ရောင်းရင်းကြီး ရော်နယ်ဒိုကြောင့် ဆန္ဒစောမိခဲ့တဲ့ ပီးယာ့စ်မော်ဂန် အလှောင်ခံနေရ

မန်ယူနဲ့လီဗာပူးလ်ပွဲဂယက်က မပြီးသေးပါဘူး။ မန်ယူနည်းပြတန်းဟတ်ဟာ ကြံ့ခိုင်ရေးအကြောင်းပြပြီး ရော်နယ်ဒိုကို အရန်ခုံမှာထိုင်ခိုင်းခဲ့တယ်။ ၈၅ မိနစ်ရောက်မှ ရက်ရှ်ဖို့ဒ်နေရာ အစားဝင်ခိုင်းခဲ့တယ်။

ပေါ်တူဂီကြယ်ပွင့်ရဲ့ချစ်လှစွာသောမိတ်ဆွေကြီး ပီးယာ့စ်မော်ဂန်အတွက်တော့ ဒါဟာ လက်မခံနိုင်တဲ့ အစီအမံဖြစ်နေပါတယ်။ ဒါကြောင့် နာမည်ကျော်ဂျာနယ်လစ်တစ်ယောက်ဖြစ်သလို

ရုပ်သံအစီအစဉ်တင်ဆက်သူလည်းဖြစ်တဲ့ မော်ဂန်ဟာ ပွဲမကစားခင်မှာ “ ရော်နယ်ဒိုကို အရန်ခုံထိုင်ခိုင်းပြီး အီလန်ဂါကိုပွဲထုတ်တယ်။ ဘောလုံးလောကရဲ့အမိုက်မဲဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုပါပဲ။

လီဗာပူးလ်ကို မန်ယူရှုံးသွားရင်တော့ တန်းဟတ်ကို ထုတ်ပယ်သင့်ပါတယ်။ အဲဒီတော့မှ တန်းဟတ်ကိုထုတ်ပစ်ဖို့ ကျွန်တော် ပြောရမလား ” လို့ တွစ်တာမှာ ရေးသားခဲ့တာပါ။ ဒါပေမဲ့ မန်ယူဟာ ရှေ့ ၂ ပွဲကနဲ့

မတူတဲ့ခြေစွမ်းမျိုးပြနိုင်ခဲ့ပြီး လီဗာပူးလ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပေါ်တူဂီသား ပွဲစကတည်းက ပါရင်တောင် မန်ယူရဲ့အသင်းလိုက်ခြေစွမ်းက ဒီလောက်ကောင်းပါ့မလားဆိုတဲ့

အယူအဆတွေလည်း ရှိနေပါတယ်။ တနည်းအားဖြင့် ဆန္ဒစောပြီး တန်းဟတ်ကိုထုတ်ပစ်ဖို့ ရေးမိခဲ့တဲ့မော်ဂန်ဟာ လှောင်ပြောင်မှုတွေ ခံနေရပါတယ်။

မော်ဂန်ဟာ ရော်နယ်ဒိုကိုထိရင် ဆတ်ဆတ်ခါအောင် နာတတ်သူပါ။ လီဗာပူးလ်နဲ့ပွဲမှာ ရော်နယ်ဒိုကိုမသုံးဖို့ အကြံပေးခဲ့တဲ့ရွန်နေးကိုလည်း လူပုလေးက မနာလိုဖြစ်နေတာလို့ တုံ့ပြန်ခဲ့ပါသေးတယ်

(zawgyi)

မန္ယူနဲ႔လီဗာပူးလ္ပြဲဂယက္က မၿပီးေသးပါဘူး။ မန္ယူနည္းျပတန္းဟတ္ဟာ ႀကံ့ခိုင္ေရးအေၾကာင္းျပၿပီး ေရာ္နယ္ဒိုကို အရန္ခုံမွာထိုင္ခိုင္းခဲ့တယ္။ ၈၅ မိနစ္ေရာက္မွ ရက္ရွ္ဖို႔ဒ္ေနရာ အစားဝင္ခိုင္းခဲ့တယ္။

ေပၚတူဂီၾကယ္ပြင့္ရဲ႕ခ်စ္လွစြာေသာမိတ္ေဆြႀကီး ပီးယာ့စ္ေမာ္ဂန္အတြက္ေတာ့ ဒါဟာ လက္မခံႏိုင္တဲ့ အစီအမံျဖစ္ေနပါတယ္။ ဒါေၾကာင့္ နာမည္ေက်ာ္ဂ်ာနယ္လစ္တစ္ေယာက္ျဖစ္သလို ႐ုပ္သံအစီအစဥ္တင္ဆက္သူလည္းျဖစ္တဲ့

ေမာ္ဂန္ဟာ ပြဲမကစားခင္မွာ “ ေရာ္နယ္ဒိုကို အရန္ခုံထိုင္ခိုင္းၿပီး အီလန္ဂါကိုပြဲထုတ္တယ္။ ေဘာလုံးေလာကရဲ႕အမိုက္မဲဆုံး ဆုံးျဖတ္ခ်က္ေတြထဲက တစ္ခုပါပဲ။ လီဗာပူးလ္ကို မန္ယူရႈံးသြားရင္ေတာ့ တန္းဟတ္ကို ထုတ္ပယ္သင့္ပါတယ္။

အဲဒီေတာ့မွ တန္းဟတ္ကိုထုတ္ပစ္ဖို႔ ကြၽန္ေတာ္ ေျပာရမလား ” လို႔ တြစ္တာမွာ ေရးသားခဲ့တာပါ။ ဒါေပမဲ့ မန္ယူဟာ ေရွ႕ ၂ ပြဲကနဲ႔မတူတဲ့ေျခစြမ္းမ်ိဳးျပႏိုင္ခဲ့ၿပီး လီဗာပူးလ္ကို ၂-၁ ဂိုးနဲ႔ အႏိုင္ရသြားခဲ့ပါတယ္။

ေပၚတူဂီသား ပြဲစကတည္းက ပါရင္ေတာင္ မန္ယူရဲ႕အသင္းလိုက္ေျခစြမ္းက ဒီေလာက္ေကာင္းပါ့မလားဆိုတဲ့ အယူအဆေတြလည္း ရွိေနပါတယ္။ တနည္းအားျဖင့္ ဆႏၵေစာၿပီး တန္းဟတ္ကိုထုတ္ပစ္ဖို႔

ေရးမိခဲ့တဲ့ေမာ္ဂန္ဟာ ေလွာင္ေျပာင္မႈေတြ ခံေနရပါတယ္။ ေမာ္ဂန္ဟာ ေရာ္နယ္ဒိုကိုထိရင္ ဆတ္ဆတ္ခါေအာင္ နာတတ္သူပါ။ လီဗာပူးလ္နဲ႔ပြဲမွာ ေရာ္နယ္ဒိုကိုမသုံးဖို႔ အႀကံေပးခဲ့တဲ့႐ြန္ေနးကိုလည္း လူပုေလးက မနာလိုျဖစ္ေနတာလို႔ တုံ႔ျပန္ခဲ့ပါေသးတယ္