တနင်္ဂနွေညကစားမယ့် ရောမဒါဘီမတိုင်ခင်မှာ မော်ရင်ဟိုဟာ
သူ့ကို ဆာရီထက် နိမ့်တယ်လို့ ပြောခဲ့တဲ့ ရိုးမားနည်းပြဟောင်းဇီမန်းကို
တော်ကီတစ်ပေါက်နဲ့ပြန်ပက်လိုက်ပါတယ်။ ဇီမန်းဟာ ရောမနှစ်သင်းစလုံးကို
ကိုင်တွယ်ခဲ့ဖူးပြီး ဒီတစ်ပတ်ရောမဒါဘီမတိုင်ခင် မော်ရင်ဟိုနဲ့
လာဇီယိုနည်းပြဆာရီတို့ကြားစွမ်းဆောင်မှုကို နှိုင်းယှဉ်ခဲ့တာပါ။
အဲဒီမှာ သူက လာဇီယိုက ဆာရီဟာ ရိုးမားက မော်ရင်ဟို ပိုကောင်းစွာ
စွမ်းဆောင်နိုင်နေတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဇီမန်းက အဲဒီလိုပြောတာကို မကျေနပ်တဲ့မော်ရင်ဟိုဟာ ဆုဖလားအောင်မြင်မှုနဲ့
ပတ်သက်ပြီး ပြန်လည်တုံ့ပြန်ခဲ့တာပါ။ ဆုဖလားအောင်မြင်မှုမှာ သူ့ထက်
အများကြီးနိမ့်တဲ့နည်းပြတစ်ယောက်ကို ခွန်းတုံ့ပြန်ပြောနေမှာမဟုတ်ဘူးလို့
မောင်ရင်ဟိုက ဆိုခဲ့တာ ဖြစ်ပါတယ်။ ”စီးရီးဘီမှာ ၂ ကြိမ်သာဗိုလ်စွဲဖူးတဲ့
တစ်စုံတစ်ယောက်ကို ဆုဖလား ၂၅ ခုရထားတဲ့ နည်းပြတစ်ယောက်က
တုံ့ပြန်မှုပြန်လုပ်မယ်လို့ မျှော်လင့်ထားတာလား။ ထရက်ပက်တိုနီ ဒါမှမဟုတ်
ကာပယ်လိုအကြောင်းမေးမယ်ဆိုရင် ကျွန်တော်ပျော်ပျော်ကြီး ဖြေလိုက်မှာပါ။
ဒါပေမဲ့ ဇီမန်းဆိုရင်တော့ ကျေးဇူးပြုပြီး မမေးပါနဲ့။ ကျွန်တော်မဖြေနိုင်လု့ိပါ”လို့
ရောမဒါဘီအတွက် သတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟိုက ပြောခဲ့တာပါ။
ရောမဒါဘီပွဲက မော်ရင်ဟိုနဲ့ဆာရီတို့အကြား အားပြိုင်မှုအကြောင်း
အမေးခံရတော့ နှစ်သင်းစလုံးမှာ နည်းပြခဲ့ဖူးတဲ့ ဇီမန်းက ဒီရာသီ
စွမ်းဆောင်ရည်ကိုထောက်ပြပြီး အခုလိုဖြေခဲ့ပါတယ်။
”ဆာရီက ပိုကောင်းအောင်လုပ်နိုင်နေတာပါ။ သူက လာဇီယိုကို
ပုံစံတစ်ခုတောင် တည်ဆောက်ပေးထားပြီးပါပြီ။
မော်ရင်ဟိုကတော့ အခုချိန်ထိ မျှော်လင့်ထားသလို ဖြစ်မလာသေးပါဘူး။
ရိုးမားက ကွင်းထဲမှာ ကွင်းထဲမှာ သူတို့လုပ်ချင်တာကို နားမလည်နိုင်သေးချိန်
လာဇီယိုကတော့ ပိုအဆင်ပြေအောင်ကစားနိုင်ပါတယ်”လို့ ဇီမန်းက သုံးသပ်ခဲ့တာပါ။
zawgyi
ရောမဒါဘီ မတိုင်ခင် ရိုးမားနည်းပြဟောင်းနဲ့ ပွဲဖြစ်နေတဲ့ စပါယ်ရှယ်ဝမ်း
Leave a Reply