစာပိုင္းတုန္းက ဒမ္မာထရာအိုေရးရဲ႕ေရာ္နယ္ဒင္ညိဳစေကးျပခန္းဟာ ပရိသတ္ေတြအတြက္

ေက်နပ္စရာျဖစ္ခဲ့ၿပီး ဒမ္ဘီလီနဲ႔ဆန႔္က်င္ဘက္ျဖစ္ခဲ့ပါတယ္။ ၂၀၁၇ တုန္းက ေဒါ့တ္မန္ကေန ေပါင္ ၉၇ သန္းနဲ႔ေရာက္လာတဲ့ ဒမ္ဘီလီဟာ ေဘာလုံးအေျပာင္းအေ႐ႊ႕တစ္ခုကိုေတာင္

ကြၽမ္းကြၽမ္းက်င္က်င္ မလုပ္ျပႏိုင္လို႔ အရွက္ကြဲခဲ့ရဖူးပါတယ္။ မာတင္ဘရစ္ခ်္ဝိတ္၊ ဆာဂ်ီႏိုဒက္စ္နဲ႔ ရီးရဲလ္က အဆန္စီယိုတို႔လည္း ဒီလိုစေကးျပပြဲေတြမွာ မ်က္ႏွာႀကီးေတြ နီသြားခဲ့ရတာမ်ိဳးပါ။